ရွှေဘို ခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက်













ရွှေဘို ခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် ကွန်ပျူတာ စင်တာနှင့် လူငယ်ဖွံ့ဖြိုးရေး အဆောက်အဦး ပန္နက်ရိုက် မင်္ဂလာအခမ်းအနား
**********************************************************************
စစ်တိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် ကွန်ပျူတာ စင်တာနှင့် လူငယ်ဖွံ့ဖြိုးရေး စင်တာ ဆောက်လုပ်ရန်အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်
မုံရွာမြို့မှ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးအောင်စိုးလွင် နှင့် အတူ
စာကြည့်တိုက် တာဝန်ခံများ ၊ရပ်မိရပ်ဖများ နှင့် သာဝတ္ထိပညာဒါနမှ တက္ကသိုလ်ဝင်တန်း ကျောင်းသားများဖြင့် ပန္နက်ရိုက် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြပါသည်။စာကြည့်တိုက် တာဝန်ခံ ဆရာ ဦးဝင်ကြိုင်
ပြောကြားမှုအရ " အဆောက်အဦး ပုံစုံဒီဇိုင်းနှင့် တွက်ချက်မှု ကို ရန်ကုန်မြို့ မှ အင်ဂျင်နီယာ ကိုသန်းတင့် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရပါသည်။
ဆက်လက်ပြီး လက်ရှိ မိမိတို့တွင် ရရှိထားသော ရန်ပုံငွေ သိန်း ၂၀ ဝန်းကျင်ဖြင့် စတင်မည်ဖြစ်ကြောင်း ၊ ကုန်ကြမ်းပစ္စည်း များ ဝယ်ယူပြီးစီးပါက ဖောင်တေးရှင်း စတင်ပြုလုပ်မည် ဖြစ်ပါကြောင်း
ထပ်လောင်း ပြောကြားသွားပါသည်"

လေးစားစွာဖြင့်
လူငယ့်အားမာန်စာကြည့်တိုက်
ပြန်ကြားရေးကော်မတီ

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ