Strength of Youth Library & Community Center
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊
ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ
လူငယ့်အားမာန်စာကြည့်တိုက်
Strength of Youth Library & Community
Center
ရက်စွဲ- ၂၀၁၉ ဒီဇင်ဘာလ ၂ ရက်။
အကြောင်းအရာ။ ။ ကျန်းမာရေးအားကစားပစ္စည်းများ
နေရာပြောင်းရွေ့ခြင်း။
အထက်ပါအကြောင်းအရာဖြင့် ပတ်သတ်ပြီး
ကျန်းမာရေးအားကစားပစ္စည်းများ တောင်းခံပေးပါသော ခင်ဦးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ ဝင်းအောင်အား လေးစားစွာအသိပေးအပ်ပါသည်။ ယခင် တောင်းခံစဉ်က
လူငယ့်အားမာန်စာကြည့်တိုက် ကိုယ်စားပြုတောင်းခံခဲ့ပါသည် ။ လူငယ့်အားမာန် စာကြည့်တိုက်အတွင်း (9-11-2019)နေ့တွင် တပ်ဆင်ခဲ့ပါသည်။ သို့ပါသော်လည်း ကျန်းမာရေးအားကစားပစ္စည်းများ
လာရောက်အသုံးပြုကြသူများသည် ကလေးငယ်များ သီးသန့် ဖြစ်နေပါသည်။
ကျန်းမာရေးအားကစားပစ္စည်းများ နေရာပြောင်းရွေ့ခြင်း အကြောင်းများမှာ
၁။ ဆော့ကစားသော ကလေးငယ်များသည် အသက် ၁၅ အောက် ကလေးငယ်များ
ဖြစ်ခြင်း။
၂၊ စာကြည့်တိုက်ဖွင့်ချိန်သည် စနေ တနင်္ဂနွေ (၁၂ နာရီ မှာ ၅
နာရီ) အထိသာ အပတ်စဉ် ဖွင့်လှစ်ခြင်း ကြောင့် ကျန်အချိန်များ လာရောက်
ဆော့ကစားချိန်တွင် မကြည့်ရှု့နိုင်ခြင်း။
၃။ စာကြည့်တိုက်ဝန်းသည် သော့ခေတ် မထားသည့်အတွက် အချိန်ပြည့်
နီးပါး ဝင်ရောက်ဆော့ကစားကြပြီး ကြည့်ရှု့စောင့်ရှောက်သူ လူကြီး မရှိချိန်
ရန်ဖြစ်ကြခြင်း ၊ ဆူညံကြခြင်း ။
၄။ သို့ပါသောကြာင့် ရပ်မိရပ်ဖများ ၊
လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ ၊ သာဝတ္ထိ အထက(ခွဲ) ကျောင်းအုပ်ဆရာကြီး ၊
ရွှေဘုံသာကျောင်းဆရာတော် တို့ ပူးပေါင်းတိုင်ပင်ပြီး သာဝတ္ထိရွာ မူးဘောင်ဘေး (တစ်နည်း)
ရွှေဘုံသာကျောင်းအလယ်မုခ်ရှေ့တွင် ရွှေ့ပြောင်းတပ်ဆင်ထားပါသည်။
၅။ အထက်ပါအကြောင်းအရာများကို အသိပေးထုတ်ပြန်ပြီး လိုအပ်သော
ထိန်းသိမ်းစောင့်ရှောက်မှုများကို ရွှေဘုံသာ ဆရာတော်
နှင့်လူငယ့်အားမာန်စာကြည့်တိုက် မှ ပူးတွဲထိန်းသိမ်းစောင့်ရှောက်ပါမည်
ဆိုသည့်အကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
လူငယ့်အားမာန်စာကြည့်တိုက်
ကိုဇော်ဝင်းမောင်(09-972 417 125)
Comments
Post a Comment