အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်ခြင်း


၂၀၁၈ ခုနှစ် ဧပြီလ ၂၉ နေ့ ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် သာဝတ္ထိရွာ စာသင်ကျောင်းအတွင်းတွင် အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပခဲ့ပါသည်။
ထိုသင်တန်းကို လူငယ့်အားမာန်စာကြည့်တိုက် မှ တာဝန်ခံများ သာဝတ္ထိရွာ ပညာဒါနမှ ဆရာ ဆရာမများ ပူးပေါင်းဆောက်ရွက် လုပ်ဆောင်ကြပါသည်။ လာရောက် သင်ကြာပေးသော ဆရာမများမှာ ရန်ကုန်မြို့ အင်္ဂလိပ်စာ ပညာဒါန ဆရာကြီး ဦးမြကြိုင် တပည့် သားသမီးများ ဖြစ်ပါသည်။ အခမ်းအနားကို လက်ခုတ်တီး ဖွင့်လှစ်လိုက်ပါသည်။ အခမ်းအနားကို အထူးဧည့်သည်တော်အဖြစ် ကိုသန်းဆွေဦး တက်ရောက်ပြီး ညီငယ် ညီမငယ်များအား နှုတ်ခွန်းဆက် စကားပြောကြားပေးပါသည်။ ထိုမှ တဆင့် ဆရာဦးဝင်းကြိုင် ဆရာ ကြူကြူခိုင် ဆရာမ ဒေါ်စုမာခိုင် အသီးသီး နှုတ်ဆက်စကား သင်တန်း ချိန်များ ပြောကြားပြီး အခမ်းအနားကို လက်ခုပ်တီး ပိတ်သိမ်းပါသည်။
ထိုသင်တန်း ဖြစ်မြောက်ရန်အတွက် စင်ကာၤပူမှ အလှူရှင်အားလည်းကောင်း
အစစ အရာရာ ကူညီပေးပါသော
ဆရာလှိုင်ဝင်းလည်းကောင်း
လူငယ့်အားမာန်မှ တာဝန်ခံများ လည်းကောင်း
ဆရာ ဆရာမများအားလည်းကောင်း
ကျေးဇူးတင်ထိုက်သူ အပေါင်းကျေးဇူးတင်ပါသည်။
မျိူးဆက်သစ်တွေကို ဂါရဝ ပြုလျှက်ပါ။
သတင်းနှင့် ပြန်ကြားရေး
လူငယ့်အားမာန်စာကြည့်တိုက်
သာဝတ္ထိရွာ
Image may contain: one or more people, people standing and outdoor

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ