Scratch Programming First Batch သင်တန်း ပြီးဆုံးသွားခြင်း နှင့် သင်တန်းသူသင်တန်းသားများ မှတ်ချက် စကားများ
၁. မောင်ပြည်စုံအောင် ( ကိုးတန်း - ၁၅ နှစ် )
Scratch Programming သင်တန်းအတွက် မှတ်ချက် - ဂိမ်းတွေဖန်တီးရတာပျော်တယ်။
သင်တန်းတက်ဖို့ အကြုံပြုထားသူ- ယဉ်ငြိမ်းသူ
၂. မောင်သုခအောင် ( ၈ တန်း -၁၃ နှစ်)
Scratch Programming သင်တန်းအတွက် မှတ်ချက် - ကိုယ်ဖာသာ ကိုယ်တီထွင်ရတဲ့ နေရာတွေ ကိုကြိုက်တယ်။
သင်တန်းတက်ဖို့ အကြုံပြုထားသူ -ဟိန်းဝင်းထွဋ် -
၃. Kaung Htet ( ၇ တန်း - ၁၂ နှစ် )- ပျက်ကွက်
၄. ငြိမ်းရတနာဇော် ( ရှစ်တန်း - ၁၃ နှစ်
Scratch Programming သင်တန်းအတွက် မှတ်ချက်-) မမျိုးသီရိဝင်း က စိတ်ရှည်ရှည် သင်ပေးတယ်။
ကိုယ်မလုပ်ဖူးတဲ့ ဂိမ်းတွေ လုပ်ရတာ ပျော်တယ်။
သင်တန်းတက်ဖို့ အကြုံပြုထားသူ-စောသဉ္ဇာလွင်
၅.ပိုးအိသိန်း(ဆယ်တန်း - ၁၆ နှစ်)
Scratch Programming သင်တန်းအတွက် မှတ်ချက်- တစ်ခါတစ်လေမှားတယ် ကိုယ်လုပ်လိုက်တာ ရပေါ့ပျော်တယ်။ မလုပ်ခင်က မှားသွားမှာ ကြောက်တယ် -အွန်လိုင်း စာမေးပွဲ ဖြေရတဲ့ အတွေ့အကြုံ တွေရတယ်။
သင်တန်းတက်ဖို့ အကြုံပြုထားသူ- ။ ရွှေစင်ငြိမ်း
၆.စုမြတ်နိုးဝေ (ဒုတိယနှစ် - ၁၈ နှစ်)
Scratch Programming သင်တန်းအတွက် မှတ်ချက်- ဂိမ်းတစ်ခု လုံးရေးနိုင်တဲ့ အခါ ပျော်တယ်။ တစ်ခါမှ ကိုယ်တိုင် မလုပ်ဖူးဘူး။ အသစ်အဆန်းတွေ လုပ်ရတော့ ငါမှာ လုပ်နိုင်စွမ်းရှိတယ်လို့ သိရတော့ ဂုဏ်ယူတယ်။
သင်တန်းတက်ဖို့ အကြုံပြုထားသူ- ရွာ က သူငယ်ချင်းတွေက မတက်ချင်ကြဘူး။ ပင်လုံက သူငယ်ချင်းတွေ ဆိုရင်တော့ တက်မှာ သေချာတယ်။
၇.အေးမိုးမိုးမြင့် (ပထမနှစ် - ၁၇ နှစ် )
Scratch Programming သင်တန်းအတွက် မှတ်ချက် -) စာကြည့်တိုက်မှူး မနွဲ့ယဉ်အေး က အချိန်လေးစားတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို အချိန်တိတိ ကျကျ လုပ်ဖြစ်တယ်။
ကိုယ်လုပ်တဲ့ ဂိမ်းတွေ ရတော့ ပျော်တယ်။
သင်တန်းတက်ဖို့ အကြုံပြုထားသူ- ခိုင်ဇင်မိုး
၈.မနွဲ့ယဉ်အေး (စာကြည့်တိုက်မှူး)
Scratch Programming သင်တန်းအတွက် မှတ်ချက် -သူတို့ ကိုယ်တိုင်ဖန်တီးခွင့် ရတယ်။ အခက်အခဲတွေ ရှိတယ်။ အဆင်မပြေမှုတွေကို ရှင်းနိုင်လာတယ်။
တီထွင်ပြီးသားကို အရင်က ဆော့တယ်။ အခု ကိုယ်တိုင် တီထွင်တဲ့ အခါ မလွယ်ကူမှန်းသိလာတယ်။
အင်တာနက်ပေါ် တင်နိုင်အောင်အထိ ဖန်တီး နိုင်လာမယ်ဆိုရင် ဝင် ငွေ ရှိလာနိုင်မယ်ဆိုတာ ကလေးတွေကို ပြောပြ ဖြစ်တယ်။
၉. မအိနန္ဒာအောင် (ပျက်ကွက်)
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment