Posts

Showing posts from March, 2018

အင်္ဂလိပ်စာသင်တန်းအတွက် မတ်လကုန် စာရင်းပိတ်မည်။

Image
လူငယ့်အားမာန်စာကြည့်တိုက် ကို သာဝတ္ထိပညာဒါန မှ ဆရာကြီး ဦးဝင်းကြိုင် နှင့် အတူ ဆရာ ဆရာမ များ ကျောင်းသား ကျောင်းသူ များက သန့်ရှင်း သပ်ရပ်သွားအောင် လာရောက် လုပ်ဆောင်ပေးခဲ့ပါသည်။ စာကြည့်တိုက် တစ်ပတ် သုံးရက်ဖွင့် ချိန်တွင် စာအုပ် ငှားရမ်းခြင်း စာအုပ်လက်ခံခြင်း စာအုပ်ရှာဖွေခြင်း စာအုပ်ငှားရမ်းသူဖြင့် စာအုပ်အကြောင်း စာပေအကြောင်း ဆွေးနွေးခြင်း ဖြင့် စာကြည့်တိုက် မှူး ခမျှာ နားရသည်ဟု မရှိပဲ စာကြည့်တိုက်ကို အဆင်ပြေသလို လည်ပတ်ထားလျှက်ရှိပါသည်။ ကွန်ပျူတာသင်တန်း(၁၁လုံး ရှိ- ၄ လုံးပျက် - ၇ လုံးဖြင့် သင်ကြားလည်ပတ်နေပါသည်။ ဆက်လက်၍ အမြန်ဆုံးပြင်ဆင်နေပါသည်။ အင်္ဂလိပ်စာ သင်တန်း ကို ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် ပညာဒါနမှ ဆရာမ တစ်ယောက် လာရောက်သင်ကြားပေးမည် ဖြစ်ပါသည်။ မတ်လ ကုန် နောက်ဆုံးထားပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ စာကြည့်တိုက် တစ်တိုက်ဖွင့်ခြင်းသည် ထောင်တံခါးတစ်ချပ်ပိတ်ခြင်းနှင့် တူပေးသည် ဟု ဖတ်ဖူးပါသည်။ ထိုစာကြည့်တိုက်သည် အမြဲတမ်း သက်ဝင်လှည်ပတ်နေသော စာကြည့်တိုက် ဖြစ်ရန် လိုအပ်သည်။ ထောင်ပိတ်သည် မပိတ်သည်တော့ မသိပါ။ နွေရာသီ ကျောင်းပိတ်ရန်တွင် ကလေးငယ်များ အသိပညာအတွက် နားခိုရန် အိုအေစစ်တစ်ခု အ...

လတ်တလော အခြေအနေ

Image
လောလောဆယ် လူငယ်ဖွ့ံ့ဖြိုးရေးစင်တာ ဆောက်လုပ်ဆဲ ဖြစ်ပါသဖြင့် ဖြစ်သလိုပဲ ကလေးတွေကို ကွန်ပျူတာအခြေခံ သင်ကြားပေးလျှက်ရှိပါသည်။ ဖြစ်သလိုပဲ ဆိုတဲ့ အနေအထားမှာ ကွန်ပျူတာတင်ဖို့ Desk ခုံများ အခက်အခဲ ရှိနေသဖြင့် ခုံရှည်များ ဆက်ပြီး သင်ကြားစေပါသည်။ လိုအပ်မှုများဖြင့် ချီတက် လုပ်ဆောင်လျှက်ရှိပါသည်။ သင်တန်းဆရာအဖြစ် ကိုဝေမင်းသန့် မှ သင်ကြား မျှဝေပါသည်။ ကွန်ပျူတာ စုစုပေါင်း ၁၁ လုံး ရှိနေပါသော်လည်း ပြင်ဆင်ဖို့ ကျန်နေသည်မှာ ၄ လုံးဖြစ်သဖြင့် ကျောင်းသား ၇ ယောက်သာ သင်ပေးနိုင်ပါသည်။ ကွန်ပျူတာ သင်တန်းသား ဖြစ်ဖို့ အများကြီး စည်းကမ်း ထုတ်မထားပါဘူး ။ နံပါတ် (၁) အချက် စာကြည့်တိုက် အသင်းဝင်ဖြစ်ရင် ရပါသည်။ ပညာဒါန အဖြစ် သင်ကြားပေးလျှက်ရှိပါသည်။ ဆက်လက်ပြီး ဧပြီလကုန်ပိုင်းတွင် ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် ပညာဒါန နယ်ထွက် ဆရာမ ရောက်ရှိမည်ဖြစ်ပါသည်။ မိမိတို့ ကျေးရွာ တွင်သာမက ဥယျာဉ် မုံလှ အစရှိသော ကျေးရွာမှ ကျောင်းသား ကျောင်းသူများလည်း တက်ရက်နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ပရဟိတလို့ မပြောလိုပါဘူး။ ကိုယ်ယုံကြည်ရာအတွက် လျှောက်လှမ်းနေပါတယ်။ လေးစားစွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘ...

Smart တော့ မကျဘူး

Image
စာတော့ ဖတ်ကြတယ်။ ဘယ်လို ဖတ်ဖတ် ကြိုက်သလိုဖတ် မင်းတို့ အနာဂတ်အတွက် လူငယ်တွေ အတွက် ဘုံဗိမ္မာန်ဖြစ်လျှင် ကျေနပ်နေလျှက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက်

စာရွက်တွေ စုတ်ပြဲမှာကို မကြောက်ပါနဲ့

Image
ကလေးတွေ နှလုံးသား စုတ်ပြဲမှာကိုပဲ ကြောက်ပါ။ တဲ့ ဒီစကားကို ပြောသွားတဲ့ ဆရာကြီးကို အာလုံး သိကြ သတိရကြမှာပါ။ ဆရာကြီး ဦးအောင်သင်း ။ စာပေလူကြမ်းမင်းသားကြီး။ စာပေမှာ လူကြမ်းမင်းသားလို့ အများက ခေါ်ကြသလို တစ်ဖက် က နှလုံးသားနှုးညံ့သော မြန်မာစာဆရာကြီး။ တပည့်တွေနဲ့ စာဖတ်သူ မြန်မာပြည်တွင်း ပြည်ပ မျိုးဆက်သစ်တွေ က အရမ်းချစ်တဲ့ ဆရာကြီး၊ လူငယ်တွေ ကို ချစ်သလို လူငယ်တွေ အင်အားကိုလည်း တန်ဖိုးထားဖို့ ၊မြေတောင်မြှောက်ပေးဖို့ ပြောဆိုဆုံးမခဲ့တဲ့ဆရာကြီး။ လူကြီးတွေ ကစားတော့ အားကစား။ လူငယ်တွေ ကစားတော့ ကမြင်းကြောထ။ ကဲ......ဘယ်လောက်တရားသလဲ။ လူငယ်တွေကြောင့် စစ်ပွဲဖြစ်တာ ရှိလား? လူငယ်တွေတည်ဆောက်ထားတဲ့ အရက်စက်ရုံရှိလား? လူငယ်တွေ စိုက်ထားတဲ့ ဘိန်းခင်းတွေ ရှိလား? လူငယ်တွေကို စောင့်ရှောက်ပါ။ လူငယ်တွေကို နားခိုဖို့ နေရာတိုင်း စာကြည့်တိုက် ဖွင့်နိုင်အောင်ကြိုးစားပါ။ လူငယ်တို့ နုလုံးသားတွေ နုညံ့ယဉ်ကျေးလာအောင် စာပေဖြင့် စာကြည့်တိုက်ကို အသုံးပြုခြင်းဖြင့် ကောင်းမွန်တဲ့ အနာဂတ်တွက် ပိုင်ဆိုင်ဖို့ အနာဂတ်မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့။ စာကြည့်တိုက် ကို သွားကြစို့။ လူငယ့်အားမာန်စာကြည့်တိုက် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရ...

မှတစ်ပါး အခြားမရှိပြီ

Image
စာဖတ် ပရိတ်သတ်ကို မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကလေးကတော့ မိုးမိုး(အင်းလျား) ရေးသားထားသော မှတစ်ပါး အခြား မရှိပြီ ဆိုတဲ့ သတ္တမအကြိမ်မြောက် လုံးချင်းဝတ္ထုဖြစ်ပါသည်။ ဝတ္ထုတွင် အပိုင်းသုံးပိုင်းဖြင့် ရေးသားထားသည်ကိုတွေ့ရပါသည်။ အပိုင်း(တစ်) တွင် အစ်ကိုထွန်း ဟုခေါ်သော ကိုအောင်ထွန်း။ မယ်မြ ၏ ချစ်လှစွာသော ခင်ပွန်း ဆုံးပါးသောအခန်းဖြင့် စတင်ဖွင့်ထားပါသည်။ စကားလုံးသိပ်သည်းအားကောင်းခြင်း ရှင်းလင်းခြင်းကြောင့် စာဖတ်သည် မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်စေပါသည်။ ဖခင်ဆုံးပါးချိန်တွင် အရွယ်မရောက် လူလားမပြောက်သေးသော သမီးအငယ်ဆုံး မိသက်၊ဂျစ်ကန်ကန် ဖြင့် စိတ်ရင်းကောင်းသော မိခင်အချစ်ဆုံးဟု သတ်မှတ်ခံရသော အောင်စိုး၊ အစ်ကိုကြီး အဖ ရာ ဟု သတ်မှတ်တည်ကြည် သော အစ်ကိုကြီး မျိုးထွန်း၊စာအသင့်အသင့် တော်သူ နှင့် ဖခင်ချီးမွမ်းခံရဆုံး နှစ်ယောက် ခင်ကြိုင် နှင့် အောင်တိုး။ မိဘမဲ့လာရှာသော မမြအေး ကြီးတော် တွေ အုပ်ထိန်းသူတွေ က တွန်းတွန်း ထိုးထိုး ဖြင့် ပေးစားလိုက်သဖြင့် ယောင်လည်လည်ဖြင့် ယောကျာ်းရ။ ယောကျ်ားအား ချစ်ကြောက်ရိုသေ ဖြင့် မထိန်းနိုင် မသိမ်းနိုင်၊ နောက်ဆုံး မြေချ ချိန် သားသမီး ငါးဦး ဖြင့် အိမ်ကြီး ရခိုင်ဘဝမှ အောက်ခြေ လူတ...

နွေကိုချစ်တဲ့ ငှက်ကလေး

Image
ရေးသားသူ - ခိုင်စိုးဟိန်း

လူငယ့်အားမာန်စာကြည့်ခန့်း

Image
ရေးသားသူ - ခိုင်စိုးဟိန်း လေးစားစွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက် ပြန်ကြားရေးကော်မတီ

ရှေ့မျက်နှာ နောက်ထား။ နောက်မျက်နှာ ရှေ့ထား အလှူခံပါဗျား

Image
သံ Frame ကိုယ်ထည်ဖြင့် နှစ်ထပ် အဆောက်အဦး လုပ်ဆောင်ပါမည်။ အောက်ခြေ foundation ပိုင်းတော့ လက်ရှိအနေအထားအရ ပြီးပြီလို့ ပြောလို့ ရတဲ့ အနေအထားဖြစ်ပါသည်။  ဘာကြောင့် ဘယ်လို ကြောင့် ဆိုတော့ ဆယ်တန်းအောင်ပြီးသော်လည်းကောင်း ဘွဲ့ရပြီးသော်လည်းကောင်း ကျေးလက်နေ ရွာသူ ရွာသားများ မှန်ကန်သော သတင်းအချက်အလက်များ အလုပ်အကိုင်အခွင့်အလမ်းကို ကို ဖွင့်ပေးလိုခြင်းဖြစ်ပါသည်။ ၁.ကွန်ပျူတာသင်တန်း ဖြင့် အသက်မွေးဝမ်းကြောင်းပြုနိုင်ခြင်း၊ (ဥပမာ၊ စာစီစာရိုက်ခြင်းဖြင့်လည်း အသက်မွေးဝမ်းကြောင်းနိုင်ပါသည်) ၂.Language တစ်ခုခု ဖြင့်လည်း အသက်မွေးဝမ်းကြောင်းပြုနိုင်ခြင်း၊ ၃.လက်မှု ပညာရပ်ဖြင့် (ဥပမာ၊ စက်ချုပ်သင်တန်း) အစသဖြင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ မှ ၁.စာပေဖြင့် အသိဥာဏ်မြင့်မာစေခြင်း၊ ၂.ကိုယ်လက်လှုပ်ရှားအားကစားများ ဖန်တီးပေးနိုင်ခြင်း ၃.သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတတ်စေခြင်း၊ ၄.သက်မွေးပညာရပ်တစ်ခု ဖန်တီးနိုင်စေခြင်း ၅.ရပ်ရွာမှသည် တိုင်း နိုင်ငံအထိ အဆင့်မြင့်တင်လိုခြင်း စိတ်ကူး စိတ်သန်းများဖြစ်ပါသည် ။ စိတ်ကူးစိတ်သန်းများကို အကောင်အထည် ဖော်နိုင်ရန်အလိုငှာ အလှူခံပါသည် ဗျားး လေး...

သာဝတ္ထိ လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ

Image
ခြေလှမ်း တစ်လှမ်း ယုံကြည်မှု တစ်ခု မှစတင်လိုက်ကာ ယနေ့ အခြေအနေ ထိ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ စာကြည့်တိုက် ဖွင့်လှစ်ပါသော်လည်း ထမင်းစားရမှာလား စာဖတ်တော့ ဘာရမှာလဲ ဆိုတဲ့ မေးခွန်များစွာဖြင့် ရင်ဆိုင်နေရဆဲပါ။ စာပေ အသိ စာပေ အဆင့်အတန်း ဆိုတာ တစ်ရက် တစ်မနက် တစ်ည ထဲ ဖတ်ရုံဖြင့် မြင့်မားလှသော အနေအထားမျိုးမဟုတ်ပါ။ အမှန်ကို မမြင်နိုင်သော ဥာဏ်မျက်စိ မရှိခြင်း အင်မတန် ဝမ်းနည်းဖို့ကောင်းပါသည်။ မိမိ မြင်နိုင်သော အရည်အချင်းမရှိသည်ကို မသိရှိပဲ မိမိ မမြင်တိုင်း အမှန်ဟု လက်မခံနိုင်သော တစ်ဖက်ပိတ် ပတ်ဝန်းကျင်တွင်ကို ဒီထက်ပိုမိုကောင်းမွန်သော ဝန်းကျင်တစ်ခု အဖြစ် ပြောင်းလဲရန်အတွက် တိကျမှန်ကန်သော သတင်းဖြန့်ဝေရာ အဖြစ်လည်းကောင်း ကျန်းမာရေးအတွက် အားကစား ပြုလုပ်ရာနေရာအဖြစ်လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းအားဖြင့် အထောက်အပံ့ပြုရာ နေရာအဖြစ်လည်းကောင်း ပညာရေးအသိ ကျန်းမာရေးအသိ စီးပွားရေး အသိ လူမူရေးအသိ နိုင်ငံရေးအသိ အစရှိသဖြင့် မှန်ကန်သော အသိများ ရရှိစေခြင်း အလို့ငှာ ဆောက်လုပ် ဆောင်ရွက်နေလျှက်ရှိပါသည်။ ဖောင်တေးရှင်းမှ နောက်တစ်ဆင့် တက်လှမ်းရန်အတွက် အလှူရှင်များ လိုအပ်နေပါသေးကြောင်း ေ...