သူ
စာပေချစ်သူများ မင်္ဂလာပါ။
မိတ်ဆက်ပေးချင်တဲ့ စာအုပ်လေးကတော့ ဂျာနယ်ကျော်ဦးချစ်မောင်(ရွှေလင်းယုန်)
ရေးသားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။
စာအုပ်အမည် ကတော့ နာမည် တစ်လုံးတည်းပါပဲ။
သူ ။ သူ လို့ ဆိုလိုက်တော့ ဘယ်သူကို့ရည်ညွန်းချင်တာလဲ။
သေချာတာတစ်ခုကတော့ စာအုပ်ထဲမှာပါတဲ့ ဇာတ်ကောင်တစ်ယောက်ယောက်ကိုပဲ။
စာအုပ်ရဲ့အဖွင့် စာမျက်နှာမှာ နှစ်ယောက်သော သူ ဆိုတဲ့ ဇာတ်လမ်းနဲ့ စထားပါတယ်။
နှစ်ယောက်စလုံးကို ဂုဏ်အင်္ဂါတွေ အားသာချက် အားနည်းချက် တွေ နဲ့ စတင်မိတ်ဆက်ပေးထားတယ်။
အမျိုးသားဇာတ်ဆောင်နှစ်ယောက်။ နှစ်ယောက်စလုံးက ဆရာဝန်။
တစ်ယောက်က အသားဖြူဖြူ ရုပ်ချောချော စကားပြောကောင်းသူ။မောင်သက်ထွန်း။
တစ်ယောက်က အသားညိုညို စကားနည်း အနေတည်တံ့။ကိုမြင့်မောင်။
အမျိုးသားဇာတ်ကောင် နှစ်ယောက်လုံးက ကြော့ဆိုတဲ့ ဆရာဝန်တစ်ယောက်၏သမီးပျိုကလေး ကိုအပြိုင်ပိုးပန်း။ နှစ်ယောက်စလုံးကို သဘောကျတဲ့ အတွက် ဖခင် မသေဆုံးခင်ကတည်းက အိမ်ကို ဝင်ထွက်ခွင့်ပေးခဲ့။
ဇာတ် သဘောကို အရှိန်မြင့်ဖို့ သေဆုံးပြီး ၄၅ ရက်အတွင်း တစ်ယောက်သော အမျိုးသားကို လက်ဆက်ပြီး။ ကျန်တစ်ယောက် က မိတ်ဆွေရင်းချာဖြစ် စောင့်ရှောက်ဖို့ ကတိကဝတ်ခံထားကြ။ ထိုအတောအတွင်း ပုလိပ်ရောဂါဖြင့် သေဆုံးကြသော မြို့တွင်း နယ်တွင်း မှာ မိတ်ဆွေများ ပြည်သူများ လူနာများဖြင့် ဆရာဝန်နှစ်ဦးစလုံး၏ အရည်အချင်း လင်ယောက်ျား ခင်ပွန်းအဖြစ် သတ်မှတ်ရန် အမျိုးသမီးမှ စောင့်ကြည့်နေခဲ့။ မောင်သက်ထွန်းကို အမျိုးသမီး ဇာတ်ကောင် ဖြင့် အနေနှီး၊ချစ်အားပို။ မောင်သက်ထွန်း မြို့တွင်းကုသ ပုံများ စိတ်ရည်ပုံများ လူနာနှင့် ပတ်သတ်ယှဉ်လာရင် မိမိချစ်သူ ကြော့အပေါ်တွင် စေတနာပိုပုံ။မိန်းမသားတို့ သဘာဝ ကျေနပ်။ ကိုမြင့်မောင်။ မိမိချစ်ရသူဆီ ရောက်ဖို့ နေနေသာသာ။ မိမိဆီ ရောက်ရှိလာသော ချစ်ရသူကိုတောင်
လာလို့ လာမှန်းမသိအောင် အလုပ်ပင်ပန်း အိပ်ရေးပျက်နေသော ဆရာဝန်တစ်ယောက်။ ကိုမြင့်မောင် နောက်ကွယ်က လုပ်ရပ်များကို စာရေး သူအနေဖြင့် ဝေးဝေးမှာထား။ အသိပေးမထား။ ၄၅ရက် ပြည့်နေချိန်မှာ။ အနီးအနားမှာ ရှိသော အလိုက်သိသော အပြောကောင်းသော ရုပ်ချောသော မောင်သက်ထွန်းကို ရွေးချယ်ချိန်။ (ပလိပ်ရောဂေါကု နယ်သွားရင်း မီးလောင်နေသော အိမ်ထဲမှ လမ်းမလျှောက်နိုင်သူ ဦးလေးတစ်ယောက်ကယ်တင်ရင်း) ကိုမြင့်မောင်ခမျှာ။ အိပ်ယာထဲလှဲ။တစ်သက်လုံးုး ပြန်မကောင်းနိုင်တော့တဲ့
ခြေထောက်တစ်ချောင်းနှင့် ယခုချိန်ထိ ပြန်မကောင်းသေးတဲ့ မျက်လုံးဖြင့် လောကကို ရင်ဆိုင်ရမည့်အနေအထား။ မယှဉ်ပြိုင်တော့ပဲ။ လက်ရှိဘဝ အနေအထားကို မပေးချင်သော ချစ်ရသူအား အဝေးမှ ပင် စာလွှာရေး စာလွှာဖတ်ခဲ့။ မခင်လှ ။ မနေနိုင်လို့ ကျေးဇူးရှင်အဖြစ် လေးစားချစ်ခင်ရသော ကိုမြင့်မောင်အတွက်
စကားမှန် အခြေအနေမှန် အဖြစ်မှန်ကို ကြော့ဆီ သွားအကြောင်းကြား ပြန်လည် ပြင်ဆင်ခွင့်မရှိတော့တဲ့ ဘဝခရီးအတွက် ခံစားမှု ရောပြွန်းစွာ လက်ဆက် လက်ထပ်သွားသော ကြော့။ ကိုမြင့်မောင် တစ်ဘဝလုံးကို အလုပ်အကျွေးပြုချင်ရှာသော မခင်လှ။ မခင်လှ သံယောဇဉ် ပိုလာခြင်း။ ကြော့ထံမှ သံယောဇဉ်မပြတ်။ အမှားတစ်ခုအတွက် အလုပ်အကျွေး ပြုချင်ရှာသော ကြော့။ မဖြစ်နိုင်တော့တဲ့ အခြေအနေကြောင့် ချစ်ရသူများထံ မှ ထွက်ပြေး။ သုံးဆယ်မြို့။ လဲ့လဲ့။ ဘယ်လို ပတ်သတ်။ ဘယ်လို မျက်ဝန်းတွေ ကို ပြန်လည်ခံစား။လဲ့လဲ့သည် ဂရုဏာသက်လာသိလို။ မခင်လှ သံယောဇဉ်ကိုလည်း သိ ။ ကြော့ အပူသည်လည်း လာဟပ်။
ကြော့ မဖြစ်နိုင်တောတဲ့ အခြေအနေမှာ။ မခင်လှကို ညီမလေးတစ်ယောက်လို ခံစား။ လဲ့လဲ့ ရောဆိုတဲ့
အမေးကို မဖြေနိုင်။ ရင်ထဲ မချိ။ ချစ်ရသူများထံမှ အဝေးကို ပြေးထွက်လာပြီ။ တစ်ဖန် မိမိချစ်ခင်ရသူရဲ့
အထင်လွှဲခြင်း။ စော်ကားခံရခြင်း။ ဂုဏ်သိက္ခာထိပါးခြင်း။ ချစ်ခြင်း ရှက်ခြင်း။အန်တုခြင်း ရသ ပေါင်းမျာစွာ။
စိတ်ဝင်စားဖွယ် ရင်နှင့်ဖွင့် ခံစားမှု ရသအမျိုးမျိုးကို ရွှေလင်းယုန်ကလောင်စွမ်းဖြင့်
ကွန့်မြူး ရေးသားပုံမှာ စာဖတ်သူသို့ တသသ ရင်နှင့်အမျှခံစားပြီး စာပေရသ
စာပေ ၏ အနှစ်သာရ ကို အပြည့်အဝ ခံစားရမည့် စာအုပ်ကောင်းတစ်အုပ်သာ။
#စာပေအသိဉာဏ်ဖြင့်လောကကိုအလှဆင်ကြပါစို့။
https://www.facebook.com/fieryladdielibrary/
လူငယ့်အားမာန်စာကြည့်တိုက်
တန်ဖိုး-၃၀၀၀
Comments
Post a Comment