Posts

ဦးကြီးကဗျာ

Image
ညချမ်းရယ် နေရီ ချိန်တော်မီ ကေသီပန်းနှင့် ရေခပ်လမ်းမှာ စခန်းသင့်လို့ ထက်ဆင့်နီရောင် ချည်စိမ်းပေါင်နှင့် ယဉ်အောင် တောသူ သနပ်ခါးကွက် ပါးမှာကူလို့ အမူကြီး ကမ်းကုန်ကို ဘယ်မြို့ပုံ သာချင်သောရယ်လို့ ပြောကြမယ်လေး..။ ဦးကြီး ( ကုန်းဘောင်ခေတ် နန်းတွင်းစာဆို )

ဦးကြီးကဗျာ

Image
“တောဓလေ့” ( ဦးကြီး) ခါတလှဲ့၊လာခဲ့ပကျုပ်တို့ရွာ ဝေးမကွာ၊ပြေးလာလျှင် တာမထောက်ပါဘူး ရွာမြောက်ကမကျည်းစဉ် ရွာဝင်မှာ ပင်စောင်ချမ်းငယ်နှင့် မြောက်လမ်းကွေ့အနောက်ဆွယ်မှာ ကြောက်စဖွယ်မျက်နှာထားပါလို့ ရွာသားတွေအာဏာကြို့ရ၊မင်းပြည်စို့အိမ် အိုတောင်မှာ၊အခေါင်စောက်နှင့်တဲကိုလေး။ ဖျာမလွန်၊နွားခွံအခင်း မြေတလင်းမှာ၊နေခင်းပျော်အင် လိမ်းကျောက်ပြင်နှင့်၊ဗိုင်းငင်ဝါဖန် အိမ်လုံးသာညံတော့၊သန်းယံချိန်ကျော် သူငယ်ချင်းကိုလှ၊အပျင်းပြေဖျော်ရအောင် လုံးတော်ပု ပြောင်းဆန်ကို၊ပေါင်းလန်အောင် အဖျော်ဟင်းငယ်နှင့် ဦးရင်း ရေမျိုချဉ်းအောင်၊သွင်းစေ့မယ်လေး။ ။ (ကုန်းဘောင်နန်းတွင်းစာဆိုတော်ဦးကြီး ဇာတိမြေ သာဝတ္ထိရွာ )
Image
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ ရှေးဟောင်းစေတီများ

ရွှေဘိုနိဒါန်းမှကူးယူဖော်ပြပါသည်။

ဦးကြီး (သာဝတ္ထိ) (၁၂၀၀ခန့်-၁၂၆၀ခန့်) ရွှေဘိုမြို့ မြောက်လက် သာဝတ္ထိရွာဇာတိဖြစ်သည်။ သာဝတ္ထိရွာသည် ရွှေဘိုမြောက်စူးစူး မိုင်၂၀ခန့် အကွာတွင်ရှိသော “ငါးရာနဲ” ရွာ၏ အနောက်တောင်ဘက် ၁၀မိုင် အကွာတွင် တည်ရှိသည်။ ထိုနှစ်ရွာစလုံး၏ အလုပ်အကိုင်မှာ ရုပ်သေးဆွဲကြိုးကိုင်ခြင်းဖြစ်၏။ ဦးကြီးသည် မြေတိုင် မြင်းစီးသူကြီးရိုးဖြစ်၍ “မင်းနေမျိုးသူရိန်ကျော်” ဟူသောဘွဲ့ဖြင့် သိမ်ဒါယကာကြီးအဖြစ် ထင်ရှားသည်။ “စည်းစိမ်ငယ်ကြီးပါဘိ၊ ရုတ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်၊ ယှဉ်လက်ပြိုင် ကျယ်စပျစ်ကယ်နှင့် ” အစချီသော လွမ်းချင်းနှင့် တောဓလေ့ဖွဲ့ပေါင်းများစွား၊ သံချိုလေးချိုးပေါင်းများစွာ ရေးသားခဲ့လေသည်။ မှတ်ချက်။ ။ ရွှေဘိုနိဒါန်း မှကူးယူဖော်ပြပါသည်။ credit-http://www.shwebo.net

မှတ်သားထိုက်ဖွယ်

[၁။ကောင်းမှုတစ်ခုနေ့စဉ်ပြု။] ***************** *နေ့စဉ်သရဏဂုံဆောက်တည်ပါ။ *နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (သုးံခေါက်) *ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ သံဃံ သရဏံ ဂစ္ဆာမိ ။ *ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။ *တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။ သရဏဂုံတည်ရကျိုး။ ************* ၁။အပူဇော်ခံရခြင်း။ ၂။ ဥာဏ်ကောင်းခြင်း။ ၃။မိမိအလို့သို့ လိုက်ကြရခြင်း။ ၄။အားလုံးက နှစ်သက်ခြင်း။ ၅။ အားလုံးကချစ်ခင်ခြင်း။ ၆။ ရွှေရောင်အဆင်းဖြင့်လှပတင့်တယ်ခြင်း။ ၇။ကျော်ဇောထင်ရှားခြင်း။ ၈။ စည်းစိမ်ဥစ္စာပေါများခြင်း။ (အပါဒါန်ပါဠိတော်) (၂။)ကောင်းမှုတစ်ခုနေ့စဉ်ပြု။ ***************** *နေ့စဉ် ငါးပါးသီလဆောက်တည်ပါ။ *၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။ *၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။ *၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။ *၄။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။ *၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။ *သီလစောင့်ခြင်းအကျိုးငါးပါး။ *၁။မမေ့ မလျေြာ့...

မေတ္တာသုတ် ပါဠိ-အနက်

မေတ္တာသုတ် ပါဠိ-အနက်  မေတ္တာသုတ်ရဲ့အနက်အဓိပ္ပါယ်ကိုသိချင်ပါတယ်ဆိုသဖြင့် ဒီဆောင်းပါးလေးကိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ မေတ္တာသုတ်ရဲ့အနက်တင်မကပါဘူး မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့် မေတ္တာသုတ်ရွတ်ဆိုရခြင်းအကျိုးတို့ကို တစ်ခါတည်ဖော်ပြလိုက်ပါတယ်။တကယ်တမ်းရေးမယ်ဆိုရင်အချိန်ပေးရပါလိမ့်မယ်၊သို့ပေမယ့်ဘလော့ဂ်ဂါပညာရှင်တစ်ယောက်မေတ္တာသုတ်ကိုအနက်ပေးထားပြီးသား အဆင့်သင့်ရှိတာနဲ့တစ်ခါတည်းတင်ပေးလိုက်ပါတယ်။ ၁။မေတ္တာသုတ်ဖြစ်ပေါ်လာရခြင်းအကြောင်း သာဝတ္ထိ ပြည် ဇေတဝန် ကျောင်းတော် ၌ ဂေါတမ မြတ်စွာ ဘုရား သီတင်းသုံး စံနေတော်မူစဉ် ငါးရာသော ရဟန်းအစု တစ်စုသည် တစ်ခုသော ဝါဝင်ခါနီး ကာလ၌ မြတ်စွာဘုရား သခင်အား ဖူးမြော် ရှိခိုး၍ ကမ္မဋ္ဌာန်း နိဿယများယူကာ တောအုပ် တစ်ခုတွင် ဝါ ဆိုလျက် ကမ္မဋ္ဌာန်း တရားအားထုတ်ကြလေသည်။ ရဟန်းတော် များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ် တွင်းရှိ သစ်ပင် ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မူကြလေသည် ။ထို အချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေဝံ့ကြ သဖြင့် မြေပြင်တွင် ဆင်း၍ ဒုက္ခ ခံ ကာ နေထိုင်ကြရေ...

ဒီကဗျာလေးကိုကြိုက်လို့ပြန်တင်ထားတာပါ

မုန်တိုင်းမိငှက်ငယ်ရဲ့ ငိုငြီးသံ  အမေ, ဟိုး…ခပ်ဝေးဝေး ယုဂန်စွန်းက နေ၀န်းကွယ်ကာပျောက်လို့ လမသာသေးတဲ့ အချိန်မှာပေါ့ မရေရာတဲ့အတွေးနဲ့ highway ပေါ်မှာ ပြန်စရာအိမ် မရှိရှာဘူး အမေ…………။ မွန်းကြပ်လှတဲ့ မြို့ပြစနစ်မှာ အကုသိုလ်ပန်းတွေ ဝေပုံကလည်း အဖူးပေါ်အညွှန့်တက်လို့ တပ်မက်စရာပါလား………………။ အမှောင်စိတ်ကို ချောင်ပိတ်ပြီး လောကဓံက     တည်ခင်းတဲ့ အသီးအပွင့်တွေကို မစားမိရလေအောင် သား ကြိုးစားပြီး ရှောင်ရှားခဲ့ပါတယ်………။ ဒါပေမယ့် အမေရယ် အာကာပြင်မှာ မိုးတိမ်ကင်းစင်ပြီး လေတွေထန်နေလေလေ သားမှာ ကြေကွဲရလေလေပါပဲ…………။ မုန်တိုင်းထန်တယ်ဆိုတာလဲ တကယ်တော့ လောကဓံ တရားပါလား…………။ အိပ်စရာ မရှိတဲ့ညတွေမှာဆို မိုးတွေ သိပ်ရွာတာပဲ အမေရယ်………။ ဒါတွေကိုလည်း အားမငယ်ပါဘူး သား စိတ်ကူးထဲမှာ မိုးခိုစရာ အမေ့မေတ္တာ ရှိနေတာပဲ………။ သား စိတ်ထဲမှာ ပေါက်ကွဲချင်နေတာ အမေ မသိဘူးလား… လူတွေရဲ့ အပြုံးမှာ ကုန်ဈေးနှုန်းတွေ ပါနေတယ် အမေရဲ့……။ background နဲ့ အ၀တ်စားကောင်းမှ ဆက်ဆံတတ်တဲ့ လူတွေရဲ့ သဘောထားကို သား တူးတူးခါးခါး မုန်းတယ် အမေ……။ ဒါပေမယ့် အမေရ...