နောင်တစ်ချိန် တွင် ဂုဏ်ယူစရာ အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်လာမည့် ရွှေဘိုမြောက်ခြမ်းက ကျေးရွာလေး





အဲဒီ ရွာကလေးပါပဲ ။ ယခင် ပျူလူမျိုးတွေ အခြေချဖူးသွားတယ်လို့ သမိုင်း မှတ်တမ်း မှာ တွေ့လိုက်ရတယ်။
အဲရွာကလေးပါပဲ ။ လက်ဖက်ကုန်သည် ရှမ်းစော်ဘွားတွေ အခြေချ နေထိုင်သွားတဲ့ ရွာကလေး ရေဦးဖက်
လက်ဖက် ကုန်သည်တွေ ဗန်းခင်း ဗန်းပြ ဆိုတာ အဲဒီက လာကြောင်း လူထု ဒေါ်မာ စာအုပ်ထဲ ဖတ်လိုက်။
လွမ်းချင်း အရာ မှာ ဂန္ဓာဝင် မြောက်လှတဲ့ ကျေးလက်သံ ကဗျာ ဆရာကြီး သာဝတ္ထိဦးကြီး ရဲ့ မွေးရပ်မြေလေး။
ဘိုးဝဇီရက ဆရာကြီး မဟာဆွေ ကို ဦးကြီးက သူ့ ဘကြီးတော်တယ်လို့ ပြောဖူးတဲ့ မှတ်တမ်းတွေ နဲ့ ရွာကလေး။
 သာဝတ္ထိဦးကြီး နဲ့ ခေတ်ပြိုင် လို့ ပြောလို့ ရတဲ့ ဦးမျှင် ရဲ့ ရွာကလေး။
ရွှေဘိုမြောက်ဖက် မြင်းနယ် မြင်းစီးမြေ လို့ ပြောလို့ ရတဲ့ ရွာကလေး ။ ဟိုးယခင် မြင်းရေး မြင်းရာ ကျွမ်းကျင်တဲ့
စစ်သည်တော်တွေ မွေးထုတ်ပေးတဲ့ မြင်းစီးကုန်း ၊ မြင်းစီးသူရဲကောင်း ဦးမြင့်တို့ ရွာကလေး။
အဲလို သမိုင်းကြောင်းကောင်းတွေ နဲ့ နာမည်ကြီးတဲ့ ကင်းလတ်၊ခင်လပ်(သို့)ခင်လတ်၊သာဝတ္ထိ ဆိုတဲ့ ရွာကလေး
မှာ ဒီလို သမိုင်းကြောင်း မှတ်တမ်းမှတ်ရာတွေကို ရေးသားထုတ်ဝေဖို့ ဆရာကြီးဦးလှရွှေ(ကွယ်လွန်) မှာ တာဝန်ကို
ဆရာကြီး ဦးကျော်ညွှန်(ဂုဏ်ရောင်) (ခ) ကလောင် အောင်ဟိန်း (ရေဦး) (ကွယ်လွန်) အားပေးအပ်ခဲ့ပါသည်။

စာရေးဆရာ အောင်ဟိန်း(ရေဦး) ရေးသားသော သာဝတ္ထိ(သို့) ကဗျာပန်းအလှတို့ ပွင်သော သူရဲကောင်းမြေ စာအုပ် ကို
၂၀၁၉ အောက်တိုဘာလ ဝန်းကျင်တွင် ထုတ်ဝေပါမည်။

ဒီလို ကဗျာပန်း အလှပန်း တွေ နဲ့ ဉာဏ သတ္တိတွေ ပိုမိုအားအောင်တဲ့ ၂၁ ရာစု ကို ရင်ဆိုင်စေဖို့ လူငယ့်အားမာန်စာကြည့်တိုက်
မှာ နှလုံးသားလှသော ကဗျာပန်းတွေ ပေါ်ထွက်ဖို့ နှလုံးသားလှသော အလှပန်းတွေ ထွက်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။

ICE (Internet,Compuer, English) ဆိုတဲ့ စကားလေးကို ဆက်လက်အသက်သွင်းနေပါတယ်။
Scratch Programming Batch-4 စတင်နေပါပြီး။ သာဝတ္ထိ ကျေးရွာ အနီးအနား ဖြစ်ကြတဲ့
ကျွန်းတောကြီး၊ကျွန်းတောလေး၊မြင်းကျ၊မုံလှ၊ပင်စိမ်းကင်း၊ကျီစု၊ကျောက်တိုင် မှ ကျောင်းသာား ကျောင်းသူများ
လာရောက် သင်ကြားလို့ ရပါတယ်။ သင်တန်း Batch တစ်ခု မှာ ၁၀ဦး သတ်မှတ်ထားပါတယ်။
အဝေးမှ ၁၀ ဦးပြည့်ပါက အချိန်ကို ညှိနှိုင်းပေးပါ့မယ်။ ၁၀ ပြည့် မပြည်ရင် ပုံမှန်ဖွင့်လှစ်သော အတန်းများတွင် ဝင်ရောက်
တက်ရောက်နိုင်မည် ဖြစ်ပါသည် ။

လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ