သားသားတို့ မီးမီးတို့ အနာဂတ်အတွက် စာလာဖတ်ကြပါနော်
လူငယ့်အားမာန် စာကြည့်တိုက်
ဖွင့်ရက် က စနေ တနင်္ဂနွေ နှစ်ရက်ထဲပါ တစ်ရ က် ကို သုံးနာရီ ဖွင့်လှစ်ပေးပါတယ်
နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီ အထိပါ
တစ်ပတ် တစ်ပတ် ရင်ခုန် ရ ဆုံးအချိန်ကလည်းစာကြည့်တိုက်မှူး အန်တီစောစော
ဖုန်းဆက် ကလေးတွေစာလာဖတ်လား ကလေးတွေ စာလာဖတ်လား ဆို အဲမေးခွန်းကိုပဲ
ထပ်တလဲလဲ မေးရတဲ့အချိန်ပါပဲ
စာကြည့်တိုက်မှူးက ဒီတစ်ပတ် ကလေးတွေ သိပ်မလာဘူးဆိုရင်
ငါဘာလုပ်ပေးရမလဲ
ငါဘယ်လိုစာအုပ်တွေထားပေးရမှာလဲ
သူတို့စိတ်ဝင်စားအောင် သူတို့ စာကြည့်တိုက်လာချင်အောင်
အမျိုးအမျိုးစဉ်းစားနေရတယ်
သူတို့လေးတွေ စာကြည့်တိုက် ကိုလာတယ် စာလာဖတ်တယ်ဆိုရင် ကျွန်တော့်မှာ
အလိုလိုပျော်လာတယ် အလုပ်တွေဘယ်လောက်ပင်ပန်းပင်ပန်း အခက်အခဲတွေ
ဘယ်လောက်ကြုံကြုံ ကျွန်တော့်စာကြည့်တိုက် က ကလေးတွေ စာလာဖတ်ကြတယ်
စာကြည့်တိုက် ကိုလာကြတယ်ဆိုရင် ကိုပဲ ပင်ပန်းတာတွေ ပျောက်သွားပြီး ခွန်အားတွေ ရစေပါတယ်
နောက်ထပ်လဲ စာကြည့်တိုက် ပြုပြင်ဖို့ စာအုပ်တွေ ဆက်လက် ဖြည့်တင်းဖို့
ပရိဘောဂတွေ ဆက်လက် ဝယ်ယူဖို့ ဆက်လက်ကြိုးစားနေပါဦးမည်။
သားသားတို့ မီးမီးတို့ အနာဂတ်အတွက် စာလာဖတ်ကြပါနော်
လူငယ်များစာများများဖတ်ပါ
စာကြည့်တိုက်ဆိုတာ
ဝင်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ် တစ်ခုပါ
09-73551087
Comments
Post a Comment