တကယ်လုပ် အဟုတ်ဖြစ်ရမည်
တကယ်လည်းလုပ်ပါတယ် အဟုတ်လည်းဖြစ်ခဲ့တာတွေလည်းရှိသလို အကြောင်းအမျိုးမျိုးကြောင့် လွှဲချော်မှုများလည်း ကြုံခဲ့ရပါသည်။ ထိုလွှဲချော်မှု များသည် လက်ခံနိုင်တဲ့ လွှဲချော်မှု များရှိသကဲ့သို့ လက်မခံနိုင်တဲ့ လွှဲချော်မှုများလည်းရှိပါတယ်။ တစ်ခါက ဆရာတစ်ယောက်ပြောဖူးတဲ့ စကားလေးကို သတိရမိပါတယ် “အမှားဆိုတဲ့ အလုပ်လုပ်တဲ့သူတွေပဲမှားတယ်ကွ မလုပ်တဲ့သူတွေ က မမှားဘူး မမှားတိုင်းလည်း မကောင်းဘူး မှားတိုင်းလည်း မကောင်းဘူး ဒါကြောင့် မှားခဲ့ရင်တောင် လက်ခံနိုင်တဲ့အမှားဖြစ်ပါစေ” တကယ်တော့ တစ်ခါတစ်လေ မနိုင်ဝန် ထမ်းထားရတာ ဟာ ရင်ခုန်ဖို့လည်း ကောင်းတယ် စိတ်ပျက်ဖို့လည်းကောင်းတယ် စဉ်းစားကြည့်မိတယ် ငါလုပ်တာ မှားများ မှားနေပြီလားလို့ အကြိမ်ကြိမ် ပြန်စဉ်းစားမိတယ် ဟုတ်တယ်လေ သူငယ်ချင်းတွေ ဆီက အကူအညီလောက်နဲ့ စာကြည့်တိုက်လေး ဖြစ်အောင် ဖန်တီးထားမိတယ် အဲစာကြည့်တိုက် က ရန်ပုံငွေလည်းဟုတ်တိ ပတ်တိ လည်းမရှိ။ နောက်ပြီးတော့ ပင်တိုင်စံ အလှူရှင် ကလည်း ၂၀၁၄ ဧပြီလ လောက် ကမှ ကိုဇော်မျိုးထွန်း က တစ်လတစ်သောင်း လစဉ် လှူထားတာ လေးပဲ ရှိပါတယ်။ နောက်ပြီး အဖွဲ့အစည်းကလည်းမရှိ အားလုံးပေါင်း မှ နှစ်ယောက်ထဲ အင်းဘယ်လို ရှေ့ဆက်မှာ လည်း တေ...