စာကြည့်တိုက်ကို စာအုပ်သန့်ရှင်းရေး ဆောင်ရွက်ပေးကြသော ဆယ်ကျော်သက်အရွယ် ကလေးများ
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာတွင် ရှိသော လူငယ့်အားမာန်စာကြည့်တိုက်သည်
ကျေးလက်နေ ပြည်သူများအတွက် အသိပညာဗဟုသုတရရှိအောင် ဖွင့်လှစ်ခဲ့သည်မှာ ၇ နှစ် ပြည့်တော့မည် ဖြစ်ပါသည်။
စာကြည့်တိုက်ဖွင့်ချိန် မှာ သီတင်းပတ် တစ်ပတ် တွင် နှစ်ရက်(စနေ၊တနင်္ဂနွေ) အချိန်ပိုင်း (နေ့လည် ၁၂ နာရီ မှ
ညနေ ၄ နာရီ ) အထိ ဖွင့်လှစ်ခဲ့ပါသည်။ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များ တောင်းဆိုချက်အရ အဆင်သင့်သလို ညှိနှိုင်းပြီး ဗုဒ္ဓဟူး ၊ ကြာသပတေး အစသဖြင့် အဆင်ပြေသလို နေ့ရက်တိုးပြီး ဖွင့်လှစ်ပေးလျှက်ရှိပါသည်။
သူတို့ တောင်းဆို တာလေး တစ်ဖက်က လုပ်ပေးသလို စာကြည့်တိုက် မှာ ကလေးစာဖတ်ခန်းအတွင်း မှာ ရှုတ်ပွနေသာ စာအုပ်စဉ် အား ကူညီ ရှင်းပေးရန် အကူအညီတောင်းရာ ပုံမှန် စာလာဖတ်နေကြသော ဆယ်ကျော်သက်အရွယ် ကလေးများ မှ တက်ညီ လက်ညီ ရှင်းလင်းပေးသွားပါသည်။
စုပေါင်းညီညာ အောင်ကြောင်းဖြာ။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment