Posts

Showing posts from January, 2019

Literacy Assessment ဖြေဆိုစေခြင်း

Image
လူငယ့်အားမာန် စာကြည့်တိုက်သို့ လာရောက်သော မူလတန်း အလယ်တန်း ကျောင်းသား ကျောင်းသူတိုကို စာဖတ်စွမ်းရည် အကဲဖြတ်ချက် Literacy Assessment ဖြေဆိုစေခြင်း မူလတန်းကျောင်းသားကျောင်းသူ - ၁၅ ယောက် အလယ်တန်း ကျေင်းသားကျောင်းသူ- ၂၂ ယောက် ထပ်တိုး စာရင်း - ၁၅ ယောက် စုစုပေါင်း - ၅၂ ယောက်။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

အသိအမှတ်ပြုပေးခြင်း အနုပညာ

Image
ကလေးငယ်များသည် ကိုယ်စီ ကိုယ် အလှတရားများကို ပိုင်ဆိုင်ထားကြပါသည်။ မိဘ များကိုယ်တိုင် သည် ကလေးငယ်မာျားကို ကျောင်းစာတော် ကျောင်းဆုရမှ လူရာ ဝင် ချစ်ခင် အလေးထားကြသည် မှာ မိဘတိုင်းလိုလိုပင်။ တစ်ချို့ ကလေးငယ်များသည် အားကစား ထူးချွန်သူ ရှိမည်။ အားကစားထူးချွန်သည့် ကလေးသည် ပန်းချီ မဆွဲချင်သူ ရှိချင် ရှိမည် ဆွဲချင်သူ ရှိချင်ရှိမည်။ ထို့အတူပဲ ပန်းချီ ရေးဆွဲချင်သည် ကလေးငယ်သည် စာဖတ်ချင် ဖတ်မည် ဖတ်ချင်မှ ဖတ်မည်။ ကဗျာ ရေးချင် ရေးမည် ကဗျာ ဖတ်ချင် ဖတ်မည်။ ဆော့ကစားချင် ကစားမည်။ သူ့ စိတ်ဝင်စားသည့် ဖန်တီးမှု ကို လုပ်ချင်လုပ်မည်။ မည်မျှပင် ကွဲလွဲထွက်ချင် ထွက်နေပါစေ။ ကြိုက်တဲ့ နေရာ ထူးချွန်ခွင့် ရှိသည် ည့ံ့ဖျင်းခွင့် ရှိသည် ။ ကိုယ်ချင်းစာတရား နှင့် ကိုယ်ကျင့်တရား ဆင်ခြင်တုံ တရား သွေဖယ်ခွင့် မရှိ။ ရပ်ရွာကို ချစ်တတ်ရမည်။ စည်းလုံးရမည်။ ပေါင်းစည်းရမည်။ အသိဉာဏ်ခွန်အားကြီးမားရမည်။ မေတ္တာတရား ခွင့်လွှတ်သည်းခံ စိတ်မွေးရမည်။ အဲဒါတွေ အတွက် ချစ်သော ကလေးတွေ ဘေးနားမှာ လူလောက အကြောင်း လူတွေအကြောင်း လေ့လာဖို့ စာကြည်တိုက် ထဲ ဝင်ရောက် ဖတ်ရှု့ ကြပါစို့။ စာကြည့်တိုက် ရောက်ရှိလာသော ကလေးငယ်မာျးကို သက...

ပုံပြောပြိုင်ပွဲ ကျင်းပခြင်း

Image
၁.စကားပြော ကြွယ်ဝစေခြင်း၊ ၂.လူသူအများရှေ့ ဆွေးနွေး ပြောဆို တတ်စေခြင်း။ ၃.မိမိ ကိုယ်ကိုယ်ကို ယုံကြည်မှု့ရှိစေခြင်း၊ ၄.ကြိုတင်ပြင်ဆင်နိုင်ခြင်း၊ ၅.အတွေ့အကြုံ ရှိစေခြင်း ။ အစသဖြင့် ကောင်းမွန်တဲ့ ရည်ရွက်ချက်များဖြင့် လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ နှင့် စာကြည့်တိုက် မှူး များ မှ ပူးပေါင်း ဆောင်ရွက် ကျင်းပပေးခြင်းဖြစ်ပါသည်။ ဆက်လက်ပြီး ကလေးသူငယ်စာကြည့်တိုက် နှင့် လူကြီးစာကြည့်တိုက် ( Youth's Development & Community Center) တို့ ကို ပူးတွဲ ဆောင်ရွက်နေကြာင်း အသိပေးအပ်ပါသည်။ လူငယ်တွေ ကို တကယ်ချစ်တယ်ဆို ရင် လူငယ်တွေကို အလေးထားပါ။ လူငယ်တွေ ကို မြေတောင်မြောက်ပေးပါ။ ဝန်ထမ်းကောင်း မှ တိုင်းပြည်ကောင်းသလို လူငယ်တွေ ကို ကောင်းမွန် တဲ့ သူများဖြစ်အောင် ပြုစုပျိုးထောင်ပေးမှ သာလျှင် ကောင်မွန်တဲ့ ပတ်ဝန်းကျင် လူမှုအသိုက်အဝိုင်းတစ်ခု ဖြစ်လာမှာပါ။ လူငယ်များ စာများများ ဖတ်ပါ။ စာကြည့်တိုက် ဆိုတာ ဝင်ခွင့် ဖြေစရာ မလိုတဲ့ တက္ကသိုလ်တစ်ခုပါ။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

လူငယ့်အားမာန်စာကြည့်တိုက်ရဲ့ ဝန်ဆောင်မှု ခြေလှမ်းသစ်တစ်ခု

Image
လူငယ့်အားမာန်စာကြည့်တိုက် တာဝန်ခံ များ နှင့် လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေး၊လက်ထောက် စာကြည့်တိုက်မှူး ကိုထက်မြတ်စိုး၊ အင်္ဂလိပ်စာသင်တန်းဆရာမ ဒေါ်အိနန္ဒအောင် တို့ ပူးပေါင်းဆောင်ရွက် ဆွေးနွေးပြီး စာကြည့်တိုက် မှ ဝန်ဆောင်မှု ခြေလှမ်းတစ်ခု ကို ၂၀၁၉ ဇန်နဝါရီလ ၅ ရက်နေ့ မှ စတင် ဆောင်ရွက် ဖြစ်ခဲ့ပါသည်။  ဒီခြေလှမ်းဖြစ်ဖို့ ဒီသင်တန်းဖြစ်ဖို့ ၂၀၁၈ ခုနှစ် ဂျူလိုင်လ မတိုင်ခင်ကတည်းက ဦးတည် ဆွေးနွေးခဲ့တာ ယနေ့ အကောင်အထည် ပေါ်ခဲ့ပါပြီ။ ၂၀၁၈ ခုနှစ် မေလ တွင် ရန်ကုန်မြို့ဆရာဦးမြကြိုင်ပညာဒါန အစီအစဉ် ကိုလျှောက်ထားပြီး လူငယ့်အားမာန်စာကြည့်တိုက်မှ တစ်ကြိမ် ဦးဆောင်ကျင်းပခဲ့ဖူးပါသည်။ ထို သင်တန်း ဆရာမ မှတ်ချက်အရ ကလေးငယ်များသည် ငယ်ရွယ်ခြင်း တတ်ကြွခြင်းကြောင့် တစ်ကြောင်း သင်ကြားရ လွယ်ကူခြင်း မကြောက်မရွံ့ပြောဆိုရဲခြင်းကြောင့် အင်္ဂလိပ်စာအတွက် အတတ်မြန်ဆန် ခဲ့ပါသည်။ မိမိတို့ ကျေးရွာမှ ကလေးငယ်များသည် တတ်မြောက်မှု မြန်ဆန်ကြောင်း မှတ်ချက်ပေးခဲ့ပါသည်။ သို့ပါသော်လည်း လေ့ကျင့်မှု မရှိပါ ပြန်လည် မေ့လျော့နိုင်ကြောင်း ကို ထို ဆရာမ မှ သတိ ပေးခဲ့သည်။ ထိုကြောင့် စာကြည့်တိုက်တွင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာ...