အသိအမှတ်ပြုပေးခြင်း အနုပညာ
ကလေးငယ်များသည် ကိုယ်စီ ကိုယ် အလှတရားများကို ပိုင်ဆိုင်ထားကြပါသည်။
မိဘ များကိုယ်တိုင် သည် ကလေးငယ်မာျားကို ကျောင်းစာတော် ကျောင်းဆုရမှ လူရာ ဝင် ချစ်ခင် အလေးထားကြသည် မှာ မိဘတိုင်းလိုလိုပင်။
တစ်ချို့ ကလေးငယ်များသည် အားကစား ထူးချွန်သူ ရှိမည်။ အားကစားထူးချွန်သည့် ကလေးသည် ပန်းချီ မဆွဲချင်သူ ရှိချင် ရှိမည် ဆွဲချင်သူ ရှိချင်ရှိမည်။
ထို့အတူပဲ ပန်းချီ ရေးဆွဲချင်သည် ကလေးငယ်သည် စာဖတ်ချင် ဖတ်မည် ဖတ်ချင်မှ ဖတ်မည်။
ကဗျာ ရေးချင် ရေးမည် ကဗျာ ဖတ်ချင် ဖတ်မည်။
ဆော့ကစားချင် ကစားမည်။ သူ့ စိတ်ဝင်စားသည့် ဖန်တီးမှု ကို လုပ်ချင်လုပ်မည်။
မည်မျှပင် ကွဲလွဲထွက်ချင် ထွက်နေပါစေ။ ကြိုက်တဲ့ နေရာ ထူးချွန်ခွင့် ရှိသည် ည့ံ့ဖျင်းခွင့် ရှိသည် ။
ကိုယ်ချင်းစာတရား နှင့် ကိုယ်ကျင့်တရား ဆင်ခြင်တုံ တရား သွေဖယ်ခွင့် မရှိ။
ရပ်ရွာကို ချစ်တတ်ရမည်။ စည်းလုံးရမည်။ ပေါင်းစည်းရမည်။ အသိဉာဏ်ခွန်အားကြီးမားရမည်။ မေတ္တာတရား ခွင့်လွှတ်သည်းခံ စိတ်မွေးရမည်။
အဲဒါတွေ အတွက် ချစ်သော ကလေးတွေ ဘေးနားမှာ လူလောက အကြောင်း လူတွေအကြောင်း လေ့လာဖို့ စာကြည်တိုက် ထဲ ဝင်ရောက် ဖတ်ရှု့ ကြပါစို့။
စာကြည့်တိုက် ရောက်ရှိလာသော ကလေးငယ်မာျးကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး အသိအမှတ် ပြုပေးခြင်းဖြင့် ရှိသင့် ရှိထိုက်သော အရည်အချင်း များကို ထုတ်ဖော် ပြသခွင့် ရရှိခြင်း အားဖြင့် မိမိသည် ဘယ်အရာ ကို စိတ်ဝင်စားသည် ဆောင်ရွက်လိုသည် ကို ငယ်စဉ်ကတည်း က သိရှိပြီး လမ်းကြောင်း အမှန် ကို လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment