စာကြည့်တိုက်အဟောင်း နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ
မိတ်ဆွေတစ်ဦးမှ အကြုံပြု စကားကို ကြားရပြီး။ အားလုံးသော အလှူရှင်များလည်း ထပ်တူ
ထိုမေးခွန်းကို သိချင် ကြလိမ့်မည်ဟု ထင်မိပါသည်။
စာကြည့်တိုက် ဟောင်း ရှိပြီး ဖြစ်ရယ်သား နှင့် အသစ်ဘာကြောင့် ဆောက်ချင်ရသလဲ?
ဆိုသည့် မေးခွန်းပါ။
လက်ရှိစာကြည့်တိုက် ပြောင်းရွှေ့ သုံးစွဲခွင့် ရကြောင်း သိခြင်း
*************************************************************
ယခင် ဦးအောင်လင်း+ဒေါ်ခင်စောလှ အိမ်တွင် ဖွင့်လှစ်သည်မှ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။
လက်ရှိ အသုံးပြု နေသော စာကြည့်တိုက်သည် ယခင် အဖွဲ့အစည်းဟောင်းဖြစ်သော ဦးဖြူ ဦးနီ အစသဖြင့် ဦးဆောင်ပြီး မလေးရှားနိုင်ငံရောက် သာဝတ္ထိရွာသားများ နှင့် ဆရာတော် အလှူငွေ များဖြင့် ဆောက်လုပ်ထားသည်ဟု သိရှိ ယူဆမိပါသည်။ ဆရာတော် ဦးရာဇိန္န ခွင့်ပြု သည်ဟု တစ်ဆင့် စကားကြားရမှုနှင့် အတူ ကျွန်တော်တို့သည် အတိုင်းမသိ ဝမ်းသာမိပါသည်။ ဆရာတော် ကို ကျေးဇူးတင်သလို အရင် အဖွဲ့အစည်းဟောငိးကိုလည်း ကျေးဇူးတင်ပါသည်။ ဆရာတော် မိန့်ကြားသည့် စကား နှင့် အတူ တဆင့် စကားအရ ဆရာ ဦးစိုးဝင်းကျော် မှ တဆင့် သိခွင့်ရရှိခဲ့ပါသည်။ ထိုအချိန်မှ စ၍ ကျွန်တော်တို့ အသုံးမကျခဲ့သည် ရှိသော ်အကြောင်း အမျိုးမျိုးကြောင့် နာလည်မှု လွှဲခဲ့သည် ရှိသော ်
အချိန်မရွေး နှင်ထုတ်နိုင်ပါသည်ဆိုသည့်အကြောင်း ကို ပြောဆိုခဲ့ပါသည်။ အဆောက်အဦးကိုလည်း ရိုရိုသေသေ သုံးစွဲပါမည်။ အကယ်၍ သဘောမကျပါက တစ်နှစ်ကြိုတင် အသိပေးခြင်း ဖြင့် နှင်ထုတ်ခွင့် ရှိပါသည်။
စတင်သုံးစွဲခြင်း နှင့် အတူ ပြုပြုပြောင်းလဲမှုများ လုပ်ဆောင်ခြင်း
***********************************************************
၂၀၁၄ ခုနှစ် ဒုတိယအကြိမ် ပြုလုပ်ရန်အတွက် အကြိုဆွေးနွေးပွဲ မှ စတင်၍ ယခု စာကြည့်တိုက်ဟောင်း အဆောက်အဦးကို စတင် သုံးစွဲခဲ့ပါသည်။ သုံးစွဲသည့်အတောတွင်း အပျက်အစီး အလေအလွင့် မရှိအောင် ဂရုစိုက်ပြီး သုံးစွဲခဲ့ပါသည်။ ပြုပြင်ပြောင်းလဲခြင်း အရ အဆောက်အဦး မျက်နှာစာတွင် သဲမြေဖို့ခြင်း၊ဆေးသုတ်ခြင်း (ဆေးပုံး ဆရာတော်လှူသည်ဟု သိရ)၊အစိုဓာတ်ပြန်သဖြင့် ကွန်ကရစ် ကြမ်းပြင်ခြင်း စသည်တို့ကို လုပ်ဆောင်ပါသည်။
နေရာ ကြပ်တည်းလာခြင်း
**************************
စာအုပ်များ များပြားလာခြင်းကြောင့် စာအုပ်စင်များ အသစ်ပြုလုပ်ခြင်း ကြောင့် လက်ယာဖက်အခန်းတွင်း စာအုပ်စင် ၉ ခု နှင့် စာကြည့်တိုက်မှူး စားပွဲ ခုံ ဖြင့် နေရာ ပြည့်နေပါသည်။ လက်ဝဲဖက်အခန်းတွင် နှစ်ဖက်ဖွင့် သုံးဆင့် သုံးခန်း ဗီရို တစ်လုံး ကလေးစာဖတ်ခုံ ငါးစုံ ၊တီဗွီ တစ်လုံး အစဖြင့် အခန်း နှစ်ခန်း တစ်ခန်း လျှင် အကျယ် (၁၂ ပေ ၉ ပေ ) နှစ်ခန်း ကလေးစာဖတ်ခန်းအဖြစ် ယာယီ အသုံးပြုလျှက် ရှိပါသည်။
ပြောင်းလဲ လာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများထိ လမ်းဖောက်လိုခြင်း
************************************************************
ခေတ်နှင့်အညီတိုးတက်လာခြင်းသည် တစ်ကြောင်း၊စာဖတ်လျှင် ဘဝအာမခံချက် မည်သည့်အချက် ကို ပေးနိုင်လို့လဲ မေးခွန်းများမှ တစ်ကြောင်း၊တက္ကသိုလ်ကျောင်းပြီးသော်လည်း တောင်သူခွင်ပဲ ဝင်ရောက်နေသည် ပညာတတ်ဘွဲ့ရများကို ကိုယ်ချင်းစာ၍ သော်လည်းကောင်း စာကြည့်တိုက် မှ တဆင့် လူငယ်ဖွ့ံ့ဖြိုး ရေး စင်တာသို့ ပြောင်းလဲ ရန်အတွက် များစွာ မျှော်လင့် ဖြစ်လိုစိတ် ပြင်းပြလျှက် ရှိပါသည်။
လူငယ်ဖွံ့ဖြိုးရေးစင်တာ ဖွင့်လှစ်ခြင်း ရည်ရွယ်ချက် ထားရှိခြင်း
*********************************************
လူငယ်ဖွံ့ဖြိုးရေး စင်တာတွင် ကလေးငယ်များ
၁.စာဖတ်ခြင်း စာရေးခြင်း ကဗျာရေးခြင်း ကဗျာရွတ်ခြင်း
၂ .အရုပ်ရေးဆွဲခြင်း အရောင်ခြယ်ခြင်း အရုပ်ကူးယူရေးဆွဲခြင်း
၃.ကာတွန်းဇတ်ကား ရုပ်ရှင်ကြည့်ခြင်း
၄. ဆော့ကစားခြင်း ၊ အပန်းဖြေစေခြင်း
လူကြီးများအတွက်
၁.စာဖတ်ခြင်း၊ စာအုပ်စာတမ်းများ မှ လိုအပ်သော အချက်အလက်များ အလွယ်တကူရှာဖွေတတ်စေခြင်း
၂.ကွန်ပျူတာ သင်တန်းမှ တဆင့် မုံရွာ မန္တလေး ရန်ကုန် အထိ Typing စာစီစာရိုက် A+ အတက်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်စေခြင်း
၃.အင်္ဂလိပ် စကားပြောသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် တက္ကသိုလ်တက်စဉ်ကာလအတွင်း အင်္ဂလိပ်စာ ဘာသာရပ်အတွက် အဆင်ပြေစေလိုခြင်း၊ သက်မွေးသင်တန်းအထိ ထောက်ပံ့လိုခြင်း၊
၄.အလယ်တန်းအဆင့် များအတွက် ကွန်ပျူတာ အထည်ချုပ်စက်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုစေလိုခြင်း
စသည့် ရည်ရွယ်ချက်များကြောင်း အဆောက်အဦး တိုးချဲ့ရန်အတွက် စတင် ဆွေးနွေ းဖြစ်ပါသည်။
အဆောက်အဦးနေရာတိုးချဲ့ရန် အကြမ်းဖျင်း ဆွေးနွေးခြင်း
********************************************************
လက်ရှိ အသုံးပြုနေသော စာကြည့်တိုက် လက်ဝဲသော်လည်းကောင်း လက်ယာသော်လည်းကောင်း လုပ်ခွင့်ပေးပါသည်။ သို့ပါသော်လည်း ကျွန်တော် တို့သည် ရှေ့မျက်နှာအကျယ်အဝန်းကိုပဲ နှစ်သက်ခဲ့ပါသည်။ ကျွန်တော်တို့ ကြိုးစားခဲ့ပါသော် လည်း ယခင် အဖြေတိုင်းပဲ ရရှိခဲ့ပါသည်။
အရဲ့စွန့်သည့် နေရာကို တောင်းဆိုခြင်း ကြခြင်း
*********************************************
ကျွန်တော်တို့ တွေ့ရှိသည့် နေရာသည် ယခင် ခေတ်အဆက်ဆက် ဘုရားမြေ ဖြစ်ပါသည်။ ဘုရားမြေဖြစ်သည့်အတွက် တစ်ချို့ လူကြီးများသည် မကြိုက်ကြပါ။
၁.လမ်းဘေး နေရာဖြစ်ခြင်း၊ အလယ်ကျခြင်း
လမ်းဘေးဖြစ်သောကြောင့် ဝင်လွယ် ထွက်လွယ် ဖြစ်ပါသည် ။ မည်သည့် သူပဲ လာလာ နီးနားဖြစ်ခြင်းကြောင့် အလွယ်တကူ ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။
၂.စာသင်ကျောင်းကို ရပ်ရွာ အတွင်းပိုင်း ရောက်နေသည်ကို သဘောမကျသည့်အတွက် ထိုအချက်ကို နောင်လာနောင်သားများသည်လည်း ထိုအချက်ကို သိရှိနားလည်စေရန် ရပ်ရွာနှင့် သက်ဆိုင်သော အဆောက်ဦးများသည် လွယ်ကူသော နေရာတွင် ရှိနေရမည်။
၃.ရွာသစ်တည်ခဲ့သော် ရှေးလူကြီးဟောင်းများကို သဘောကျ၍ ၊စာသင်ကျောင်း နေရာရွေးခဲ့သော လူကြီးများကို သဘောမကျခဲ့ပါ။ ထိုအချက်ကို နမူနာယူခဲ့ပါသည်။
အကြောင်းသော အကြောင်းများကြောင့် လူငယ်ဖွ့ံ့ဖြိုးရေးစင်တာ ဆောက်လုပ်ရန်တွက် အကြောင်းဖန်လာခြင်းဖြစ်ပါသည်။ အလှူရှင်များ၏ ရန်ပုံငွေ ကို ဖြုန်းတီးလိုခြင်း အလျှင်း မရှိပါ
တိုးတက်စေလိုခြင်းဖြစ်သည့် အချက်ကြောင့်တစ်ကြောင်း၊ မမြင်နိုင်သော အခက်မခဲများကို ကြိုတင်ခြင်းသည် လည်းကောင်း ရပ်ရွာပြရုပ် တစ်ခု ဖြစ်စေလိုခြင်းသည်လည်းကောင်း
ရပ်ရွာမှသည ်နိုင်ငံတော်အထိ ခေတ်မီ တိုးတက်မြင့်မား ပြောင်းလဲ လာစေခြင်းကြောင့် လည်ကောင်း ၊ခေတ်အဆက်ဆက် နိမ့်ပါးလာသော ပညာကို ကို အားမရသောကြောင့် ပညာရေးကို ပြုပြင်နိုင်ခွင့်မရသောကြောင့် အသိပညာဖြင့် တစ်ဖက်တစ်လမ်းမှ့ လှော်နိုင်ကောင်းပါရဲ့ဆိုသည့် မျှော်လင့်ချက်လေးဖြင့် ရုန်းကန်မိပါသည်။ သို့ပါသော်လည်း စာဖတ်ရင် ဘာရမှာလဲ စာဖတ်ရင ်ထမင်းစားရမှာလား ဆိုသည့် မေးခွန်းများကို တစ်ဦးတစ်ယောက်ခြင်း မဖြေနိင်သောကြောင့် စာလာဖတ်သည့် ကလေးငယ်များကို ဘဝအာမခံချက် တစ်စိတ်တစ်ပိုင်းထိ ပေးစေလိုခြင်းကြောင့် လူငယ်ဖွ့ံ့ဖြိုးရေး စင်တာကို ရှုးသွပ်စွာ လှုပ်ရှားခဲ့ပါသည်။
အလှူငွေများ များကို စနစ်တကျ အလေအလွင့်မရှိအောင်လည်း ဂရုစိုက်စွာ သုံးစွဲနေပါသည်။ တစ်လလျှင် တစ်ကြိမ် အတတ်နိုင်ဆုံး စာရင်းရှင်းတမ်း ထုတ်ပေးပါမည်။ အကြောင်း အမျိုးမျိုးကြောင်း မရှင်းလင်းသည်များ ရှိခဲ့သော် ကျွန်တော်ထံ တိုက်ရိုက် ဆွေးနွေးမေးမြန်းနိုင်ပါသည်။ လူငယ့်အားမာန်စာကြည့်တိုက် လက်ရှိလုပ်နေဆဲ နောင် လုပ်ဆောင်လတ္တံ့ ဖြစ်စဉ်များကို လည်း ဝေဖန် ဆွေးနွေး အကြုံနိုင်ပါသည်။
လေးစားစွာဖြင့်
လူငယ့်အားမာန်စာကြည့်တိုက်
သတင်း နှင့် ပြန်ကြားရေး
09-73551087
Comments
Post a Comment