စာကြည့်တိုက်ကို လာစေချင်လို့ပါ ညီမလေးရယ်

စာကြည့်တိုက်က ညီမလေးတစ်ယောက်
အစ်ကို အစ်ကို
သမီး ကွန်ပျူတာ တက်ချင်ပါတယ်
သမီး အဖေ အသင်းဝင်ထားပါတယ်
သမီး အစ်မ အသင်းဝင်ထားပါတယ်
သူတို့အစား သမီးတက်ချင်ပါတယ် ရပါလားလို့
စာကြည့်တိုက်မှူးအန်တီစောစောလည်း မရှင်းနိုင်တော့လို့
ဇော်ဝင်းမောင်ရေ နင့်ဘာသာနင်ရှင်းတော့ တဲ့
ဟုတ်ပြီ ညီမလေး အစ်ကိုက ညီမလေးတို့အားလုံးကိုသင်ပေးချင်ပါတယ်
တကယ်စေတနာပါနော်
ညီမလေး ကိုအစ်ကိုမေးမယ် 
ညီမလေး အဖေ မှတ်ပုံတင်ကဒ် နဲ့ ညီမလေး ခရးီသွားလို့ရမလား
ညီမလေး အစ်မ မှတ်ပုံတင်ကဒ်နဲ့ ညီမလေး ခရီးသွားလို့ရမလား
မရပါဘူးတဲ့
ညီမလေးကို အစ်ကိုမေးမယ်။
ညီမလေး အဖေ ထမင်းစားလိုက်လို့ ညီမလေး ထမင်းဝသလား
ညီမလေး အစ်မ ထမင်းစားလိုက်လို့ ညီမလေး ထမင်းဝသလား
မရပါဘူး တဲ့
 
အေး ...........အဲအတိုင်းပဲလို့
ကလေးတွေကို စိတ်မဆိုးပါဘူး
ချစ်ပါတယ် ကလေးတိုင်းကို
ကလေးတွေ အနာဂတ်တွေမြင့်မာစေချင်တယ်
တိုးတက်စေချင်တယ် စာဖတ်စေချင်တယ်
ဒီလိုလုပ်ခိုင်းရတာလည်း သူတို့တွေ ကိုစာဖတ်စေချင်လို့ပါ
စာကြည့်တိုက် ကိုလာစေချင်လို့ပါ။
FieryLaddie Library
Sagaing Division,Shwe Bo District,Khin-U Township
TharWutHti Village.
fieryladdie.tharwuthti@gmail.com
fieryladdie.blogspot.com
09-73551087
Boost Post

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ