စာဖတ်ရင် ဘာရမလဲ?




ာကြည့်တိုက် သွားတော့ ဘာတွေ ထူးခြားလာမှာလဲ ?
ဆိုတဲ့ မေးခွန်းတွေ ဖြေနိုင်ဖို့ ကြိုးစားနေပါတယ်။
********************************************
မနက်ဖြန်တိုင်းမှာ တောက်ပတဲ့ အလင်းရောင်တွေ
တောက်ပတဲ့ အိပ်မက်တွေနဲ့ ကိုယ့်သွေးသားမပါတဲ့
မျိုးဆက်သစ်တွေကို ထမ်း ပိုးလာပါတယ်။
********************************************
စာကြည့်တိုက်ဟာ စဖွင့်ခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာ ၁၂
ညနေခင်းမှာ အဖြူ အစိမ်း ဝတ် ကလေးငယ်တစ်ယောက်
သပ်ရပ်မှု မရှိတဲ့ လမ်းဘေး လူငယ့်အားမာန်စာကြည့်တိုက်မှာ
စာလာဖတ်သွားပါတယ်။ သူမ သတိရနေမလားတော့ မသိ။
ယခု BEd ဆရာမ တစ်ယောက် ဖြစ်လို့ နေပါတယ်။
နှစ်စဉ် ဆုပေးပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ စာဖတ်အား အကောင်းဆုံးဆုပါ။
၂၀၁၄ ခုနှစ်မှာ ကော်မတီ နှစ်သစ်တဲ့ စာရိတ္တ ကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အခါ ၂၀ ငှားလို့ ရတဲ့ စာအုပ်ငှား ကဒ်
လေးတွေကို ၂၀၀ ဖြင့် ရောင်းထားပါတယ်။ စိတ်ကြိုက် အုပ် ၂၀ ငှားလို့ ရပါတယ်။ စစ်ဆေးသူ မရှိပါဘူး။ သူ့တို့ ကုန်ပြီ ပြောမှ ၂၀၀ ထပ်ပေးပြီး အသစ် လုပ်ပေးပါတယ်။
အခြားသူတွေကတော့ ကုန်လည်း မပြောခဲ့ ဖြစ်သူ များပါတယ်။
ထိုကောင်မလေးက တော့ ကဒ်ကုန်ပြီဆိုတဲ့ အကြောင်း အလှူငွေ ၂၀၀
ထားခဲ့တယ်ဆိုတဲ့ အကြောင်း အမြဲ ပြောပြီး ထားခဲ့ပါတယ်။
သူ့ကို နှစ်သက်သည့် အတွက် ဆုပေးခဲ့ပါတယ်။
စာကြည့်တိုက်ကို လာခဲ့သည့် ထိုကောင်မလေး ဟာ မြို့ပြ အင်ဂျင်နီယာ
ကျောင်းသူ တစ်ယောက် ဖြစ်နေပါပြီ . သူမ စာကြည့်တိုက်လေးကို သတိရနေမလား?
၂၀၁၅ ၂၀၁၆ နှစ်တွေမှာ ကွန်ပျူတာ သင်ပေးဖြစ်ခဲ့ပါတယ်။ ထူးထူးခြားခြား ခပ်သွက်သွက် ကောင်းသူ နှစ်စု တွေ့ခဲ့ပါတယ်။ တစ်စု ကတော့ လက်ရှိ ဆယ်တန်းတက်နေကြသူများ ဖြစ်ပြီး။ နောက်တစ်ခု ကတော့ ဆယ်တန်းဖြေပြီး ကျောင်းသူ တစ်စုပါပဲ။ ထိုထဲက အမှတ်အရဆုံးကတော့ ဆေးကျောင်းသူ ဖြစ်ဖို့ နှစ်ယောက်စလုံး ရင်ဖွင့်ကြတယ်။ တစ်ယောက်က တော့ ဆေးမှတ် မီလိမ့်မယ် ထင်ပါတယ်။ တစ်ယောက်ကတော့ မီမယ်မထင်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ဆရာဝန်မကြီးများဖြစ်ခဲ့ရင် လူငယ့်အားမာန်စာကြည့်တိုက်ထဲက စာဖတ်ခဲ့တဲ့ အကြောင်း သတိတရ ပြောဖို့ မေ့များ နေမလား?

လေးစားစွာဖြင့်
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ