ရှင်ပေမည့် မသန်ကြတောသည့် ပြည်သူ့ စာကြည့်တိုက်များ(ကိုယ်ထူကိုယ်ထ)
********************************************************
*******************************************************
ကြေးမုံ မြန်မာ့အလင်း အစသဖြင့် သတင်းစာတွေမှာ စာကြည့်တိုက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲတွေ ဟောတစ်စောင်
ဟော တစ်စောင်နှင့် လက်ခုတ်သံ တစ်ဖြောင်းဖြောင်းတီး မိုးပျံပူပေါင်းများဖြင့် လှပစွာဖွင့်လှစ်ခဲ့ကြသည်။
ဘယ်ဌာန ဘယ်ဦးစီးမှူး ဘယ်ဝန်ကြီး အစသဖြင့် တက်ရောက် မိန့်ခွန်း နှုတ်ဆက် သြဝါဒခြွေကြသည်။
သက်ဆိုင်ရာ ဌာန ဝန်ကြီးများလည်း တာတာ့ ပြပြီးနောက် စာကြည့်တိုက်များသည်လည်း ထာဝရ
အိပ်စက်သွားသည်နှယ်။
စာကြည့်တိုက်များကို ဖွင့်လှစ်ဖို့ အားသန်ကြသည်။ အရေအတွက် ဘယ်လောက်ရှိသည်။ ဘယ်မြို့နယ်
စာကြည့်တိုက် ဖွင့်လှစ်လိုက်သည်။ ဖွင့်သည်ကိုပဲ ကြေငြာကြသည်။ စာကြည့်တိုက်များ နေမဝင်မီ ထာဝရ
အိပ်စက်သွားကြသည်ကို လူကြီးမင်းများသည် မသိနိုင်ကြတော့ပါလေ။
စာကြည့်တိုက် တစ်တိုက်အောင်မြင်သည်ဟု ပြောဆိုရန်အတွက် အတော်ပင် ခဲယဉ်းလေသည်။ စာကြည့်တိုက် ဘိုးဘိုး
ကြီးများဟု ပြောဆို သတ်မှတ်ရလောက်သည့် ဘဘ မုံရွာ အောင်ရှင်တို့ ဖတ်ကြား ကျင်လည်ခဲ့သော ဖိုးသက်
ရှည် စာကြည့်တိုက်များပင်လျှင် ယခုအချိန်တွင် ရပ်တည်ဖို့ အနိုင်နိုင်ကြိုးစားနေရသည်ဟု သိရပါသည်။ တစ်ဆက်တည်းပင်
မုံရွာ ကလေးစာပေပွဲတော် နောက်ဆက်တွဲ အလွတ်သဘော တွေ့ဆုံမှု အရ မုံရွာတက္ကသိုလ် လက်ဖက်ရည်ဆိုင်တွင်
ဆုံတွေ့ ပြောဆို ဆွေးနွေးဖြစ်ခဲ့ကြပါသည်။ ထိုတွေ့ဆုံပွဲတွင် ရန်ကုန်မြို့မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာကြည့်တိုက်များကို
တွေ့ဆုံ ဆွေးနွေး လမ်းပြလျှက်ရှိသော Save The Library in Myanmar မှ တာဝန်ခံများ ၊ ညိုမြစာကြည့်တိုက်မှ တာဝန်ခံများ
အရာတော် မလဲသာရွာ စာကြည့်တိုက်မှ တာဝန်ခံ များ မုံရွာမြန်မာ့အလင်း ရွေ့လျားစာကြည့်တိုက်မှ တာဝန်ခံများ၊ မုံရွာ အနီးအနား
နယ်တစ်ဝိုက်မှ စာကြည့်တိုက် တာဝန်ခံများ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြပါသည်။ဆွေးနွေးပွဲ စကားဝိုင်းအရ
"စာကြည့်တိုက်များသည် ရှင်ပေမည့် မသန်ကြတော့ပါ" ဟု အတွေ့အကြုံများကို မလဲစာကြည့်တိုက် တာဝန်ခံမှ ဆွေးနွေးသွားပါသည်။
အားလုံး ဆွေးနွေးမှု အရ စာကြည့်တိုက်တိုးတက်ရေး ရေရှည် တည်တံ့မှု စာဖတ်ရှိန်မြင့်တင်ရေး ကလေးစာပေတိုးတက်ရေး
မည်မျှဖြင့် လုပ်ဆောင်စေချင်ကာမှု မိမိတို့သည် စေတနာ့ ဝန်ထမ်းဖြစ်သည့် အားလျော်စွာ မိမိတို့ အသက်မွေးဝမ်းကြောင်း
အလုပ်အကိုင်များဖြင့် ပူးတွဲ ဆောင်ရွက်နေခြင်းကြောင့် မျှော်လင့်သလောက် ထိရောက်သလောက် ထိရောက်မလာတော့ပေ။
ထိုစာကြည့်တိုက် ဦးဆောင်သူများ သည် တိုးတက်လာသော ခေတ်စနစ်နှင့် အညီ လူငယ်တွေသည် အွန်လိုင်း
မီဒီယာ၊အင်တာနက်၊ဂိမ်း များ လွန်ကျွန်စွာ သုံးစွဲြခြင်းကို မုန်းတီးလာကြတော့သည်။ သူတို့တွင် စာကြည့်တိုက်
စာပေဖတ်ရှုဖို့ ပြင်ဆင်ရင်း ကလေးငယ် ခေတ်လူငယ်တွေကိုမျှော်လင့်ရင်း ကလေးငယ်များသည် အိုင်တီခေတ်သို့
ရောက်ရှိကြရင်း သူတို့ စာကြည့်တိုက်ကို ပြန်မလာကြတော့ပေ။ ထို့အတွက် ရပ်တည်မှု ခက်ခဲခြင်း လှည်ပတ်မှု
နှေးကွေးခြင်းများဖြင့် နယ်စာကြည့်တိုက်များသည် ခပ်ယဲ့ယဲ့ သာ ကျန်ရှိသော အသက်ငင်နေကြသော
ပြန်လာသူမဲ့နေသာ စာကြည့်တိုက်များအဖြစ်သာ အသွင့်သာ ရှိနေသည်ဟု ဝန်ခံကြတော့သည်။
ကိုယ့်ဒေသ ကိုယ်မြို့ကိုယ်ရွာ ကိုယ့်ပတ်ဝန်းကျင်ဖြင့် ကိုက်ညီသော စာပေဝန်ဆောင်မှုအားဖြင့် လည်ကောင်း
အသိပညာမျှဝေပေးလျှက်ရှိသော စာကြည့်တိုက်အဖြစ်လည်းကောင်း တစ်နိုင်တစ်ပိုင် ငှားရမ်းလျှက်ရှိသော
ရွေ့လျားစာကြည့်တိုက်များသည်လည်းကောင်း သူတို့အားလုံးတို့သည် တိုက်နိုင်သည့်ခွန်အားများဖြင့်
ရုန်းကန်လျှက်ရှိကြပြီး အားလုံးသည်ပင် မောပန်းနေလျှက်ရှိပါသည်။ သူတို့သည် နိုင်ငံတော်မှ စာကြည့်တိုက်များအား
ကူညီလက်တွဲခေါ်မည့်အချိန်ကို စောင့်ဆိုင်းနေပုံဟန်။ သူတို့ အတွေးသည် အသက် ၁၆ နောက်ပိုင်း ကလေးများကို
သူတို့ မပိုင်ဆိုင် စာမဖတ်တော့သည်အတွက် ကျောင်းစာကြည့်တိုက်များမှ ကလေးငယ်များအတွက်
စာဖတ်ခြင်းအလေ့အထကို ဖန်တီးပေးစေချင်ကြပါသည်။ မိမိတို့သဘောအရ စာသင်ကျောင်းများတွင်
စာအုပ်စာပေများ သွားရောက် ငှားရမ်းခြင်းပြုလုပ်ပါက အဆင်ပြေ ကြည်ကြည်သာသာ လက်ခံသည့်ကျောင်းရှိသလို
အလုပ်ရှုတ်ဟန် လက်မခံလိုသည့် စာသင်ကျောင်းများကိုလည်း ကြုံတွေ့နေကြပါသည်။
အခက်အခဲတွေ မည်မျှပင် ကြုံတွေစေကာမှု ပြောင်းလဲခြင်းအနှစ်သာရဖြင့် စာကြည့်တိုက်သမားများသည်လည်း
စာပေဖြင့် အနာဂတ်ကို ပုံဖော်ကြမည်ဟု ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ထားရှိပုံပေါ်ပါသည်။
တစ်ဖက်တွင်လည်း နိုင်ငံတော် အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီလက်တွဲမှုကိုစောင့်မျှော်ရင်း
ယဲ့ယဲ့သာ ကျန်ရှိနေသာစာကြည့်တိုက် တာဝန်ဝတ္တရားများနှင့် စာကြည့်တိုက် အခက်အခဲများကို အန်တုရင်း
စာကြည့်တိုက်မှူးများလည်း စာဖတ်သူများကို မျှော်လင့်ရင်း ငေးမောလိုသာ့ နေပါတော့သည်။
ချစ်ခင်လေးစားလျှက်
လူငယ့်အားမာန်စာကြည့်တိုက်
ပြန်ကြားရေးကော်မတီဆောင်းပါး
Comments
Post a Comment