အားနည်းချက် အားသာချက် ကိုယ်စီဖြင့် ရှင်သန်နေကြသော အနာဂတ် ပန်းပွင့်လေးများ။


မိမိတို့ ကျေးရွာ အနေဖြင့် ထင်မြင်ယူဆရမည်ဆိုရင် ကလေးငယ်တစ်ယောက် ကျောင်းသားတစ်ယောက်သည်
စာတော်လျှင် အားလုံးတော်မည် ဟု ယူဆကြသည်။ စာတော်သည့် ကလေးသည် မျက်နှာပွင့်သည်။
လူချစ် လူခင် ပေါများသည်။ လမ်းမှာ အများဆုံး နှုတ်ဆက်ခံရသည်။ တစ်ဖက် က စာမတော်သည့်ကလေး
သည် သုံးစားလို့ မရ ပုံစံဖြင့် ကလေးတစ်ယောက် သိမ်ငယ်စိတ် အငုံစိတ်သည် ကြီးမားလာသည်။
ငါသည် စာမတော်ဖူး။ ငါကို အရေးလုပ်ပြီး နှုတ်မဆက်ဘူး။ ငါသည် အရာမဝင်ဘူး အရေးမပါဘူး အစသဖြင့်
ကလေးတစ်ယောက် စိတ်ထဲမှာ စွဲမြဲ စွာဝင်ရောက်သွားပါသည်။ ကလေးတိုင်း တော်ကြပါသည်။ မတော်ကြသည်မှာ လူကြီး မိဘများ၏ အတ္တများဖြစ်ပါသည်။ ဖြူစင်သည့် အတ္တ ဆိုပေမည့် မိမိတို့ ကလေးကို နှုတ်အားဖြင့် အမူအရာအားဖြင့် နေ့စဉ် သတ်ဖြတ်နေပါသည်။

နင်ဒါလေးတောင် မသိဘူး။ နင့်အကို နင့်အစ်မ ချီးစား(မရိုသေ့စကား)
နင့်တို့အတန်းထဲက ဘယ်သူ့ ဖိနပ်ကိုင်  အစ သဖြင့် စကားလုံးများဖြင့် ပစ်ပေါက် သတ်ဖြတ်နေတယ်လို့ ကလေးစိတ်ထဲမှာ စွဲမြဲသွားပါသည်။ ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်ကြသည် ဘယ်သူ့သား ဘယ်ဝါ့သား ဖြင့် ဘယ်လောက်တော်တာ. နင် ဖြင့် ဖျင်းတာ။ တကယ်တော်စေချင်တာ တတ်စေချင်တာလား မိမိတို့ သားသမီးအတွက် ဂုဏ်ယူချင်တာလား?  တစ်ယောက် နှင့် တစ်ယောက်သည် အားသာချက် အားနည်းချက် မတူနိုင်ပါဘူး။  ကလေးငယ်တစ်ယောက် သည် သချာၤကောင်းနိုင်သည်။ အခြားတစ်ယောက်သည် ကျက်မှတ်အားကောင်းနိုင်သည်။ အတန်းပညာ အဆင့်သည် သတ်မှတ်ချက် တစ်ခုသာဖြစ်သည်။

မတူညီမျှများသည် လူသားတစ်ဦးခြင်းမှာပင် ရှိနေပါသည်။ မိမိတို့ လက်ချောင်းများသည် အရှည်ဆုံးသည် လက်ခလယ်ဖြစ်ပါသည်။ လက်ဆယ်ချောင်းလုံး လက်ခလယ်မဟုတ်ပါ။ ထို့အတူ အသေးဆုံးလေး လက်သန်းသည် လည်း လက်သန်းအထိုက်အလျောက် အသုံးဝင်ပါသည်။ လူတစ်ဦးတစ်ယောက်ထဲမှာတောင် မတူညီတာတွေ အများသား။ ထို့အပြင်  မိသားစု ဒီအမေ ဒီအဖေ က တူတူမွေးဖွားတာတောင် ဉာဏ်ရည်ခြင်း မတူ အစသဖြင့် မတူညီမှုများကို နှိုင်းယှဉ်ဖို့ မသင့်ပါလို့ ယူဆမိပါသည် ။ အားလုံးက အတော်ဆုံး အတတ်ဆုံး အသိဆုံးကို လိုချင်ကြပါသည်။ ပေးဖို့ တစ်ချက် ကျန်နေခဲ့သည်ကို သတိမထားမိကြပါ။ မိမိတို့ သားသမီး အမှန်တကယ်
တော်ချင် တတ်စေချင်ပါက အသိအမှတ်ပြုမှု ချီးကျူးမှု ကို ပေးစေချင်ပါသည်။ ကလေးငယ်များသည် မိမိတို့ မိဘ အစ်ကိုအစ်မ ဆရာဆရာမများမှ အရေးယူ နှုတ်ဆက် ချီးကျူး အသိအမှတ်ပြုခြင်း များကို ရရှိခြင်းဖြင့်
အနာဂတ်အတွက် ပိုမို တောက်ပြောင်စေမည်ဟု ယူဆမိပါသည်။ ဤအခန်းကဏ္ဍအတွက် လူငယ့်အားမာန်စာကြည့်တိုက်သည် ပန်းချီပညာရပ်အား အသိအမှတ်ပြု မှတ်တမ်းတင်ပေးခြင်းအားဖြင့်
လူငယ်တို့ အတွက် စိတ်ကြည်နှုးစေခြင်း ၊ တန်ဖိုးရှိသည်ဟု ခံစားမိစေခြင်း၊အသိအမှတ်ပြုခံရခြင်း၊
ခွန်အားကိုဖြစ်စေခြင်း ၊ မှန်ကန်သော လမ်းမှန်ကို မြင်နိုင်စေခြင်း အစသဖြင့် ကောင်းကျိုးအဖြာဖြာကို ခံစားနေခြငးဖြင့် ် စာကြည့်တိုက်သည် မိမိတို့ နားခိုရာ ခိုလှုံရာအိုအေစစ်အဖြစ် လက်ခံ ယုံကြည်သွားစေပါသည်။

ချစ်ခင်လေးစားလျှက်
လူငယ့်အားမာန်စာကြည့်တိုက်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ