Posts

Showing posts from April, 2017

ကလေးတိုင်း ကလေးတိုင်း စာကြည့်တိုက် ကို တံခါး မရှိ။ ဓားမရှိ ဝင်ရဲ ထွက်ရဲ နိုင်ရမယ် ။

Image
အထူး သဖြင့် စာကြည့်တိုက် နဲ့ ကလေးငယ် များဟာ စိမ်း မနေသင့်ဘူး။ စာကြည့်တိုက်သည် သူတို့လေးတွေ အတွက် ခိုနားရာ ဘုံဗိမ္မာန်တစ်ခု တစ်ခု အဖြစ်ရှိနေသင့်တယ်။ စာကြည့်တိုက် ဆိုတဲ့ စကားလုံးအောက်မှာ သော့တန်းလန်းနဲ့ မြင်ရတဲ့ မြင်ကွင်းဟာ ရင်နင့်ဖွယ်ရာပါပဲ။ ဆိုဖွယ် စကာလုံး မရှိတော့ပေ။ စာကြည့်တိုက် တံခါးတိုင်း ဖွင့်နိုင်ရမည်။ ဖွင့်နိုင်အောင် ကြိုးစားသင့်သည်။ လူငယ့် အားမာန်စာကြည့်တိုက်သည်  ထိုအတားအဆီးကို ကျော်လွန်ခဲ့ပါသည်။ နောက်အတားအဆီးတစ်ခုက ဆီးကြိုမြဲပါ။ ကျွန်တော်တို့သည် အတားအဆီးများကို ကျော်ဖြတ်ရင်း ။ ဖြတ်ကျော်ရင်း နောက်အတားအဆီးများကို ရင်ဆိုင်ရမြဲ။ ကလေးငယ်များ စာဖတ်အားကျဆင်းခြင်း နှင့် စာကြည့်တိုက် သက်ဝင်လှည်ပတ်ခြင်း။ ကလေးငယ်များ စာဖတ်အားကျဆင်းခြင်း ဘာကြောင့် စာဖတ်အားကျဆင်းရတာလဲ။ ကလေးတွေ အကြိုက်သိဖို့ လိုပါတယ်။ စာကြည့်တိုက်မှူးသည် ကလေးငယ်များကို ချစ်တတ်ဖို့ သူတိုနဲ့ ကျွမ်းဝင်ဖို့ ။ ပြောရဲ ဆိုရဲ ရှိဖို့။ ဒီနေရာမှာ စာကြည့်တိုက်မှူး အခန်း ကဏ္ဍသည် အရေးကြီးပါသည်။စာဖတ်သူ ကလေးငယ်များထံ မှ မိမိတို့ ကြိုက်နှစ်သက်ရာ ဇာတ်ကောင်များ စာအုပ်အမည်များကို စစ်တမ်းကောက်ယူပြီး ဝယ်ယူဖြည့်ဆည်းပေးခြင်းအ...

အမေ့ပြောတဲ့…….ကြက်ဥတစ်လုံး

Image
အမေ့ပြောတဲ့…….ကြက်ဥတစ်လုံး မီးခိုးတွေ တအူအူထွက်နေသော တဲအို…… ထိုတဲအိုထဲမှာ အမေ.. အဖေ့အတွက် သားသမီးတွေအတွက် တကုတ်ကုတ်ချက်ပြုတ်နေခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပြီ……ဒီလိုနေ့တွေမှာဆို အမေသည် မမောနိုင် မပန်းနိုင် ချက်ပြုတ်နေပြီလေ အင်ဂျင်နီယာကျောင်းသားလေး အမေ့သားလေးပြန်လာပြီ ဆိုသည့် အသိ စိတ်က အမေ့ကို မမောတမ်းမပန်းတမ်း အလုပ်လုပ်စေခဲ့ပါတယ် ထိုအရာသည် မေတ္တာ…မိဘ..မေတ္တာ ငါ့သားလေး တနယ်တကျေး မှာအစားအသောက် ဆင်းရဲ အနေဆင်းရဲ ကျောင်းတက်ရရှာ သည် ဆိုတဲ့ စိုးရိမ်ပူပန်မှု ဖြင့် ကျောင်းပိတ်ပြန်လာခိုက် အစွမ်းကုန်ချက်ပြုတ်စေတာ မိဘစေတနာ…. အမေ့ထမင်းချက်တဲအိုထဲ ဝင်သွားရင်း အမေ့ဘာဟင်းချက်လဲ မင်းကြိုက်တဲ့ ကြက်ဟင်းခါးသီးလေးကြော်ရယ် ပဲနီပြုတ်ကြော်လေးရယ် ငံပြာရည်ဖျော် ရယ် နောက်ဖေးက ချဉ်ပေါင်ရွက်လေးခူးပြီး အချဉ်ရည်လေးလုပ်ထားတယ်..သားရယ် နောက်အမေက ကောက်ခါငင်ကာ အဆုံးအစမရှိ “ငါ့သားကို အမေ တစ်ခု မေးရဦးမယ် ငါ့သား အခုကြက်ဥ ဘယ်နှလုံး စားချင်လဲ……..ဟင်” “ဗျာ”  ဘာဖြစ်လို့လည်း အမေ ဒီဟင်းနဲ့လည်း အဆင်ပြေပါတယ် သားစားတတ်ပါတယ် ဟုတ်ပါတယ် သားစားတတ်မှန်းလည်းသိပါတယ် အမေ့က မင်းငယ်ငယ်ကမေးခဲ့တဲ့စကားလေးတစ်ခွန်းကို သွားသတိရလို့မေးကြည့်တာပါ ...

စာကြည့်တိုက် ကိုဘာကြောင့်ဖွင့်ချင်တာလဲ။

Image
စာကြည့်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်းအရင်းကတော့ ၁. မခံချင်စိတ်။ ၂.ယုံကြည်စိတ်။ ၁.ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။ ၁.၁။အချက်။ ကျွန်တော်တို့ရွာကလေးကိုမန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေးနဲ့ ဝင်လာပါတယ်။ကားပေါ်ကဆင်းဆင်းချင်းပဲမိသန်းနင့် တို့ရွာကလူတွေ ရိုင်းလိုက်တာ။ ဟောတော် ဦးလေးကလည်းခရီးရောက်မစိုက် တော်။ နင့်တို့ရွာစာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။ ဟုတ်ပါတယ်။သူ့မေးသည့်အချိန်ကစာကြည့်တိုက်မရှိသေးပါ။ ဘာကြောင့် သူရိုင်းတယ်လို့ပြောခြင်းအချက်ကိုမှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာစာမှာရှိဆိုသည့် ဆိုရိုးစကားအတိုင်းစာပေကပေးတဲ့ အသိစာပေကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။ ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာမင်းတို့ရွာရိုင်းတာလို့ ပြောတာကိုမခံချင်ပါဘူး။ ထိုဦးလေးကိုကိုမုန်းလည်းမမုန်းသလိုချစ်လည်းမချစ်မိပါဘူး။သို့ပေမယ့် သူကိုအချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်းတင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာမင်းတို့ သာဝတ္ထိရွာများအရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာသက်သေပြချင်မိပါတယ်။ ၁.၂။အချက်။အင်ဂျင်နီယာကျောင်းတက်နေသမျှ ကာလပတ်လုံး ကျွန်တော...

အလှူရှင် ဦးခင်မောင်တင့်+ဒေါ်စောရီ

Image
မန္တလေးမြို့နေ ဦးခင်မောင်တင့်+ဒေါ်စောရီ မိသားစု ဆောင်းနှင်းဖြူ ဘော်ဒါဆောင်မှ လူငယ့်အားမာန်စာကြည့်တိုက်အတွက် မဂ္ဂဇင်းစာအုပ်များ လာရောက်လှူဒါန်းသည့်အတွက် များစွာ ကျေးဇူးတင်မိပါသည်။ 

စကားလုံးတွေ နဲ့ မြှင့်တဲ့ပညာရေး

အဆင့်မြင့်ပညာရေး စီမံကိန်း ကျောင်းတက်နှစ်တွေ ထပ်တိုးလာ နှစ်တိုးလို့တတ်လာမယ်ထင်သလား တိုးလိုက်ဒီထက်တိုးလိုက် အဲလိုဆိုဆယ်နှစ်လည်းတက်မယ် အစမ်းသပ်ခံတော့မလုပ်နဲ့ ခင်ဗျားတို့မှားတော့ ဆောရီး ကျုပ်တို့ဘဝတွေမှာတော့ခါးသီးလို့ ခေါင်းစဉ်တွေ့ပဲပြောင်းသွားတယ် အကြောင်းအရာတွေကတော့အရင်အတိုင်းပဲ သွားကြည့်လိုက် lab ခန်းတွေ သော့တန်းလန်းနဲ့ အခုထိအချုပ်ကျနေတုန်း ကွန်ပျူတာဆို ဟီရိုရှီးမားထက်ဆိုးသေး ပေါက်ကွဲပစ္စည်းအတိုင်း မတို့ရမထိရ နှစ်တွေဘယ်လောက်ညောင်းခဲ့ပြီထင်လဲ သင်ရိုးညွန်းတမ်း တွေအတွက် စာအုပ်ဖိုးတွေ သွင်းလိုက်ရတာ နှစ်ကုန်လို့တောင်မဲနှိုက်လို့မဆုံးဘူး အဲလိုအဆင်မပြေမှုတွေ နှစ်ဘယ်လောက် စံတေးခံကျောင်းသားတွေ ဖြတ်သန်းခဲ့ပြီလဲ နှစ်ဦးစကတည်းက အားကစားကြေးသွင်းခဲ့သေး ကျုပ်တို့ကစားတော့ကိုယ့်ငွေနဲ့ကိုယ် မသိလို့ပါ ကျုပ်တို့မကစားတဲ့နှစ်တွေ ဘယ်သူတွေကဝါးကြစားကြသလဲ နှစ်တွေနှစ်တွေမနည်းမနောပါ အကြောင်းအရာတစ်ခုအတွက်ဆို ဘယ်တော့မှကြိုတင်အကြောင်းမကြားဘူး မှောက်လိုကမှောက်လှန်လိုကလှန် ဒင်းတို့အကြံဒါအကုန်ပဲလား ပို့ပစ်လိုက်တာကျောင်းတွေကျောင်းတွေ မြို့စွန်မြို့ဝေးကိုယ့်ထူမ ှထရမယ့်ဘဝတွေ ကျောင်းစာကြည့်တိုက်တွေမရှိဘူး ကျောင်းသားတွေယာဉ...