Posts

Showing posts from April, 2018

အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်ခြင်း

Image
၂၀၁၈ ခုနှစ် ဧပြီလ ၂၉ နေ့ ် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိရွာ စာသင်ကျောင်းအတွင်းတွင် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပခဲ့ပါသည်။ ထိုသင်တန်းကို လူငယ့်အားမာန်စာကြည့်တိုက် မှ တာဝန်ခံများ သာဝတ္ထိရွာ ပညာဒါနမှ ဆရာ ဆရာမများ ပူးပေါင်းဆောက်ရွက် လုပ်ဆောင်ကြပါသည်။ လာရောက် သင်ကြာပေးသော ဆရာမများမှာ ရန်ကုန်မြို့ အင်္ဂလိပ်စာ ပညာဒါန ဆရာကြီး ဦးမြကြိုင် တပည့် သားသမီးများ ဖြစ်ပါသည်။ အခမ်းအနားကို လက်ခုတ်တီး ဖွင့်လှစ်လိုက်ပါသည်။ အခမ်းအနားကို အထူးဧည့်သည်တော်အဖြစ် ကိုသန်းဆွေဦး တက်ရောက်ပြီး ညီငယ် ညီမငယ်များအား နှုတ်ခွန်းဆက် စကားပြောကြားပေးပါသည်။ ထိုမှ တဆင့် ဆရာဦးဝင်းကြိုင် ဆရာ ကြူကြူခိုင် ဆရာမ ဒေါ်စုမာခိုင် အသီးသီး နှုတ်ဆက်စကား သင်တန်း ချိန်များ ပြောကြားပြီး အခမ်းအနားကို လက်ခုပ်တီး ပိတ်သိမ်းပါသည်။ ထိုသင်တန်း ဖြစ်မြောက်ရန်အတွက် စင်ကာၤပူမှ အလှူရှင်အားလည်းကောင်း အစစ အရာရာ ကူညီပေးပါသော ဆရာလှိုင်ဝင်းလည်းကောင်း လူငယ့်အားမာန်မှ တာဝန်ခံများ လည်းကောင်း ဆရာ ဆရာမများအားလည်းကောင်း ကျေးဇူးတင်ထိုက်သူ အပေါင်းကျေးဇူးတင်ပါသည်။ မျိူးဆက်သစ်တွေကို ဂါရဝ ပြုလျှက်ပါ။ သတင်းနှင့် ပြန်ကြားရေး လူငယ့်အားမာန...

လူငယ်ဖွံ့ဖြိုးရေးစင်တာ foundation ကုန်ကျစရိတ်ရှင်းတမ်း

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေး စင်တာ Foundation ဆောက်လုပ်ခြင်း ကို မတ်လကုန်တွင် ပြီးစီးခဲ့ခြင်း ဖြစ်ပါသည်။ ထိုအဆောက်အဦးတွင် ကုန်ကျခဲ့ သော ငွေစာရင်း ရှင်းတမ်း ဖြစ်ပါသည် ။ ၂၀၁၈ ခုနှစ် ဧပြီ - ၁ရက်နေ့ ရှင်းတမ်း အရ စာကြည့်တိုက်ရန်ပုံငွေ ၂၅၃၅၇၀၀ ကျပ်ဖြစ်ပါသည်။ လေးစားစွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက် သတင်း နှင့် ပြန်ကြားရေး

စာကြည့်တိုက်အဟောင်း နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ

မိတ်ဆွေတစ်ဦးမှ အကြုံပြု စကားကို ကြားရပြီး။ အားလုံးသော အလှူရှင်များလည်း ထပ်တူ ထိုမေးခွန်းကို သိချင် ကြလိမ့်မည်ဟု ထင်မိပါသည်။ စာကြည့်တိုက် ဟောင်း ရှိပြီး ဖြစ်ရယ်သား နှင့် အသစ်ဘာကြောင့် ဆောက်ချင်ရသလဲ? ဆိုသည့် မေးခွန်းပါ။ လက်ရှိစာကြည့်တိုက် ပြောင်းရွှေ့ သုံးစွဲခွင့် ရကြောင်း သိခြင်း ************************************************************* ယခင် ဦးအောင်လင်း+ဒေါ်ခင်စောလှ အိမ်တွင် ဖွင့်လှစ်သည်မှ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။ လက်ရှိ အသုံးပြု နေသော စာကြည့်တိုက်သည် ယခင် အဖွဲ့အစည်းဟောင်းဖြစ်သော ဦးဖြူ ဦးနီ အစသဖြင့် ဦးဆောင်ပြီး မလေးရှားနိုင်ငံရောက် သာဝတ္ထိရွာသားများ နှင့် ဆရာတော် အလှူငွေ များဖြင့် ဆောက်လုပ်ထားသည်ဟု သိရှိ ယူဆမိပါသည်။ ဆရာတော် ဦးရာဇိန္န ခွင့်ပြု သည်ဟု တစ်ဆင့် စကားကြားရမှုနှင့် အတူ ကျွန်တော်တို့သည် အတိုင်းမသိ ဝမ်းသာမိပါသည်။ ဆရာတော် ကို ကျေးဇူးတင်သလို အရင် အဖွဲ့အစည်းဟောငိးကိုလည်း ကျေးဇူးတင်ပါသည်။ ဆရာတော် မိန့်ကြားသည့် စကား နှင့် အတူ တဆင့် စကားအရ ဆရာ ဦးစိုးဝင်းကျော် မှ တဆင့် သိခွင့်ရရှိခဲ့ပါသည်။ ထိုအချိန်မှ စ၍ ကျွန်တော်တို့ အသုံးမကျခဲ့သည် ရှိသော ်အကြောင်း အမျိုးမျိုးကြောင့် နာလည...

သူ

Image
စာပေချစ်သူများ မင်္ဂလာပါ။ မိတ်ဆက်ပေးချင်တဲ့ စာအုပ်လေးကတော့ ဂျာနယ်ကျော်ဦးချစ်မောင်(ရွှေလင်းယုန်) ရေးသားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။  စာအုပ်အမည် ကတော့ နာမည် တစ်လုံးတည်းပါပဲ။ သူ ။ သူ လို့ ဆိုလိုက်တော့ ဘယ်သူကို့ရည်ညွန်းချင်တာလဲ။ သေချာတာတစ်ခုကတော့ စာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တစ်ယောက်ယောက်ကိုပဲ။ စာအုပ်ရဲ့အဖွင့် စာမျက်နှာမှာ နှစ်ယောက်သော သူ ဆိုတဲ့ ဇာတ်လမ်းနဲ့ စထားပါတယ်။ နှစ်ယောက်စလုံးကို ဂုဏ်အင်္ဂါတွေ အားသာချက် အားနည်းချက် တွေ နဲ့ စတင်မိတ်ဆက်ပေးထားတယ်။  အမျိုးသားဇာတ်ဆောင်နှစ်ယောက်။ နှစ်ယောက်စလုံးက ဆရာဝန်။ တစ်ယောက်က အသားဖြူဖြူ ရုပ်ချောချော စကားပြောကောင်းသူ။မောင်သက်ထွန်း။ တစ်ယောက်က အသားညိုညို စကားနည်း အနေတည်တံ့။ကိုမြင့်မောင်။  အမျိုးသားဇာတ်ကောင် နှစ်ယောက်လုံးက ကြော့ဆိုတဲ့ ဆရာဝန်တစ်ယောက်၏သမီးပျိုကလေး ကိုအပြိုင်ပိုးပန်း။  နှစ်ယောက်စလုံးကို သဘောကျတဲ့ အတွက် ဖခင် မသေဆုံးခင်ကတည်းက အိမ်ကို ဝင်ထွက်ခွင့်ပေးခဲ့။ ဇာတ် သဘောကို အရှိန်မြင့်ဖို့ သေဆုံးပြီး ၄၅ ရက်အတွင်း တစ်ယောက်သော အမျိုးသားကို  လက်ဆက်ပြီး။ ကျန်တစ်ယောက် က မိတ်ဆွေရင်းချာဖြစ် စောင့်ရှောက်ဖို့ ကတိကဝတ်ခံထားကြ။  ထိုအတောအတွင်...