The Dariu Foundation မှ ဝာာဝန် ရှိသူများ လူငယ့်အားမာန်စာကြည့်တိုက်သို့ computer များ လာရောက်စစ်ဆေး ကြည့်ရှု့
၂၀၁၉ ခုနှစ် မေလ ၁၃ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ခင်ဦးမြို့နယ်၊သာဝတ္ထိကျေးရွာ လူငယ့်အားမာန်စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားနေသော Scratch Programming သင်တန်းကို The Dariu Foundation မှ တာဝန်ရှိသူများ ဖြစ်ကြာသော Mr.Earnနှင့်Mr.Crew တို့ လာရောက် စစ်ဆေး ကြည့်ရှု့သွားပါသည်။ အသုံးပြုသင်ကြားနေသာ Computer များကို update လုပ်ခြင်း Activate လုပ်ခြင်းများကို နမူနာ နှစ်လုံး သင်ကြားပြသပေးသွားပါသည်။ သင်ကြားမှုဘယ်နှစ်သုတ် ပြီးဆုံးသွားပြီလဲ အွန်လိုင်းစာမေးပွဲ ဖြေလား အစသဖြင့် မေးခွန်းများကို စကားပြန် အကူအညီဖြင့် ပြောကြားဆွေးနွေးကြောင်း
လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေးထံ မှ သိရှိရပါသည်။ သင်တန်းခန်းမ အနေဖြင့် မိမိတို့ စာကြည့်တိုက်သည် မူးဘောင်ဘေးတွင် ရှိသော အဆောက်အဦးအသစ် တွင် ရည်ရွယ်ထားရှိကြောင်း နှင့် သင်တန်းသားများ အတွက် ထိုင်ခုံ စားပွဲ ခုံ များကို စနစ်တကျ မပြင်ဆင်နိုင်သည့်အတွက် တောင်းပန်ပါကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ကိုလည်း သိရပါသည်။ The Dariu Foundation မှ တာဝန်ရှိသူများ ဖြစ်ကြာသော Mr.Earnနှင့် Mr.Crew တို့ လာရောက် စစ်ဆေး ကြည့်ရှု့ချိန်ွတွင် သာဝတ္ထိရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဦး နှင့် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်း နှင့် Scratch Programming First Batch မှာ ကျောင်းသားကျောင်းသူ များ လာရောက် နှုတ်ဆက် ဧည့်ခံပေးပါသည်။ နိဂုံးချုပ်နေဖြင့် လူငယ့်အားမာန်စာကြည့်တိုက်မှူး အနေဖြင့် ဆက်လက်ပြီး စာဖတ်ရှိန်ဖြင့်တင်ခြင်း စာပေစကားဝိုင်းကျင်းပခြင်း ၊ computer သင်တန်းများ ဖွင့်လှစ်ခြင်း English Speaking သင်တန်းများ ကို ဆက်လက်ပြီ အရှိန်ဟုန်မြင့် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment