၂၀၁၇-တတိယအကြိမ် စာပေဟောပြောပွဲ
၂၀၁၂-ပထမအကြိမ်စာပေဟောပြောပွဲ -ဆရာအောင်ဟိန်း၊ဆရာရန်ငြိမ်းသူ၊ကဗျာဆရာ ကျော်ရင်မောင်၊ကဗျာဆရာ မောင်နေသစ်။
၂၀၁၄-ဒုတိယအကြိမ်စာပေဟောပြောပွဲ-ဆရာအောင်ဟိန်း၊ဆရာ ရန်ငြိမ်းသူ၊ဆရာ နေဝင်းမြင့် ၊ဆရာ ဦးဘုန်း
၂၀၁၇-တတိယအကြိမ် စာပေဟောပြောပွဲ - ဆရာ ချစ်ဦးညို၊ ဆရာ ကိုလေး (အင်းဝဂုဏ်ရည်)
ဒါဟာ လူငယ့်အားမာန်စာကြည့်တိုက် အောင်မြင်မှု မှတ်တမ်း ခြေလှမ်းတွေပါ။
ဒီလို မှတ်တမ်း မှတ်ရာတွေ နှင့် အဆင်ပြေ လွယ်ကူစွာ ကျင်းပ နိုင်ဖို့
လျို့ဝှက်ချက်တွေ ရှိပါတယ်။ အဓိက လျို့ဝှက်ချက်တွေကတော့ ပွဲတစ်ပွဲနောက်ကွယ်က
လှုပ်ရှားတဲ့ လုပ်အား (ခ) အဓိက ဇာတ်ဆောင်များဖြစ်ပါတယ်။
၁.၁၂ ယောက်မြောက် ကစား သမား
၂. နောက်ကွယ်က လုပ်အား။
၁၂ ယောက်မြောက် ကစားသမားဆိုတဲ့ စကားလုံး က ဘောလုံးကစားပွဲများမှ ယူငင်သုံးစွဲလိုက်ပါတယ်။
ဘောလုံးမှာ ရှေ့ ၊ လယ်၊နောက်၊ဂိုး
အသီးသီး တာဝန်ကျေသလို အားပေးမှု၊တက်ကြွမှု၊စိတ်ဓာတ်၊ယုံကြည်မှု၊မေတ္တာတရား၊အသံ
ပေါင်းစည်း ထားခြင်း စတဲ့ အချက်တွေ အင်တိုက်အားတိုက် ဘောလုံးကွင်းဘေးကနေ
ဘောလုံးသမားနည်းတူ ကစားပေးကြတဲ့ ပရိတ်သတ်။
ထိုပရိသတ်အားပေးမှုက ကစားသမားတွေ အတွက် မောင်းနှင်အားပါ။
Master Key လို့ တောင် တင်စားခေါ်ချင်ပါတယ်။
အလားတူ လူငယ့်အားမာန်စာကြည့်တိုက် တတိယအကြိမ် စာပေဟောပြောပွဲ ကျင်းပနိုင်ခြင်း
အဓိက ဇာတ်ဆောင် MasterKey ကတော့ နှစ်စဉ် အမြဲ လှူဒါန်းနေကြသော
စာကြည့်တိုက် အလှူရှင်များဖြစ်ပါတယ်။
ကျွန်တော်တို့ စာပေချစ်သူ စာချစ်သူတို့ဘယ်လောက်ပဲ နားဆင်ချင်ချင်။
Master Key တွေ ထောက်ပံ့လှူဒါန်းမှု မရှိရင် မရပါဘူး။
ခု လူငယ့်အားမာန်စာကြည့်တိုက် တတိယအကြိမ်အတွက် Master Key တွေ အင်တိုက်အားတိုက်
သဒ္ဓါ တရားထက်သန်စွာ လှူဒါန်းတဲ့ အဆင့် ကျော်လွန်ပြီးနောက်ပိုင်း
နောက်ကွယ်က လုပ်အား အလှူရှင်များ။
Save the Library နှင့် ဆွေးနွေးပွဲ တက်ရောက်မည့် စာကြည့်တိုက်များ အတွက်
တည်ခင်း ဧည့်ခံ ဖို့ ချက်ပြုတ်ရေး တာဝန်ယူတဲ့ လုပ်အား အလှူရှင်များ။
ကြွရောက်လာသော သံဃာတော်များဆွမ်းကပ်ရန်အတွက် လုပ်အားအလှူရှင်များ။
အချိုပွဲ ပြင်ဆင်ရန်အတွက် လိုအပ်သော အသီးအနှံ အချိုပွဲ အတွက် လုပ်အားအလှူရှင်များ။
နေပူကျဲကျဲ မနားမနေ သွားရောက် ဖိတ်ကြားခဲ့ရသော လုပ်အား အလှူရှင်များ။
စာပေဟောပြောပွဲ မကျင်းမီ ရွာနီးချုပ်စပ် ကျေးရွာများသို့ ဖိတ်ကြားပေးပါသော
အသံ အလှူရှင်များ ကားအလှူ ရှင်များ။
မနက်ပိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ပြင်ဆင် ဆောင်ရွက် ပေးကြသော
လုပ်အားအလှူရှင်များ။
နေ့ခင်းပိုင်း စာပေဟောပြောပွဲ မတိုင်မီ အအေးတိုက် လုပ်အားအလှူရှင်များ
အသံပိုင်းဆိုင်ရာ တာဝန်ယူငှားရမ်း ပို့ဆောင်ပေးကြသော လုပ်အား အလှူရှင်များ
ဓမ္မာရုံကြီးမှာ အညစ်အကြေးများကို သန့်ရှင်းဆေးကြော ပေးပါသော လုပ်အား အလှူရှင်များ
အခမ်းအနား နှစ်ခု စလုံးအတွက် ပြင်ဆင် တည်းဖြတ် ပန်းအလှဆင်ပေးပါသော
လုပ်အား အလှူရှင်များ။
မိတ္ထီလာ အထိ ကားဖြင့် သွားရောက်ကြိုဆိုပေးပါသောလုပ်အား အလှူရှင်များ။
ပြန်လည် ပို့ဆောင်ပို့ပေးပါသော လုပ်အား အလှူရှင်များ။
အခမ်းအနားသိမ်း လုပ်ပေးပါသော လုပ်အား အလှူရှင်များ။
အဆေးအကြော ပစ္စည်းသိမ်း တစ်ထောင့် တစ်နေရာ မှစာပေဟောပြောပွဲအတွက်
အင်အားစိုက်ထိုက် ကူညီကြသော လုပ်အားတန်ဖိုး အလှူရှင်များကို တန်ဖိုးထားလျက်။
ရပ်ရွာ အုပ်ချုပ်ရေးမှူး နှင့် တကွ ရပ်မိရပ်ဖ များ လမ်းညွန် ကူညီ လျက်။
နောက် စာပေချစ်သူ စာပေမြတ်နိုးသူများကို ကျေးဇူးတင်လျက်။
နိုင်ငံကျော် စာရေးဆရာ ချစ်ဦးညို နှင့် နိုင်ငံကျော် ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်)
လေးစားလျက်။
လူငယ့်အားမာန်စာကြည့်တိုက်မှ
၁၂ ယောက်မြောက် ကစားသမား အလှူရှင်များ ၏ အလှူငွေ စေတနာ သဒ္ဓါတရားများဖြင့် မတည်လျက်
နောက်ကွယ် က လုပ်အားတန်ဖိုး အလှူရှင်များဖြင့် ပူးပေါင်းပါဝင် မတည်ခြင်းဖြင့်။
ဟောပြောပေးပါသော နိုင်ငံကျော် စာရေး ဆရာကြီးများ ဟောပြောမှုနှင့်အတူ
စာပေချစ်သူ စာပေ မြတ်နိုးသူများ အသိဉာဏ် ဗဟုသုတ စာပေချစ်စိတ် စာပေမြတ်နိုးစိတ်
အသိဉာဏ်ပညာ တန်းဖိုး ရှိမှု ။
သိမှု။
အသိတရား။။
မှန်ကန်မှု။
စာနာမှု။
ကိုယ်ကျင့်တရား မြတ်နိုးမှု။
အမှန်ကို မြင်နိုင်စွမ်းရှိမှု။
အမှားကို ရှောင်ကွင်းနိုင်ခြင်း သိမှု။
စသည်တို့ကို သိရှိ ခံစား နားဆင်နိုင်စေရန်အတွက်။
ပေါင်းစည်း ပေးသော အသိပညာ ပေါင်းကူး တံတားလေးမျှသာ။
Photo Credit: Ko Mya Aung
FieryLaddie Library
Sagaing Division,Shwe Bo District,Khin-U Township
TharWutHti Village.
fieryladdie.tharwuthti@gmail.com
fieryladdie.blogspot.com
09-73551087
Comments
Post a Comment