ပုံပြောပြိုင်ပွဲ ကျင်းပခြင်း
၁.စကားပြော ကြွယ်ဝစေခြင်း၊
၂.လူသူအများရှေ့ ဆွေးနွေး ပြောဆို တတ်စေခြင်း။
၃.မိမိ ကိုယ်ကိုယ်ကို ယုံကြည်မှု့ရှိစေခြင်း၊
၄.ကြိုတင်ပြင်ဆင်နိုင်ခြင်း၊
၅.အတွေ့အကြုံ ရှိစေခြင်း ။ အစသဖြင့် ကောင်းမွန်တဲ့ ရည်ရွက်ချက်များဖြင့်
လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ နှင့် စာကြည့်တိုက် မှူး များ မှ ပူးပေါင်း ဆောင်ရွက် ကျင်းပပေးခြင်းဖြစ်ပါသည်။
ဆက်လက်ပြီး ကလေးသူငယ်စာကြည့်တိုက် နှင့် လူကြီးစာကြည့်တိုက် ( Youth's Development & Community Center) တို့ ကို ပူးတွဲ ဆောင်ရွက်နေကြာင်း အသိပေးအပ်ပါသည်။
လူငယ်တွေ ကို တကယ်ချစ်တယ်ဆို ရင် လူငယ်တွေကို အလေးထားပါ။
လူငယ်တွေ ကို မြေတောင်မြောက်ပေးပါ။
ဝန်ထမ်းကောင်း မှ တိုင်းပြည်ကောင်းသလို
လူငယ်တွေ ကို ကောင်းမွန် တဲ့ သူများဖြစ်အောင်
ပြုစုပျိုးထောင်ပေးမှ သာလျှင် ကောင်မွန်တဲ့ ပတ်ဝန်းကျင်
လူမှုအသိုက်အဝိုင်းတစ်ခု ဖြစ်လာမှာပါ။
လူငယ်များ စာများများ ဖတ်ပါ။
စာကြည့်တိုက် ဆိုတာ
ဝင်ခွင့် ဖြေစရာ မလိုတဲ့
တက္ကသိုလ်တစ်ခုပါ။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment