ရှင်ပေမည့် မသန်ကြတောသည့် ပြည်သူ့ စာကြည့်တိုက်များ(ကိုယ်ထူကိုယ်ထ)
******************************************************** ******************************************************* ကြေးမုံ မြန်မာ့အလင်း အစသဖြင့် သတင်းစာတွေမှာ စာကြည့်တိုက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲတွေ ဟောတစ်စောင် ဟော တစ်စောင်နှင့် လက်ခုတ်သံ တစ်ဖြောင်းဖြောင်းတီး မိုးပျံပူပေါင်းများဖြင့် လှပစွာဖွင့်လှစ်ခဲ့ကြသည်။ ဘယ်ဌာန ဘယ်ဦးစီးမှူး ဘယ်ဝန်ကြီး အစသဖြင့် တက်ရောက် မိန့်ခွန်း နှုတ်ဆက် သြဝါဒခြွေကြသည်။ သက်ဆိုင်ရာ ဌာန ဝန်ကြီးများလည်း တာတာ့ ပြပြီးနောက် စာကြည့်တိုက်များသည်လည်း ထာဝရ အိပ်စက်သွားသည်နှယ်။ စာကြည့်တိုက်များကို ဖွင့်လှစ်ဖို့ အားသန်ကြသည်။ အရေအတွက် ဘယ်လောက်ရှိသည်။ ဘယ်မြို့နယ် စာကြည့်တိုက် ဖွင့်လှစ်လိုက်သည်။ ဖွင့်သည်ကိုပဲ ကြေငြာကြသည်။ စာကြည့်တိုက်များ နေမဝင်မီ ထာဝရ အိပ်စက်သွားကြသည်ကို လူကြီးမင်းများသည် မသိနိုင်ကြတော့ပါလေ။ စာကြည့်တိုက် တစ်တိုက်အောင်မြင်သည်ဟု ပြောဆိုရန်အတွက် အတော်ပင် ခဲယဉ်းလေသည်။ စာကြည့်တိုက် ဘိုးဘိုး ကြီးများဟု ပြောဆို သတ်မှတ်ရလောက်သည့် ဘဘ မုံရွာ အောင်ရှင်တို့ ဖတ်ကြား ကျင်လည်ခဲ့သော ဖိုးသက် ရှည် စာကြည့်တိုက်များပင်လျှင် ယခုအချိန်တွင် ရပ်တည်ဖို့ အနိုင်နိုင်ကြိုးစားနေရသည်ဟု သိရ...