Posts

Showing posts from February, 2018

စည်းလုံး ညီညွှတ်ခြင်းဖြင့် အောင်မြင်မှုဆီ သွားကြပါစို့

Image
တစ်ခါက ဖတ်ခဲ့ဖူးတဲ့ ကျောက်ခဲ ဟင်းချို ပုံပြင်လေးက အင်မတန် ခံစား ဖတ်ရှု လိုက်နာဖို့ ကောင်းပါသည်။ တစ်ခါ မယုံ ဆယ်ခါ ဆယ်ခါမယုံ တစ်သက်လုံး။ လူတစ်ဦး တစ်ယောက်ခြင်း သော်လည်းကောင်း အဖွဲ့အစည်း တစ်ခုချင်းဆီလည်းကောင်း ထိုက်သင့်တဲ့ ယုံကြည်မှုမျိုး နှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ ရှိရမည် ဖြစ်သည်။ သို့မှ သာလျှင် မိမိ တို့ သွားလိုသော လမ်း သွားလိုသော ဦးတည်ချက်ကို ရပ်ရွာနေ ပြည်သူအများမှ ဝိုင်းဝန်းပံ့ပိုးလုပ်ဆောင်မည်ဖြစ်ပါသည်။ ရှေ့ဆောင် နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့် လိုက်မည်။ထို စကားပုံတွေ သည် အင်မတန်မှ တန်ဖိုးရှိပါသည်။ ထိုစကားပုံများနှင့်နည်းတူ အဖွဲ့အစည်းများ ထိုအဖွဲ့အစည်းမှ ပါဝင်နေသော သူများ သိရှိ နားလည် လိုက်နာဖို့ လိုပါမည်။ ကျွန်တော်တို့ လူငယ့်အားမာန်သည် လည်း ရှိသင့် ရှိထိုက်သော စည်းမျဉ်းများနှင့်အတူ လုပ်ဆောင်သင့်သည်များကို လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်သွားပါမည်။ လုပ်ဆောင်ခဲ့သော အဆင့်ဆင့်များမှာ မြေဆောက်အဦး အကျယ်အဝန်း တိုင်းတာပြီး တာဝန်ခံ အင်ဂျင်နီယာထံ ပေးပို့ခြင်း လိုအပ်သော ကုန်ကြမ်းပစ္စည်း ဝယ်ယူရေး တွက်ချက်ပေးခြင်း၊အဆောက်အဦး design ရေးဆွဲပေးခြင်း ေ...

ဦးမျှင် ငှက်ပျော မေတ္တာစာ

Image
“ဆင်အန် ငှက်ပျော မေတ္တာစာ” ဝဏ္ဏဂန္ဓ ရသသြဇာ ထူပြောစွာ နှင့် မဟာနတ်ကန် ဆဒ္ဒန်မည်သည် အိုင်အနီးတွင် မြိုင်ကြီးအလယ် ဆင်စွယ်ဦးမော့ ဖျူးဖျူးကော့သကဲ့သို့ ကျော့လိုက်တဲ့ အသီး အဖီးပြန့်ကား အံ့တစ်ပါးပေပ ခန့်ထား ခိုင်ချော နတ်ငှက်ပျောနှင့် မြတ်လောကီဈာန် ပျံနိုင်သော ရသေ့တို့သည် မျိုးစေ့ရောက်အောင် ဤလူ့ဘောင်သို့ ယူဆောင်ခဲ့ရာ ရွှေထိရွာမှာ တစ်ပင်သာလျှင် ရောက်လာသည့်မျိုး ဖိုးကြီးဖိုးထိုက် မင်းကြိုက်စိုးတန် အမည်မှန် ဆင်အန် ချိုလိုက်သည့်အင်မတန် ဂန္ဓရုံကတိုးတုံး တစ်လုံးကို အခွံနွာ တစ်ရွာလုံး မွှေး အရေးတစ်ပါး လင်မှာစား မယားလည်လဲ့ညို အလိုလို ချိုသည့်သဘော ထိုငှက်ပျောကို မနှောနိုင်နိုင် ဇောပိုင်ပိုင်နှင့် တစ်ခိုင်လုံးလုံး လိုရာသုံးစေ ရွှင်ပြုံးစေတနာ လှူလိုက်ပါသည် လှူမှာမူကား တစ်ပါးကိစ္စ တစ်ဌာနကြောင့် ဝတ်ချပိုင်ပိုင် မရောက်နိုင်၍ မြိုင်မြိုင် ဝေဆာ ပဒေသာပင်နှင့် သံဃာတော်ထိုရဟန်းမြတ်ကို ဟောရွတ်ဖတ် ဒေသနာ ရောင်နီလာ နေတက်ခ ရေစက်ချ ဗျောသံကို မနောကံ အာရုံပြု၍ သာဓုခေါ်လိုက်ရပါတော့ ခင်ဗျား………. (သာဝတ္ထိရွာ စောသစ်(ခင်ဦး) (ခ) ဆရာဦးစောလွင်ထံမှ ကူးယူ မှတ်တမ်းတင် ပြန်လည်ဖြန့်ဝေပါသည်။ စာလုံးပေါင်းအမှားအယွင်းရှိပါက ကျွန်တော့် ...

တက္ကသိုလ်နယ်မြေမှ အမျှဝေသံ

“နှစ်တွေ အလီလီပြောင်း ရွက်ဟောင်း ကြွေလို့ ရွက်သစ်ဝေလည်း ခိုင်မာတဲ့ အတွေး ကလေးနှင့် ဆီးကြို လက်ပြလည်း မင်းမငို အဟောင်းတွေပစ်မြဲ မနှစ်မခဲ ချစ်ဆဲပါ အမိတက္ကသိုလ် နှစ် သက္ကရာဇ်တွေ ပြောင်း သွားပေမယ့့်လည်း ကျောင်းသား ကျောင်းသူတို့ မည်သည် မိခင် တက္ကသိုလ်ကို မဆို  နည်းလမ်းအသွယ်သွယ်ဖြင့် လွမ်းဆွတ်ကြပေလိမ့်မည်။ တက္ကသိုလ်သက်တမ်း နောက်ဆုံးနှစ်စာမေးပွဲ ဖြေဆိုပြီးသွားပေမည့်လည်း ကျောင်းတော်ကြီးကိုပဲ မခွဲနိုင်သလိုလို ဂိတ်တဲစောင့် ဦးလေးကိုပဲ လွမ်းသလိုလို ကျောင်းပြေးခဲ့တာကိုပဲ လွမ်းသလိုလို ကျောင်းကန်တင်းမှာ အကြွေးစာရင်းပဲ ကျန်သလိုလို  ငယ်ချစ်ကိုပဲ တမ်းတ သတိရနေသလို ခံစားချက် လွမ်းဆွတ်ချက် အချက်ပေါင်းများစွာဖြင့် ကျောင်းသားကျောင်းသူကြီးများသည် ကျောင်းပုရဝဏ်ကြီးနှင့်အတူ အမိတက္ကသိုလ်ကြီးကို  နှုတ်ဆက်ဖို့ ပြင်နေကြလေပြီ။ ပညာသင်နှစ်ပြီးဆုံးသွားပြီး နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ ကျောင်းတော်ကြီကို စွန့်ခွာ အလုပ်ခွင်သို့ ဝင်ရောက်ရန် ဟန်ပြင် နေကြသလို ကျောင်းသားကျောင်းသူသစ် လေးများသည်လည်း ကျောင်းတော်ကြီးဖြင့် မရင်းနှီးဟန် စိမ်းသက်သက်အထက်တန်းကျောင်းသူပုံစံဖြင့် ရောက်ရှိလာကြပြန်သည်။ နှုတ်ဆက်သူမျာ...

မျိုးဆက်သစ်လူငယ်များအတွက် လူငယ်ဖွံ့ဖြိုးရေး စင်တာ

ယနေ့ လူငယ် နောင်ဝယ်လူကြီး၊ ဟုဆိုပင်ငြားသော်လည်း လူငယ်များအတွက် ………. လူငယ်များအတွက် ……….. လူငယ်များအတွက်  အစရှိသဖြင့် ……….. လူငယ်… လူငယ်  … လူငယ် တသွင်သွင်ပြောဆိုနေပါသော်လည်း ။ ယနေ့ခေတ်တွင် လူငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် တိုင်းတစ်ပါးတွင် သွားရောက် ကြိုးစား ရှာဖွေနေကြရပါသည်။ တစ်ဖက်တွင် ပြည်ပ နိုင်ငံခြား ဝင်ငွေ ရရှိပါသော်ငြားလည်းတစ်ဖက်တွင်  လူသားအရင်အမြစ်များစွာ ဆုံးရှုံးနေသည်မှာ များစွာ ဝမ်းနည်းဖို့ ကောင်းပါသည်။ ထိုအချင်းအရာများကို တစ်ဖက်တစ်လက်မှ ထမ်းပိုးမည်ဟု စိတ်ရည်သန်လျှက်။ ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းမှ စတင်၍ လူငယ့်အားမာန်စာကြည့်နှင့်လူငယ်ဖွံ့ဖြိုးရေး စင်တာ ပထမအဆင့်အနေဖြင့် စတင် ဆောင်ရွက် နေပါပြီဖြစ်ပါသည်။ ။ လူငယ်ဖွံ့ဖြိုးရေး စင်တာ ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်မှာ ကျေးလက်နေ လူငယ်လူရွယ်များကို အလုပ်အကိုင် အခွင့်အလမ်းများတိုးတက်စေခြင်း၊ မူးယစ်ဆေးဝါးများ ရန်စွယ်မှ ကာကွယ် လွတ်မြောက်စေလိုခြင်း၊မိမိတို့ ဘဝများကို တန်ဖိုးထားတတ်စေခြင်း အလဟဿ ကုန်ဆုံးစေမည့် အချိန်များကို အသုံးချစေခြင်း၊ မိမိဘဝကိုမြင့်တင့်စေခြင်း မိမိ ပတ်ဝန်းကျင်ကို တိုးတက်ပြောင်းလဲနိုင် စွမ်းဆောင်စေခြင်း အစသဖ...

ဥယ်ာဥ္မွဴ း ဆရာ

Image
ရေးသားသူ- မောင်ခိုင်စိုးဟိန်း လေးစားစွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက် ပြန်ကြားရေးကော်မတီ

မေတ္တာ ဥယျာဉ်မှူး

Image
စာကြည့်တိုက်တွင် စာဖတ်ရှုပြီး တိုးတက်မှု အကောင်းဆုံးသော ကလေးတစ်ယောက်အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ရေးသားသူ-မောင်ခိုင်စိုးဟိန်း

လူငယ့်အားမာန်စာကြည့်တိုက် လူငယ်ဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းစဉ်

Image
လူငယ့်အားမာန်စာကြည့်တိုက် လူငယ်ဖွံ့ဖြိုးရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းစဉ် လေးစားအပ်ပါသော အနယ်နယ် အရပ်အရပ်မှ အလှူရှင်များ မိတ်ဆွေအပေါင်းအသင်းများ သာဝတ္ထိကျေးရွာမှ ရပ်မိရပ်ဖများ ကူညီပံ့ပိုးမှုများနှင့် အတူ လူငယ့်အားမာန်စာကြည့်တိုက် လူငယ်ဖွံ့ဖြိုးရေးစင်တာ လုပ်ငန်းဆောင်တာများပြန်လည် အသက်ဝင်လှုပ်ရှားနေပြီ ဖြစ်ပါသည်။ ရာသီဥတုဖောက်ပြန်ခြင်း နှင့်အတူ လူငယ့်အားမာန်စာကြည့်တိုက် တာဝန်ခံများ၏ ကျန်းမာရေး လူမှုရေးမာျားကြောင့် လုပ်ငန်းစဉ်များ နှောင့်နှေးရခြင်းအတွက် အထူးပင် အနူးညွတ်တောင်းပန်ပါသည်။ ယခု အချိန်တွင် ဖောင်တေးရှင်းအတွက် လိုအပ်သော သံ အုတ် သဲ ကျောက် ဘိလပ်များ ဝယ်ယူပြီး ဝယ်ယူဆဲ ဖြစ်ပါသည်။ ငွေကြေး သက်သာ ချောင်ချိရေးအတွက် အုတ်များကို ကိုယ်တိုင် ပြုလုပ်ခြင်းအားဖြင့် မကုန်သင့် မကုန်ထိုက်တာ မကုန်ရလေအောင် ဆောင်ရွက်နေပါသည်။ စက်အုတ် လက်အုတ် များအစား ဘိလပ်အုတ်များဖြင့် အစားထိုး ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားပါသည်။ ကောက်ခံ ရရှိထားသော ရန်ပုံငွေအားပေါ် မူတည်၍ အကောင်းဆုံးနှင့် ဈေးနှုန်းအသက်သာဆုံးဖြစ်အောင် အင်ဂျင်နီယာများ အကူအညီယူ၍ တည်ဆောက်သွားပါသည်။ လူငယ်ဖွံ့ဖြိုးရေးစင်တာသည် အနယ်နယ်အရပ်ရပ်မှ မတည် လှူဒ...