စာမေးပွဲမရှိတဲ့ စာကြည့်တိုက်မှာ ထွက်တဲ့ အောင်စာရင်း
ဟုတ်မင်္ဂလာပါ။
ဒီလို စနေ တနင်္ဂနွေ လို သီတင်းပတ် ကျောင်းပိတ်ရက်ဆိုရင် ကျောင်းသား ကျောင်းသူ ငယ်လေးတွေ လူငယ့်အားမာန်စာကြည့်တိုက်မှာ စုရုံး တတ်ကြပါတယ်။ ဒီနေ့ တော့ မမျှော်လင့်ပဲ ဖုန်းခေါ်လိုက်ပါတယ်။ ဟဲလို စာကြည့်တိုက်မှူလား ။ ဟုတ်ပါတယ်။ ဘာပြောချင်လို့လဲ။ ပြောပါ။ အရင်ဆုံး မေးတဲ့ မေးခွန်းက စာကြည့်တိုက်မှာ ကလေး ဘယ်နှစ်ယောက်ရှိလဲ။ အားလုံးပေါင်း ၂၀ လောက ်ရှိမယ်။
အဲဆို စကားဝိုင်းလုပ်ပေး ပါ။ အားလုံး ဝိုင်းထိုင် ဖုန်းကို စကားဝိုင်းအလည်မှာ ချပေးပါ။
ဟဲလို အားလုံးပဲ မင်္ဂလာပါ သားတို့ သမိးတို့ ။ အရင်ဆုံး စာကြည့်တိုက် မှာ အမြဲတမ်းလာတဲ့ သားသား ခိုင်စိုးဟိန်းကို ခေါင်းဆောင်ခန့်လိုက်တယ်။ သားသား အခုစကားဝိုင်းမှာ လူဘယ်နှစ်ယောက်လဲ ၁၂ ယောက်ထင်တယ်။ ထင်တယ် မပြော နဲ့ တိတိကျကျ ပြောပေးပါ။ ၁၈ ယောက်ပါ ။ အဲဒီ ၁၈ ယောက်လုံးကို နာမည်၊ မိဘအမည်၊အတန်း၊အသက်၊ လမ်းနာမည် မိတ်ဆက်ခိုင်းပေးပါ။ ၁၈ ယောက်လုံ းမိတ်ဆက်ခိုင်းလိုက်ပါတယ်။ တစ်ချို့က ကျွန်တော် နှင့် စကား ပြောဖူးသလို တစ်ချို့ကလေးများက တစ်ခါမှ မပြောဖူးပါဘူး။ ကျွန်တော်တို့ လုပ်နေတဲ့ စာကြည့်လုပ်ငန်းက တစ်နှစ်တစ်တန်းတက်ပေးနဲ့ အတန်းကျောင်းပညာလိုလဲ
မဟုတ်ဘူး။ အဲတော့ တော်တော်များများ အလှူရှင် စိတ်ဝင်းစားတဲ့ နေရာ မဟုတ်ခဲ့ပါဘူး။
ဒါကြောင့် လှူဒါန်းခဲ့တဲ့ အလှူရှင်များ ပီတြိဖစ်အောင် အခြေအနေ သိအောင် စာမေးပွဲ မဟုတ်တဲ့ စကားဝိုင်းကို ကျင်းပလိုက်ပါတယ်။ တစ်ဦး တစ်ယောက်ချင်း မိတ်ဆက်ပြီးတဲ့ အခါ မှာ မိမိ အကြိုက်ဆုံး စာအုပ် နှင့် စာအုပ်ထဲက ပါတဲ့ အကြောင်းအရာ ကို အနည်းအများအလိုက် နည်းနည်း ပြောခိုင်းပါတယ်။ ကလေးတွေက ဘိုဘို ကာတွန်းစာအုပ် အကြိုက်ဆုံးပါ။ ဘာကြောင့် ကြိုက်သလဲဆိုတာတောံ့မသိပါ။
ဘိုဘို စာအုပ်တစ်အုပ်ကို အနည်းဆုံး သုံးကြိမ် အများဆုံး ငါးကြိမ် မှ ဆယ်ကြိမ်အထိ ဖတ်ကြပါတယ်။ ကလေး တော်တော ်များများ ဘိုဘို စာအုပ်ကို အလွတ်တမ်း စာကျက်ထားသလို ပြောဆို နိင်တာ တစ်ဖက် က ချီးကျူစရာ မဟုတ်ပေမယ့် မှတ်ဉာဏ်ကိုတော့ လေးစားမိပါတယ်။ ယ် ။ ကလေးငယ် ၆ ဦးလောက် ပြောခိုင်းပြီးတဲ့ နောက်မှာ နောက်ထပ် ၁၂ ဦးက မပြောချင်တော့ပါဘူးဆိုပြီး ကန့်ကွက်လာပါတယ်။ အတင်းအကြပ် မပြောခိုင်းပါဘူး ဘာကြောင့် မပြောချင်တာလဲ ဆိုတဲ့ အကြောင်းပြချက် ပြောပြီးရင် မပြောတော့ပါဘူး။ ဆိုပြီး ခဏစောင့်နေလိုက်တယ်။ ကလေး နှစ်ဖွဲ့ ကွဲသွားတယ်။ ကျွန်တော် နဲ့ ဆက်ပြောချင်တဲ့ တစ်ဖွဲ့ နှင့် မပြောချင်တဲ့ တစ်ဖွဲ့ ခေါင်းဆောင်တစ်ယောက်ကို ခေါ်လိုက်တယ်။ မပြောချင်တဲ့ သူတွေ အကုန်လုံး တစ်ဖက် မှာ နာမည်ပြော ပြီးရင် ပြန်ခိုင်းလိုက်။
(ဒီနေရာမှာ ကျွန်တော် ကြမ်းသွားတယ် ထင်ချင်ထင်ပါလိမ့်မယ်၊ရွာက ကလေးတွေ ရဲ့ အငုံစိတ် ကြောက်ရွံ့စိတ်ကို ရိုက်ချိုးတာပါ။
ဘယ်လောက်ထိ ရွာက ကလေးတွေ လူကြောက်သလဲဆိုရင် လူစိမ်းမြင်တာ နဲ့ စာကြည့်တိုက်ထဲမှာ လှစ်ခနဲ လှစ်ခနဲ ပျောက်သွားပြီး ပုန်းနေတာပါ)
ကျွန်တော် ၁၅ မိနစ်လောက် စောင့်လိုက်ပါတယ်။ ကျန်တဲ့ ၁၂ ယောက် နှင့် စကားဝိုင်း ဆက်လုပ်ပါ့မယ်ဆိုပြီး စကားဝိုင်းဆက်လုပ်ဖြစ်ပါတယ်။ ကျန်တဲ့ ၁၂ ထဲ မှ နှစ်ယောက် အကြောင်း ကို ပြန်ပြောပြချင်ပါတယ်။ နှစ်ယောက်စလုံး ၈ တန်း ကျောင်းသူတွေ ကြီးပါပဲ။ ပထမတစ်ယောက် မဖဲဝါ(ခ) တာတေ စာအုပ်ပဲ သီးသန့် ဖတ်ပါတယ်။ တခြား စာအုပ်မဖတ်ချင်ဘူးတဲ့ တာတေ ပဲ ဖတ်ချင်တာတဲ့ ဟုတ်ပြီ တာတေ ဘယ်နှစ်အုပ်ရှိတာလဲ ဆိုတဲ့ အမေးမှာ အစဖြစ်ခဲ့ပါတယ်။ တာတေ အတွဲလိုက် အုပ် ၁၅ အုပ် ၂၀ ဝန်းကျင် ကိုလတ်စာပေ က ကျွန်တော် ဝယ်ထားတာ သေချာပါတယ်။ တာတေ က နှစ်အုပ်ပဲ ရှိတဲ့ ဟုတ်ပြီ အဲဒါဆို စာကြည့်တိုက်မှူးကို တောင်းဆိုပါ။ စာကြည့်တိုက်မှူးကို ပြန်စစ်ခိုင်းပါတယ်။ တနင်္ဂနွေ အကြောင်းပြန်ခိုင်းပါ။ နောက်တစ်ယောက် က ပြောတယ် ဗြဟ္မစိုရ် တရားလေးပါး အကြောင်း တော်တော်ပြောနိုင်တယ်။
ကလေးတွေ အကုန်လုံး အလွတ်ပြောကြတယ်။ သို့ပေမယ့် ဒီကလေးက ဆရာဝန် ဖြစ်ချင်သူတ စ်ယောက်ပါ။ ဆရာဝန် ဖြစ်ချင်ရင် အမှတ်ပေါင်း ပျမ်းမျှကိုလည်း ပြောပြထားပါတယ်။ စာစီစာကုံး ရေးသားနည်း စကားပြေ ကဗျာ အခြား ဗဟုသုတတွေ ဖတ်ထားရင် မြန်မာစာအတွက် အထောက်အကူမဖြစ်ပေဘူးလား ။ စာဖတ်ပြီး အချိန်ကုန်ပြီး မျက်စိညောင်းပြီး တစ်စုံတစ်ခု ကိုယ့်အတွက် ကျန်မှ တန်းဖိုးရှိတဲ့ အခြေအနေကို
ပိုင်ဆိုင်မှာပေါ ် ဗြဟ္မစိုရ် တရား အကြောင်းက နောက်ဆယ်တန်းအောင်ပြီး ဖတ်လို့ ရတယ်။ ဆယ်တန်းက ဘဝတွေကို ပိုင်းခြားလိုက်တာပဲ။ ၈ တန်းမှာကတည်းက လိုအပ်တဲ့ ဗဟုသုတတွေ ပြင်ဆင်ထားမယ်ဆိုရင် ဘဝအတွက် အသိဉာဏ်တွေ အထောက်အပံ့ရလိမ့်မယ်။ ဆိုပြီး စနေ့နေ့ စကားဝိုင်းကို သိမ်းလိုက်ပါတယ်။ တနင်္ဂနွေ မှာ စာကြည့်တိုက် မှူး မနွဲ့ယဉ်အေး နှင့် စကားဝိုင်းဆက်ပါတယ်။ တာတေ စာအုပ် ဘာကြောင့် မရှိတာလဲ နဲ့ သူတို့ကတော့ စပါတယ်။ တာတေက အုပ် ၂၀ လောက် ရှိပါတယ်။ လေးလပိုင်းအထိ တာတေ အပ်ထားတဲ့ စာရင်း ရှိတယ်။ ငါးလပိုင်း နဲ့ ခြောက်လပိုင်း တာတေ စာအုပ်တွေက ငှားစာရင် းမရှိ အပ်စာရင်း မရှိ ။ ဒါဆိုရင ်ဘယ်လို လုပ်မလဲ။ ဒါကို ဘယ်လို ဖြေရှင်းမလဲ။ စာအုပ်က ဈေးအရမ်းအကြီးပါဘူး။ (နောက်တစ်ကြိမ် ပြန်ဝယ်ပေးနိုင်ပါတယ်) ဒီစာအုပ်တွေက သူတို့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ သူတို့ ဘယ်လို ဖြေရှင်းကြမလဲ သူတို့က တာတေ စာအုပ် ရှာပုံတော် တာတေ ပြဿနာ ဖြေရှင်းခြင်း ဆွေးနွေးခြင်းကို တာဝန်ပေးလိုက်တယ်။ ကျုပ်တို့ အောင်စာရင်းထုတ်ပေးလိုက်တာ။ အကုန် အအောင်ပါပဲ။ ကိုဇော်ဝင်းမောင်ကို ပြောပေးပါ ။ သမီးတို့ သားတို့ တောင်းပန်ပါတယ် မပြောချင်တာမဟုတ်ပါဘူး မပြောရဲတာပါ။ ဆရာဝန်ဖြစ်ချင်တဲ့ သမီးလေးကလည်း အရင်တုန်းက စာကြည့်တိုက် မှူး စာအုပ် ပြောင်းဖတ်ခိုင်းတုန်းက မရပါပဲ စကားဝိုင်းပြောဖြစ်ပြီးမှ စာအုပ်ပြောင်းဖတ်ပါ့မယ် ကတိတွေ ပေးသွားတယ်။ သူငယ်ချင်းရေ ကလေးတွေ နဲ့ လုပ်ရတာလဲ မလွယ်ပါဘူးဟယ် လို့ ပြောရှာတဲ့ စာကြည့်တိုက် မှူး တစ်ယောက် ရဲ့ ပျော်တွေ ပေါ့ဗျာ။ သူတို့ လေးတွေ ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမူအကျင့်ပိုင်းဆိုင်ရာ အသိဉာဏ်ပိုင်း ဆိုင်ရာ တိုးတက်မြင့်မားလာတယ်ဆိုရင်ပဲ ကျုပ်တို့ စာကြည့်တိုက်မှူးတွေ ဖောင်တိန် မကိုင်ပဲ စစ်ပေးလိုက် အောင်ပေးလိုက်တဲ့ ကျောင်းသား
ကျောင်းသူ စာရင်းပါပဲ။
လေးစားစွာဖြင့်
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment