Posts

Showing posts from March, 2017

ရွှေဘို ကလေးစာပေပွဲတော် သို့ လူငယ့်အားမာန်စာကြည့်တိုက် မှ သွားရောက် လေ့လာ။

Image
ရွှေဘို ကလေးစာပေပွဲတော် သို့ လူငယ့်အားမာန်စာကြည့်တိုက် မှ သွားရောက် လေ့လာ။ရွှေဘို ကလေးစာပေပွဲတော် ကလေးစာပေပွဲတော်သို့  လူငယ့်အားမာန်စာကြည့်တိုက် မှ ကလေးငယ်များ ၂၀၁၅ စာဖတ်အားအကောင်းဆုံး ဆုပိုင်ရှင် ၂၀၁၆ စာဖတ်အားအကောင်းဆုံး ဆုပိုင်ရှင် နှင့် ၂၀၁၇ ခုနှစ် စာပေဟောပြောပွဲတွင် လုပ်အားအလှူရှင် အဖြစ် ပါဝင် လုပ်အားပေးကြသော  သာဝတ္ထိရွာ ပညာဒါန စာသင်ဝိုင်းမှ ဆရာဆရာမများ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသော ကျောင်းသားကျောင်းသူများကို အတွေ့အကြုံ ဗဟုသုတ များ ရပါစေခြင်း အလို့ငှာ။ ရွှေဘို ကလေးစာပေပွဲတော်သို့ လိုက်လံပို့ဆောင်ပေးပါသည်။ (ရွှေဘိုမှ တဆင့် မုံရွာသို့ ဘုရားဖူးဆက်လက် ပို့ဆောင်ပေးနေပါသည်)။ လူငယ့်အားမာန်စာကြည့်တိုက် မှ ရွှေဘို စာပေပွဲတော် နှင့် မုံရွာ ဘုရားဖူးခရီးစဉ်အတွက် ခရီးစရိတ်အဖြစ် အလှူငွေ ငါးသောင်း ထည့်ဝင်ပေးပါသည်။ ဦးဆောင်ဦးရွက် စီစဉ်သူများ နှင့် သာဝတ္ထိပညာဒါန ကျောင်းမှ ဆရာဆရာများ ၊လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေးတို့ အား ကျေးဇူးအထူး တင်ရှိပါသည်။ လူငယ့်အားမာန်စာကြည့်တိုက် Photo Credit: ဆရာ ကျော်ဇင်ထွန်း

ဆရာချစ်ဦးညိုမှ ဟောပြောနေစဉ်။

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်။သာဝတ္ထိရွာ တတိယအကြိမ်မြောက် စာပေဟောပြောပွဲ ဆရာချစ်ဦးညိုမှ ဟောပြောနေစဉ်။

ကဗျာရွတ်ကြပါစို့ ခေါင်းစဉ်ဖြင့် ဟောပြောနေသော

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်။သာဝတ္ထိရွာ တတိယအကြိမ်မြောက် စာပေဟောပြောပွဲ ကဗျာရွတ်ကြပါစို့ ခေါင်းစဉ်ဖြင့် ဟောပြောနေသော။ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) FieryLaddie Library Sagaing Division,Shwe Bo District,Khin-U Township TharWutHti Village. fieryladdie.tharwuthti@gmail.com fieryladdie.blogspot.com 09-73551087

စာကြည့်တိုက်ကို လာစေချင်လို့ပါ ညီမလေးရယ်

စာကြည့်တိုက်က ညီမလေးတစ်ယောက် အစ်ကို အစ်ကို သမီး ကွန်ပျူတာ တက်ချင်ပါတယ် သမီး အဖေ အသင်းဝင်ထားပါတယ် သမီး အစ်မ အသင်းဝင်ထားပါတယ် သူတို့အစား သမီးတက်ချင်ပါတယ် ရပါလားလို့ စာကြည့်တိုက်မှူးအန်တီစောစောလည်း မရှင်းနိုင်တော့လို့ ဇော်ဝင်းမောင်ရေ နင့်ဘာသာနင်ရှင်းတော့ တဲ့ ဟုတ်ပြီ ညီမလေး အစ်ကိုက ညီမလေးတို့အားလုံးကိုသင်ပေးချင်ပါတယ် တကယ်စေတနာပါနော် ညီမလေး ကိုအစ်ကိုမေးမယ်  ညီမလေး အဖေ မှတ်ပုံတင်ကဒ် နဲ့ ညီမလေး ခရးီသွားလို့ရမလား ညီမလေး အစ်မ မှတ်ပုံတင်ကဒ်နဲ့ ညီမလေး ခရီးသွားလို့ရမလား မရပါဘူးတဲ့ ညီမလေးကို အစ်ကိုမေးမယ်။ ညီမလေး အဖေ ထမင်းစားလိုက်လို့ ညီမလေး ထမင်းဝသလား ညီမလေး အစ်မ ထမင်းစားလိုက်လို့ ညီမလေး ထမင်းဝသလား မရပါဘူး တဲ့   အေး ...........အဲအတိုင်းပဲလို့ ကလေးတွေကို စိတ်မဆိုးပါဘူး ချစ်ပါတယ် ကလေးတိုင်းကို ကလေးတွေ အနာဂတ်တွေမြင့်မာစေချင်တယ် တိုးတက်စေချင်တယ် စာဖတ်စေချင်တယ် ဒီလိုလုပ်ခိုင်းရတာလည်း သူတို့တွေ ကိုစာဖတ်စေချင်လို့ပါ စာကြည့်တိုက် ကိုလာစေချင်လို့ပါ။ FieryLaddie Library Sagaing Division,Shwe Bo District,Khin-U Township TharWutHti Village. fieryladdie.tharwuthti@gmail.com fieryladdie.blogspot.co...

2015 ခုနှစ်ကွန်ပျူတာ သင်တန်းအတွက် စည်းကမ်းချျက်လေးတွေပါ။

Image
2015 ခုနှစ်ကွန်ပျူတာ သင်တန်းအတွက် စည်းကမ်းချျက်လေးတွေပါ။ ၁. စာကြည့်တိုက်အသင်းဝင်ဖြစ်ရမယ်။ ၂.မိဘ သဘောတူရမယ်။ ၃.အသက်ကတော့ ခြောက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမယ်။ ဘာကြောင့် အသင်းဝင်ဖြစ်ခိုင်းတာလည်း တစ်သွေးထဲတစ်သားထဲဖြစ်စေချင်လို့ သူလည်းအသင်းဝင်ထားတယ် ငါလည်းအသင်းဝင်ထားတယ် ဆင်တူ အင်္ကျီ လေးတွေဝတ်ရတယ်  ဆင်တူ လည်ဆွဲကဒ်လေးတွေ ဝေတယ် သူကအသင်းဝင်တယ် သူလည်းရတယ် ငါကအသင်းမဝင်ဘူး ငါလည်းရတယ် ဘာထူးသေးလည်း အသင်းဝင်တဲ့လူ ပိုအလုပ်ရှုတ်တာပေါ့ ဒီလိုမှန်းသိဝင်မဝင်လည်း ရရင်မဝင်ပါဘူးးးးး (အသင်းဝင်ကြေးမှ တစ်ရာပါ ငှားရမ်းခွင့်ကဒ်က တစ်အုပ်(၂၀) ##ဆယ်အုပ်=၂၀၀) ဘာကြောင့် ဒီသင်တန်းကို သင်ဖြစ်တာလည်း ၁.စာကြည့်တိုက် နဲ့ ပိုမိုရင်နှီးစေချင်လို့ပါ ဒီလမ်းဒီခရီးကိုတစ်ကြိမ်သွားဖူးပြီးရင် နောက်တစ်ကြိမ်သွားဖို့ မခဲယဉ်းတော့ပါဘူး စာကြည့်တိုက်အသင်းဝင်ဖြစ်ထားမှ တော့ အနည်းဆုံးတော့ စာအုပ်တစ်အုပ်လောက် ဖတ်ရင်ကိုကျေနပ်ပါတယ်။ စာများများဖတ်စေချင်လို့ စာကြည့်တိုက်ကို လာစေချင်လို့ပါ။ ကွန်ပျူတာဆိုတာ ဒီဟာပါလား....ကျွန်တော်တို့ကိုယ်တိုင် သူ့တိုအသက်အရွယ်မှာ ကျွန်ပျူတာကိုမမြင်ဖူးပါဖူးကိုင်လည်းမကိုင်ဖူးပါဘူး ငါတို့မကိုင်ရပေမယ့် သူတို့လေးတွေကိ...

၂၀၁၇-တတိယအကြိမ် စာပေဟောပြောပွဲ

Image
၂ ၀၁၂-ပထမအကြိမ်စာပေဟောပြောပွဲ -ဆရာအောင်ဟိန်း၊ဆရာရန်ငြိမ်းသူ၊ကဗျာဆရာ ကျော်ရင်မောင်၊ကဗျာဆရာ မောင်နေသစ်။ ၂၀၁၄-ဒုတိယအကြိမ်စာပေဟောပြောပွဲ-ဆရာအောင်ဟိန်း၊ဆရာ ရန်ငြိမ်းသူ၊ဆရာ နေဝင်းမြင့် ၊ဆရာ ဦးဘုန်း ၂၀၁၇-တတိယအကြိမ် စာပေဟောပြောပွဲ - ဆရာ ချစ်ဦးညို၊ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်) ဒါဟာ လူငယ့်အားမာန်စာကြည့်တိုက် အောင်မြင်မှု မှတ်တမ်း ခြေလှမ်းတွေပါ။ ဒီလို မှတ်တမ်း မှတ်ရာတွေ နှင့် အဆင်ပြေ လွယ်ကူစွာ ကျင်းပ နိုင်ဖို့ လျို့ဝှက်ချက်တွေ ရှိပါတယ်။ အဓိက လျို့ဝှက်ချက်တွေကတော့ ပွဲတစ်ပွဲနောက်ကွယ်က လှုပ်ရှားတဲ့ လုပ်အား (ခ) အဓိက ဇာတ်ဆောင်များဖြစ်ပါတယ်။ ၁.၁၂ ယောက်မြောက် ကစား သမား  ၂. နောက်ကွယ်က လုပ်အား။ ၁၂ ယောက်မြောက် ကစားသမားဆိုတဲ့ စကားလုံး က ဘောလုံးကစားပွဲများမှ ယူငင်သုံးစွဲလိုက်ပါတယ်။ ဘောလုံးမှာ ရှေ့ ၊ လယ်၊နောက်၊ဂိုး  အသီးသီး တာဝန်ကျေသလို အားပေးမှု၊တက်ကြွမှု၊စိတ်ဓာတ်၊ယုံကြည်မှု၊မေတ္တာတရား၊အသံ ပေါင်းစည်း ထားခြင်း စတဲ့ အချက်တွေ အင်တိုက်အားတိုက် ဘောလုံးကွင်းဘေးကနေ ဘောလုံးသမားနည်းတူ ကစားပေးကြတဲ့ ပရိတ်သတ်။  ထိုပရိသတ်အားပေးမှုက ကစားသမားတွေ ...

ရုပ်ရှင်ပြသခြင်း အစီအစဉ်

Image
ရုပ်ရှင်ပြသခြင်း အစီအစဉ်ဖြင့်  စာကြည့်တိုက်ကို ကလေးငယ်များ လာရောက် နားခိုနိုင်အောင် ဆွဲဆောင်ခြင်း။ (ကြောင်နဲ့ကြွက် ဇာတ်လမ်းတိုများ Mr.Bean ဟာသဇာတ်လမ်းများ) ဖန်သားပြင်တီဗွီအလှူရှင် - Daw Hnin Hnin + Aye Thiri Hnin DVD- လူငယ့်အားမာန်စာကြည့်တိုက် အလှူရှင်မာျး စုစုပေါင်း Photo Credit: Ma Nwe Yin Aye

တတိယအကြိမ် စာပေဟောပြောပွဲ ဖြစ်မြောက်ရန်နှင့် စာကြည့်တိုက် ရေရှည်တည်တံ့နိုင်ရန်အတွက်

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ။ လူငယ့်အားမာန်စာကြည့်တိုက် တတိယအကြိမ် စာပေဟောပြောပွဲ ဖြစ်မြောက်ရန်နှင့် စာကြည့်တိုက် ရေရှည်တည်တံ့နိုင်ရန်အတွက်  ကောက်ခံ ရရှိငွေ အလှူငွေ စာရင်းစုစုပေါင်း စာအုပ်စဉ်(၁) မဇာဖြူ(ရန်ကုန်) ကောက်ခံရရှိငွေ ၁၃၁၀၀ စာအုပ်စဉ်(၂)မဖြူဖြူဝင်း(ရန်ကုန်) ကောက်ခံရရှိငွေ ၄၂၀၀၀ စာအုပ်စဉ်(၃)ဇော်ဝင်းမောင်,ဆုမြတ်အောင်(ရန်ကုန်) ကောက်ခံရရှိငွေ ၃၈၀၀၀၀ စာအုပ်စဉ်(၄)ကိုထွန်းနောင်စိုး(စင်္ကာပူ)ကောက်ခံရရှိငွေ ၃၀၀၀၀၀+$50 စာအုပ်စဉ်(၅)မဇာဖြူ(ရန်ကုန်) ကောက်ခံရရှိငွေ ၂၀၀၀၀ (အစ်မတို့ အလှူငွေ ကျွန်တော့် စာအုပ်ထဲ ပေါင်းထား) စာအုပ်စဉ်(၆)ဆုမြတ်အောင်(ရန်ကုန်) ကောက်ခံရရှိငွေ ၃၃၀၀၀ စာအုပ်စဉ်(၇) မြင့်မြင့်သင်း(ရန်ကုန်) ကောက်ခံရရှိငွေ ၃၁၀၀၀ စာအုပ်စဉ်(၈)နိုင်ရာဇာထွန်း(ရန်ကုန်) ကောက်ခံရရှိငွေ ၂၂၄၀၀၀ စာအုပ်စဉ်(၉)ဇော်ဝင်းမောင် (ရန်ကုန်၊မလေးရှား)ကောက်ခံရရှိငွေ ၂၇၈၀၀၀ စာအုပ်စဉ်(၁၀)ခိုင်ခိုင်ထွေး(မန်းလေး)ကောက်ခံရရှိငွေ ၁၉၂၅၀၀ စာအုပ်စဉ်(၁၁)ကိုအောင်မြတ်(သာဝတ္ထိ) ကောက်ခံရရှိငွေ ၁၅၃၀၀၀ စာအုပ်စဉ်(၁၂)ကိုကိုအောင်(ရန်ကုန်) ကောက်ခံရရှိငွေ ၈၁၀၀၀ စာအုပ်စဉ်(၁၃)ထက်ထက်မွန်(ရန်ကုန်) ကော...

MBAPF ရဲ့Peer Learning Meeting

Image
MBAPF ရဲ့Peer Learning Meeting  တက်ရောက်ခွင့် ရတဲ့အတွက်  ဒေါက်တာသန့်သော်ကောင်း ဆရာမ Daw Myat San Nyein ဦးဆောင်ဦးရွက်ဆောင်ရွက် ကျင်းပသူများ တက်ရောက်လာကြသော  ပြန်ကြားရေးနှင့် ဆက်သွယ်ရေး မှ တာဝန်ရှိသူများ အထက်မြန်မာပြည်မှ စာကြည့်တိုက် အသီးသီးမှ  စာကြည့်တိုက် မှူးများ စာကြည့်တိုက် ဦးဆောင်သူများ Brahmaso Librarymandalay မှ တာဝန်ရှိသူများ ကျေးဇူးတင်ထိုက်သူများ အားလုံးကို သာဝတ္ထိ လူငယ့်အားမာန်စာကြည့်တိုက် မှအထူး ကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ စာကြည့််တိုက်များ ဖွံ့ဖြိုးတိုးတက်ဖို့  လူငယ့်အားမာန်စာကြည့်တိုက် အနေဖြင့် ပါဝင်ပူးပေါင်း လုပ်ဆောင်ပါမည်။

စာကြည့်တိုက်တွေတည်တဲ့ ဘုန်းဘုန်းရဲ့ ရင်တွင်းစကား

စာကြည့်တိုက်တွေတည်တဲ့ ဘုန်းဘုန်းရဲ့ ရင်တွင်းစကား အရှင်ဣဿရိယ(ဗုဒ္ဓတက္ကသိုလ်) စာကြည့်တိုက်တွေ ဖွင့်ရခြင်းရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ပညာတွေ ဗဟုသုတတွေ ပြည့်စုံတဲ့ သူတွေ ဖြစ်စေချင်တယ်။ ငယ်ငယ်က စာဖတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ရွာမှာ စာကြည့်တိုက် မရှိတော့ စာဖတ်ဖို့အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် အရွယ်ရောက်လာရင် စာကြည့်တိုက်တွေ ထောင်မယ်လို့ဆုံးဖြတ်ချက် ချထားခဲ့တယ်။ စာကြည့်တိုက်တွေဟာ ပညာရေးရဲ့ ပင်မရေသောက် မြစ်ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ လူအများစုကြီး စာမဖတ်ကြခြင်းပါပဲ။ စာဖတ်တဲ့လူ တစ်ယောက်လောက်က စကားပြောရင် ဝိုင်းငေးမော နားထောင်တဲ့ အဆင့်မှာပဲ ရှိကြတာ များပါတယ်။ မှားတယ်မှန်တယ် ထောက်ပြနိုင် ဝေဘန်ဆွေးနွေးပြနိုင်တာ အင်မတန် နည်းပါးပါတယ်။ အဲဒီတော့ ပြောပြတဲ့သူဟာလဲ သူပြောတာတွေ လူတွေ ဝိုင်းနားထောင် နေတာကို ဂုဏ်ယူရင်းနဲ့ ကိုယ်ပြောတာတွေ မှားလားမှန်လား မသိတော့ပဲ ငါဟာ လူတတ်တစ်ယောက် ဖြစ်တယ်ဆိုပြီး မာနထောင် လာပြန်ရော။ ပိုဆိုးတာက ရွာတွေမှာဆို အဲဒီလို ဦးဆောင်ပြီး ပြောပြမဲ့ သူတောင်မရှိတော့ သူတို့တိုက်ခဲ့တဲ့ နွားတိုက်ပွဲတို့ ကြက်တိုက်ပွဲတို့ချဲတို့ ဘောလုံးလောင်းပွဲတို့ အကြောင်းကို ထိုင...

ရွှေဘိုမြို့တွင် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်

Image
ရွှေဘိုမြို့တွင် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပမည် မတ်၊ ၁၅ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေး နှင့် အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများ၏ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်နှင့် ကလေးများ၏ အပြောအဆိုနှင့် နှုတ်မှုရေးရာ စွမ်းရည်များ မြင့်မာစေရန်၊ ကလေးများစာပေနှင့် ရင်းနှီးပြီး ကလေးများ၏ ပျော်ရွှင်မှုကို စာဖတ်ခြင်းဖြင့် ဖန်တီးပေးရန်ဟူသော ရည်ရွယ်ချက်ဖြင့် မတ်လ ၂၉ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ရွှေဘိုမြို့၊ TWS ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ကလေးစာပေပွဲတော် ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ "ကျွန်တော်တို့အနေနဲ့ မတ်လ ၂၉ ရက်မှာ TWS ကိုယ်ပိုင်းအထက်တန်းကျောင်းမှာ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကျင်းပသွားမှာပါ။ ကလေးများအနေနဲ့ စာအုပ်စာပေနဲ့ ရင်းနှီးစေဖို့၊ တီထွင်ကြံဆတက်စေဖို့နဲ့ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ စုပေါင်းဆောင်ရွက်တက်စေဖို့ပါ။ နောက်ပြီး အနာဂတ်အတွက် ကလေးများက အဓိကကျပါတယ်။ ...