ကျမသာ ဆရာဝန်မကြီး ဖြစ်ခဲ့လျှင်


ကျမသာ ဆရာဝန်မကြီး ဖြစ်ခဲ့လျှင် ရွာသူ ရွာသားတွေ အပေါ် တတ်နိုင်သလောက် ကူညီမယ်။ အားပေးမယ်။ ပိုက်ဆံ မရှိလို့ မကုသနိုင်တဲ့ ဆင်းရဲသား တွေအပေါ်မှာ အခမဲ့ဆေး ကုသပေးမယ်။ ရွာမှာ ရှိတဲ့ ကျောင်းသားတွေကို ကိုယ်ရတဲ့ လစာ နဲ့ ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့မယ်။ ငွေလိုနေတဲ့ သူတွေကို ငွေထောက်ပံ့မယ်။ ကလေးတိုင်း ကျန်းမာပျော်ရွှင်စေဖို့ သူတို့ လိုအပ်နေတဲ့အရာတွေကို ဖြည်းဆည်းပေးမယ်။ သက်ကြီးဝါကြီးတဲ့ အဖိုးအဖွားတွေ သားသမီးမဲ့နေတဲ့ အဖိုးအဖွားတွေ ကို အခမဲ့ ပြုစုစောင့်ရှောက်မယ်။ ငွေမရှိလို့ ကလေးမီးမဖွားနိုင်တဲ့ အမျိုးသမီးတွေကိုလည်း ကူညီမယ်။ မွေးခါစ ကလေးတွေကိုလဲ လူ့ဘဝထဲမှာ ကောင်းစွာ ရှင်သန်ဖို့ လိုအပ်တဲ့ ကျန်းမာရေးဆေးတွေ ကူညီစောင့်ရှောက်မယ်။တိုက်ကျွေးမယ်။ နည်းလမ်းမမှန်တဲ့မိခင်တွေကို နည်းလမ်းမှန် စနစ်မှန် တွေ ဖြစ်အောင် တတ်နိုင်သလောက် ရှင်းပြမယ်။ ကျွန်မတို့ ရွာအတွက် ပညာရေး ကျန်းမာရေး တိုးတက်လာအောင် ကူညီ ဝိုင်းဝန်း ထမ်းဆောင် သွားပါလို့

ကျေးဇူးတင်စွာဖြင့်
ဦးစိုးမြင့်+ဒေါ်သန်းနွဲ့
သမီး
အေးမြသီတာ
ဆဌမတန်း

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ