လူငယ့်အားမာန်စာကြည့်တိုက်ရဲ့ ဝန်ဆောင်မှု ခြေလှမ်းသစ်တစ်ခု
လူငယ့်အားမာန်စာကြည့်တိုက် တာဝန်ခံ များ နှင့် လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေး၊လက်ထောက် စာကြည့်တိုက်မှူး ကိုထက်မြတ်စိုး၊ အင်္ဂလိပ်စာသင်တန်းဆရာမ ဒေါ်အိနန္ဒအောင် တို့
ပူးပေါင်းဆောင်ရွက် ဆွေးနွေးပြီး စာကြည့်တိုက် မှ ဝန်ဆောင်မှု ခြေလှမ်းတစ်ခု ကို
၂၀၁၉ ဇန်နဝါရီလ ၅ ရက်နေ့ မှ စတင် ဆောင်ရွက် ဖြစ်ခဲ့ပါသည်။
ဒီခြေလှမ်းဖြစ်ဖို့ ဒီသင်တန်းဖြစ်ဖို့ ၂၀၁၈ ခုနှစ် ဂျူလိုင်လ မတိုင်ခင်ကတည်းက
ဦးတည် ဆွေးနွေးခဲ့တာ ယနေ့ အကောင်အထည် ပေါ်ခဲ့ပါပြီ။
၂၀၁၈ ခုနှစ် မေလ တွင် ရန်ကုန်မြို့ဆရာဦးမြကြိုင်ပညာဒါန အစီအစဉ် ကိုလျှောက်ထားပြီး
လူငယ့်အားမာန်စာကြည့်တိုက်မှ တစ်ကြိမ် ဦးဆောင်ကျင်းပခဲ့ဖူးပါသည်။
ထို သင်တန်း ဆရာမ မှတ်ချက်အရ ကလေးငယ်များသည် ငယ်ရွယ်ခြင်း တတ်ကြွခြင်းကြောင့် တစ်ကြောင်း
သင်ကြားရ လွယ်ကူခြင်း မကြောက်မရွံ့ပြောဆိုရဲခြင်းကြောင့် အင်္ဂလိပ်စာအတွက် အတတ်မြန်ဆန်
ခဲ့ပါသည်။ မိမိတို့ ကျေးရွာမှ ကလေးငယ်များသည် တတ်မြောက်မှု မြန်ဆန်ကြောင်း မှတ်ချက်ပေးခဲ့ပါသည်။
သို့ပါသော်လည်း လေ့ကျင့်မှု မရှိပါ ပြန်လည် မေ့လျော့နိုင်ကြောင်း ကို ထို ဆရာမ မှ သတိ
ပေးခဲ့သည်။ ထိုကြောင့် စာကြည့်တိုက်တွင် အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရေးသားသော စာအုပ်
စာစောင်များ ဝယ်ယူပါသော်လည်း ကလေးငယ်များသည် မြန်မာစာကိုသာ အဓိက ဖတ်ကြားသွားကြပါသည် .
နောက် သာဝတ္ထိရွာ မှ ကျောင်းဆင်းလာသော ကျောင်းသားများ ကျွန်တော် အပါအဝင် အင်္ဂလိပ်စာ အားနည်းပါသည်။
လေ့ကျင့်မှု အားနည်းခြင်း နည်းလမ်းကောင်း ရှာဖွေရန် ခက်ခဲခြင်း မိဘများကိုယ်တိုင်သည် မိမိတို့ သားသမီးသည်
ဆယ်တန်း ဘယ်ဘာသာ ကို အားနည်းသနည်းဟု စစ်ဆေးရ ကောင်းမှန်း သိဟန် မတူပါ။
မိမိတို့ အားနည်းခဲ့သော အင်္ဂလိပ်စာကို နောက်မျိုးဆက်ဖြစ်သော ကလေးငယ်များ သင့်တင့် မျှတသော လမ်းကြောင်း
ပေါ်တစ်ခု ရောက်ပါစေ၊ တက္ကသိုလ်ဝင်တန်းအပါအဝင် ၊ တက်ရောက်ရမည့် တက္ကသိုလ်များတွင် အင်္ဂလိပ်စာ
အခက်အခဲ မရှိပါစေနဲ့ ဟူသော စေတနာများဖြင့် ယခု သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါသည်။
နောင်များတွင် အလျင်းသင့်သလို ရန်ကုန်မြို့ဆရာကြီး ဦးမြကြိုင်ပညာဒါနကိုလည်း ဆက်သွယ် ချိပ်ဆက်သင်ကြားပေးမည်
ဖြစ်ကြောင့် နှင့် အွန်လိုင်းမှ သင်ကြားသော အင်္ဂလိပ်စာ Course ကို ဒေါင်းလုပ်ချ ပြီး Projector ဖြင့် ပြန်လည်
သင်ကြားပေးမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ယခု သင်ကြားရေးတွင် လူငယ့်အားမာန်စာကြည့်တိုက် မှ မည်သည့် အခကြေးငွေ မှ ကောက်ယူထားခြင်း တောင်းခံထားခြင်း
မရှိပါကြောင်း နှင့် တက်ရောက်ဖို့ စာရင်းပေးထားသော ကျောင်းသားများသည် စာကြည့်တိုက် အသင်းဝင်ထားသူ ဖြစ်ရမည်။
ယခု ဝန်ဆောင်မှုသည် လူငယ့်အားမာန်စာကြည့်တိုက် မှ ခြေလှမ်းအသစ် တစ်ခု ဖြစ်ကြောင်း နှင့် နောင်တွင် ဆက်လက်၍
ဝန်ဆောင်မှု များစွာကို ကြိုးစားဆောင်ရွက်မည် ဖြစ်ကြောင်း လေးစွာအသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment