စာမေးပွဲမရှိတဲ့ စာကြည့်တိုက်မှာ ထွက်တဲ့ အောင်စာရင်း
ဟုတ်မင်္ဂလာပါ။ ဒီလို စနေ တနင်္ဂနွေ လို သီတင်းပတ် ကျောင်းပိတ်ရက်ဆိုရင် ကျောင်းသား ကျောင်းသူ ငယ်လေးတွေ လူငယ့်အားမာန်စာကြည့်တိုက်မှာ စုရုံး တတ်ကြပါတယ်။ ဒီနေ့ တော့ မမျှော်လင့်ပဲ ဖုန်းခေါ်လိုက်ပါတယ်။ ဟဲလို စာကြည့်တိုက်မှူလား ။ ဟုတ်ပါတယ်။ ဘာပြောချင်လို့လဲ။ ပြောပါ။ အရင်ဆုံး မေးတဲ့ မေးခွန်းက စာကြည့်တိုက်မှာ ကလေး ဘယ်နှစ်ယောက်ရှိလဲ။ အားလုံးပေါင်း ၂၀ လောက ်ရှိမယ်။ အဲဆို စကားဝိုင်းလုပ်ပေး ပါ။ အားလုံး ဝိုင်းထိုင် ဖုန်းကို စကားဝိုင်းအလည်မှာ ချပေးပါ။ ဟဲလို အားလုံးပဲ မင်္ဂလာပါ သားတို့ သမိးတို့ ။ အရင်ဆုံး စာကြည့်တိုက် မှာ အမြဲတမ်းလာတဲ့ သားသား ခိုင်စိုးဟိန်းကို ခေါင်းဆောင်ခန့်လိုက်တယ်။ သားသား အခုစကားဝိုင်းမှာ လူဘယ်နှစ်ယောက်လဲ ၁၂ ယောက်ထင်တယ်။ ထင်တယ် မပြော နဲ့ တိတိကျကျ ပြောပေးပါ။ ၁၈ ယောက်ပါ ။ အဲဒီ ၁၈ ယောက်လုံးကို နာမည်၊ မိဘအမည်၊အတန်း၊အသက်၊ လမ်းနာမည် မိတ်ဆက်ခိုင်းပေးပါ။ ၁၈ ယောက်လုံ းမိတ်ဆက်ခိုင်းလိုက်ပါတယ်။ တစ်ချို့က ကျွန်တော် နှင့် စကား ပြောဖူးသလို တစ်ချို့ကလေးများက တစ်ခါမှ မပြောဖူးပါဘူး။ ကျွန်တော်တို့ လုပ်နေတဲ့ စာကြည့်လုပ်ငန်းက တစ်နှစ်တစ်တန်...