Posts

Showing posts from May, 2019

အားနည်းချက် အားသာချက် ကိုယ်စီဖြင့် ရှင်သန်နေကြသော အနာဂတ် ပန်းပွင့်လေးများ။

Image
မိမိတို့ ကျေးရွာ အနေဖြင့် ထင်မြင်ယူဆရမည်ဆိုရင် ကလေးငယ်တစ်ယောက် ကျောင်းသားတစ်ယောက်သည် စာတော်လျှင် အားလုံးတော်မည် ဟု ယူဆကြသည်။ စာတော်သည့် ကလေးသည် မျက်နှာပွင့်သည်။ လူချစ် လူခင် ပေါများသည်။ လမ်းမှာ အများဆုံး နှုတ်ဆက်ခံရသည်။ တစ်ဖက် က စာမတော်သည့်ကလေး သည် သုံးစားလို့ မရ ပုံစံဖြင့် ကလေးတစ်ယောက် သိမ်ငယ်စိတ် အငုံစိတ်သည် ကြီးမားလာသည်။ ငါသည် စာမတော်ဖူး။ ငါကို အရေးလုပ်ပြီး နှုတ်မဆက်ဘူး။ ငါသည် အရာမဝင်ဘူး အရေးမပါဘူး အစသဖြင့် ကလေးတစ်ယောက် စိတ်ထဲမှာ စွဲမြဲ စွာဝင်ရောက်သွားပါသည်။ ကလေးတိုင်း တော်ကြပါသည်။ မတော်ကြသည်မှာ လူကြီး မိဘများ၏ အတ္တများဖြစ်ပါသည်။ ဖြူစင်သည့် အတ္တ ဆိုပေမည့် မိမိတို့ ကလေးကို နှုတ်အားဖြင့် အမူအရာအားဖြင့် နေ့စဉ် သတ်ဖြတ်နေပါသည်။ နင်ဒါလေးတောင် မသိဘူး။ နင့်အကို နင့်အစ်မ ချီးစား(မရိုသေ့စကား) နင့်တို့အတန်းထဲက ဘယ်သူ့ ဖိနပ်ကိုင် အစ သဖြင့် စကားလုံးများဖြင့် ပစ်ပေါက် သတ်ဖြတ်နေတယ်လို့ ကလေးစိတ်ထဲမှာ စွဲမြဲသွားပါသည်။ ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်ကြသည် ဘယ်သူ့သား ဘယ်ဝါ့သား ဖြင့် ဘယ်လောက်တော်တာ. နင် ဖြင့် ဖျင်းတာ။ တကယ်တော်စေချင်တာ တတ်စေချင်တာလား မိမိတို့ သားသမီးအတွက် ဂုဏ်ယူချင်တာလား? တစ်ယောက် နှင့် တစ်ယေ...

Scratch Programming First Batch သင်တန်း ပြီးဆုံးသွားခြင်း နှင့် သင်တန်းသူသင်တန်းသားများ မှတ်ချက် စကားများ

၁. မောင်ပြည်စုံအောင် ( ကိုးတန်း - ၁၅ နှစ် ) Scratch Programming သင်တန်းအတွက် မှတ်ချက် - ဂိမ်းတွေဖန်တီးရတာပျော်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ- ယဉ်ငြိမ်းသူ ၂. မောင်သုခအောင် ( ၈ တန်း -၁၃ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက် - ကိုယ်ဖာသာ ကိုယ်တီထွင်ရတဲ့ နေရာတွေ ကိုကြိုက်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ -ဟိန်းဝင်းထွဋ် - ၃. Kaung Htet ( ၇ တန်း - ၁၂ နှစ် )- ပျက်ကွက် ၄. ငြိမ်းရတနာဇော် ( ရှစ်တန်း - ၁၃ နှစ် Scratch Programming သင်တန်းအတွက် မှတ်ချက်-) မမျိုးသီရိဝင်း က စိတ်ရှည်ရှည် သင်ပေးတယ်။ ကိုယ်မလုပ်ဖူးတဲ့ ဂိမ်းတွေ လုပ်ရတာ ပျော်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ-စောသဉ္ဇာလွင် ၅.ပိုးအိသိန်း(ဆယ်တန်း - ၁၆ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက်- တစ်ခါတစ်လေမှားတယ် ကိုယ်လုပ်လိုက်တာ ရပေါ့ပျော်တယ်။ မလုပ်ခင်က မှားသွားမှာ ကြောက်တယ် -အွန်လိုင်း စာမေးပွဲ ဖြေရတဲ့ အတွေ့အကြုံ တွေရတယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ- ။ ရွှေစင်ငြိမ်း ၆.စုမြတ်နိုးဝေ (ဒုတိယနှစ် - ၁၈ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက်- ဂိမ်းတစ်ခု လုံးရေးနိုင်တဲ့ အခါ ပျော်တယ်။ တစ်ခါမှ ကိုယ်တိုင် မလုပ်...

အိုင်တီခေတ် အင်တာနက်ခေတ်

Image
အိုင်တီခေတ် အင်တာနက်ခေတ် ဒစ်ဂျစ်တယ်ခေတ် ဂိမ်းခေတ် ကလေးတွေ ကို Mobile ပေးပြီး ငြိမ်အောင်ထားတဲ့ ခေတ် မှာ သာဝတ္ထိ လူငယ့်အားမာန် စာကြည့်တိုက် မှ မျိုးဆက်သစ် လူငယ်မောင်မယ်တွေ စာလာဖတ်ကြပါတယ်။ အင်မတန် ကြည်နူး ဂုဏ်ယူရတဲ့ မြင်ကွင်းလေးပါ။ စာကြည့်တိုက် ကို စာလာဖတ်ပါ။  လူငယ်တွေ ဦးနှောက် ကို ခါးထောင်းကျိုက် ထားမှ မျိုးဆက်တစ်ခု ကို မြှင့်တင်နိုင်မှာပါ။ လူငယ်များ စာများများ ဖတ်ပါ။ စာကြည့်တိုက်ဆိုတာ ဝင်ခွင့်ြဖေစရာမ လိုတဲ့ တက္ကသိုလ် တစ်ခု ပါ။ ယာယီတွဲဖက် စာကြည့်တိုက် မှူး နာမည် - မမအေးမိုးမိုးမြင့်ပါ။ တက္ကသိုလ် ကျောင်းသူ မဖြစ်ခင် ကတည်း က Volunteer အနေဖြင့်ဝိုင်းကူနေခဲ့တာ ယခု တက္ကသိုလ် ပိတ်ရက်တွင်လည်း လာရောက်ကူညီဆဲ ဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ နောက်တစ်ယောက်ကနော့ ၂၀၁၄ ခုနှစ် စာကြည့်တိုက်ကော်မတီဝင်များ နှစ်သက်ဆု ရရှိထား တဲ့ မဆုမြတ်နိုးဝေပါ။ မြို့ပြ အင်ဂျင်နီယာ ကျောင်းသူတစ်ယောက် ဖြစ်သော်လည်း စာာက်ည့တိုက်မှာ လာရောက် ကူညီ သင်တန်းတက်နေဆဲပါပဲ။ စာကြည့်တိုက်ဟာ လူငယ်တွေ ပြုစုပျိုးထောင်ပေးနေတဲ့ ဘူမိနဿ နေရာ မှန် တစ်ခုပါ။ PhotoCredit:@သာဝတ္ထိလူငယ့်အားမာန်စာကြည့်တိုက်မှူး လေးစားစွာဖြင့့််သတင်းနှင့်ပြန်...

ဧပြီလ လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဧပြီလ)

Image
ခင်ဦး-သာဝတ္ထိ- လူငယ့်အားမာန်စာကြည့်တိုက် ဧပြီလ လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဧပြီလ) ၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း - ၄၅၆ ( အသစ်ဝင်သူ မရှိ) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက် - ၁၁၃ ဦး  ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၃၆၁ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၁၆၅ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၆၃၄ အုပ် ၆) စာကြည့်တိုက် သီးသန့် လာဖတ်သူ ဦးရေ - ၈၃ ဦး ဧပြီလ စုစုပေါင်း ငှားရမ်းသူ - ၂၇၈ဦး ဧပြီလ ငှားရမ်းရသော စာအုပ်အရေအတွက် - ၉၉၅ အုပ် လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

The Dariu Foundation မှ ဝာာဝန် ရှိသူများ လူငယ့်အားမာန်စာကြည့်တိုက်သို့ computer များ လာရောက်စစ်ဆေး ကြည့်ရှု့

Image
၂၀၁၉ ခုနှစ် မေလ ၁၃ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ခင်ဦးမြို့နယ်၊သာဝတ္ထိကျေးရွာ လူငယ့်အားမာန်စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားနေသော Scratch Programming သင်တန်းကို  The Dariu Foundation မှ တာဝန်ရှိသူများ ဖြစ်ကြာသော Mr.Earnနှင့်Mr.Crew တို့ လာရောက် စစ်ဆေး ကြည့်ရှု့သွားပါသည်။ အသုံးပြုသင်ကြားနေသာ Computer များကို update လုပ်ခြင်း Activate လုပ်ခြင်းများကို နမူနာ နှစ်လုံး သင်ကြားပြသပေးသွားပါသည်။  သင်ကြားမှုဘယ်နှစ်သုတ် ပြီးဆုံးသွားပြီလဲ အွန်လိုင်းစာမေးပွဲ ဖြေလား အစသဖြင့် မေးခွန်းများကို စကားပြန် အကူအညီဖြင့် ပြောကြားဆွေးနွေးကြောင်း လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေးထံ မှ သိရှိရပါသည်။  သင်တန်းခန်းမ အနေဖြင့် မိမိတို့ စာကြည့်တိုက်သည် မူးဘောင်ဘေးတွင် ရှိသော အဆောက်အဦးအသစ် တွင် ရည်ရွယ်ထားရှိကြောင်း နှင့် သင်တန်းသားများ အတွက် ထိုင်ခုံ စားပွဲ ခုံ များကို စနစ်တကျ မပြင်ဆင်နိုင်သည့်အတွက် တောင်းပန်ပါကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ကိုလည်း သိရပါသည်။ The Dariu Foundation မှ တာဝန်ရှိသူများ ဖြစ်ကြာသော Mr.Earnနှင့် Mr.Crew တို့ လာရောက် စစ်ဆေး ကြည့်ရှု့ချ...

စာကြည့်တိုက်ကို စာအုပ်သန့်ရှင်းရေး ဆောင်ရွက်ပေးကြသော ဆယ်ကျော်သက်အရွယ် ကလေးများ

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာတွင် ရှိသော လူငယ့်အားမာန်စာကြည့်တိုက်သည် ကျေးလက်နေ ပြည်သူများအတွက် အသိပညာဗဟုသုတရရှိအောင် ဖွင့်လှစ်ခဲ့သည်မှာ ၇ နှစ် ပြည့်တော့မည် ဖြစ်ပါသည်။  စာကြည့်တိုက်ဖွင့်ချိန် မှာ သီတင်းပတ် တစ်ပတ် တွင် နှစ်ရက်(စနေ၊တနင်္ဂနွေ) အချိန်ပိုင်း (နေ့လည် ၁၂ နာရီ မှ ညနေ ၄ နာရီ ) အထိ ဖွင့်လှစ်ခဲ့ပါသည်။ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များ တောင်းဆိုချက်အရ အဆင်သင့်သလို ညှိနှိုင်းပြီး ဗုဒ္ဓဟူး ၊ ကြာသပတေး အစသဖြင့် အဆင်ပြေသလို နေ့ရက်တိုးပြီး ဖွင့်လှစ်ပေးလျှက်ရှိပါသည်။ သူတို့ တောင်းဆို တာလေး တစ်ဖက်က လုပ်ပေးသလို စာကြည့်တိုက် မှာ ကလေးစာဖတ်ခန်းအတွင်း မှာ ရှုတ်ပွနေသာ စာအုပ်စဉ် အား ကူညီ ရှင်းပေးရန် အကူအညီတောင်းရာ ပုံမှန် စာလာဖတ်နေကြသော ဆယ်ကျော်သက်အရွယ် ကလေးများ မှ  တက်ညီ လက်ညီ ရှင်းလင်းပေးသွားပါသည်။ စုပေါင်းညီညာ အောင်ကြောင်းဖြာ။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

လူငယ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ

Image
ခင်ဦး-သာဝတ္ထိရွာ Youth's Development & Community Center( လူငယ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ) အတွက် နောက်တစ်ဆင့် ဆောက်လုပ်နိုင်ရန်အတွက် လိုအပ်သော ပစ္စည်းများ နှင့် အကြမ်းဖျဉ်းတွက်ချက်ထားမှု စာရင်း Dagon Soe Co.ltd မှ Managing Director ကိုသန်းတင့် မှ တွက်ချက်ပေးထားခြင်းဖြစ်ပါသည်။ စင်တာ ဖြစ်မြောက်အောင် ကွန်ပျူတာ နှစ်လုံး Printer အပြင် အလှူငွေ ပါ လှူဒါန်း သည့် အပြင် ဆောက်လုပ်ရေးပညာရပ်ပါ လှူဒါန်းမှု အတွက် များစွာ ကျေးဇူတင်ပါတယ်။ ကျွန်တော်တို့ သာဝတ္ထိ - လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ ဖြစ်မြောက်ရန်အတွက် လိုအပ်သော ပစ္စည်း စာရင်း 1. (150x75x5x7) H Bean (12) - 1980000 KS 2..(125x50) U Bean (4) - 340000 KS 3. Sand (သဲ) - 200000 KS 4.RSA (5) - 475000 KS 5.Cement (ဘိလပ်)(150) -825000 KS @အလှူရှင် ကိုကျော်မိုးအောင် (Managing Director)+ မထူးထူးအောင် သမီး - မရွှေပြည့်အိမ် @ Ngwe Pyae Eain Engineering & Construction Co.ltd 6.Brick (အုတ်) - 100000 KS @ အလှူရှင်- မတင်နီလာမောင်(BE-EC မုံရွာ နည်းပညာတက္ကသိုလ်) 7.Rebar(0.25) - 195000 KS 8.MS Plate (1) 300000 KS...