ကလေးတိုင်း ကလေးတိုင်း စာကြည့်တိုက် ကို တံခါး မရှိ။ ဓားမရှိ ဝင်ရဲ ထွက်ရဲ နိုင်ရမယ် ။
အထူး သဖြင့် စာကြည့်တိုက် နဲ့ ကလေးငယ် များဟာ စိမ်း မနေသင့်ဘူး။ စာကြည့်တိုက်သည် သူတို့လေးတွေ အတွက် ခိုနားရာ ဘုံဗိမ္မာန်တစ်ခု တစ်ခု အဖြစ်ရှိနေသင့်တယ်။ စာကြည့်တိုက် ဆိုတဲ့ စကားလုံးအောက်မှာ
သော့တန်းလန်းနဲ့ မြင်ရတဲ့ မြင်ကွင်းဟာ ရင်နင့်ဖွယ်ရာပါပဲ။ ဆိုဖွယ် စကာလုံး မရှိတော့ပေ။ စာကြည့်တိုက် တံခါးတိုင်း ဖွင့်နိုင်ရမည်။ ဖွင့်နိုင်အောင် ကြိုးစားသင့်သည်။ လူငယ့် အားမာန်စာကြည့်တိုက်သည် ထိုအတားအဆီးကို ကျော်လွန်ခဲ့ပါသည်။ နောက်အတားအဆီးတစ်ခုက ဆီးကြိုမြဲပါ။ ကျွန်တော်တို့သည် အတားအဆီးများကို ကျော်ဖြတ်ရင်း ။ ဖြတ်ကျော်ရင်း နောက်အတားအဆီးများကို ရင်ဆိုင်ရမြဲ။
ကလေးငယ်များ စာဖတ်အားကျဆင်းခြင်း နှင့် စာကြည့်တိုက် သက်ဝင်လှည်ပတ်ခြင်း။
ကလေးငယ်များ စာဖတ်အားကျဆင်းခြင်း
ဘာကြောင့် စာဖတ်အားကျဆင်းရတာလဲ။ ကလေးတွေ အကြိုက်သိဖို့ လိုပါတယ်။ စာကြည့်တိုက်မှူးသည် ကလေးငယ်များကို ချစ်တတ်ဖို့ သူတိုနဲ့ ကျွမ်းဝင်ဖို့ ။ ပြောရဲ ဆိုရဲ ရှိဖို့။ ဒီနေရာမှာ စာကြည့်တိုက်မှူး အခန်း ကဏ္ဍသည် အရေးကြီးပါသည်။စာဖတ်သူ ကလေးငယ်များထံ မှ မိမိတို့ ကြိုက်နှစ်သက်ရာ ဇာတ်ကောင်များ
စာအုပ်အမည်များကို စစ်တမ်းကောက်ယူပြီး ဝယ်ယူဖြည့်ဆည်းပေးခြင်းအားဖြင့် ကလေးငယ်များ စာကြည့်တိုက် ကို ပိုမို စိတ်ဝင်စားပြီး စာကြည့်တိုက် ဝင်ထွက် သွားလာခြင်း စာချစ်တို့ အတွက် မျက်စိ ပသာဒ ဖြစ်စေတဲ့ မြင်ကွင်းဖြစ်မည်ဆိုတာ မလွဲ့ပါဘူး။
စာကြည့်တိုက်ကို ကလေးငယ်များ အတားအဆီးမရှိ ဝင်ထွက်ပြီးဆိုတာနဲ့ အဆင့်တစ်ခု ကို ကျော်လွန်လာခဲ့ပါပြီ။
ဆက်လက်ပြီး စာကြည့်တိုက်ထဲမှာ မည်သည့် အရာဖြင့် ထိုကလေးငယ်များကို ဆွဲဆောင်မည်နည်း။
လတ်တလော အစီအစဉ်ဖြင့် လူငယ့်အားမာန်စာကြည့်တိုက်သည် ကဏ္ဍ နစ်မျိုးဖြင့် ဆွဲဆောင်ပါသည်။
၁.ရုပ်သံ တီဗွီ အစီအစဉ်
၂.ဆေးရောင်ခြယ်ခြင်း ၊ ကာတွန်းရေးဆွဲခြင်း ၊ ပန်းချီရေးဆွဲခြင်း။
၁.ရုပ်သံ အစီအစဉ် ဘာကြောင့်ထားရှိရသလဲ ဆိုတော့ အတွေ့အကြုံ သင်ခန်းစာဟူသည် စာအုပ်တစ်ခုထဲမှာ ရှိနေတာ မဟုတ်ဆိုတဲ့ အချက်ကို ခံစားမိကြပါသည်။ ဇာတ်လမ်းကောင်း၊ စာအုပ်ကောင်း၊ လက်တွေ့ကောင်း
ဒီသုံးဦး သုံးချက်ဟာ ဖလှယ်ခြင့်ဖြင့် အသက်ဝင်နေကြပါသည်။ လက်တွေ့ကောင်းဆိုတာ လူမှုှုဘဝ အတွေ့အကြုံ ထဲမှာ အတွေ့အကြုံကောင်း သင်ခန်းစာကောင်း ရသ ပိုင်း သုတပိုင်းများ ကို ကလောင်စွမ်းဖြင့် ခြယ်မှုန်းခြင်းဖြင့် စာအုပ်ကောင်းတစ်ခု ဖြစ်လာစေသည်။ စာအုပ်ကောင်းမှ ဇာတ်လမ်းကောင်းသို့။
စာအုပ်၊ဇာတ်လမ်း၊လက်တွေ့ အစသဖြင့်လူတစ်ဦးတစ်ယောက်ခြင်းဆီမှာ အကြိုက်ခြင်း မတူညီနိုင်ကြပါဘူး။
တစ်ချို့သည် အမြင်အာရုံ စူးရှသည်။ တစ်ချို့ အကြား အာရုံ စူးရှသည်။ တစ်ချို့သည် ဇာတ်လမ်းများမှ သင်္ခန်းစာပိုရသည်။ ဇာတ်လမ်းကြည့်ခြင်းအားဖြင့် သင်္ခန်းစာ ရနိုင်မည်ဟုလည်း ယုံကြည်မိပါတယ်။
ဥပမာ။ Every Child is Special ဇာတ်ကားမျိုး ဘယ်တော့ မှ ရိုးသွားတဲ့ ဇာတ်ကားကောင်းတစ်ခု။ သင်္ခန်းစာကောင်းများစွာကို ပေးသွားပါတယ်။ ဒါကြောင့် ကလေးငယ်များ အကြိုက် ကာတွန်းဇာတ်လမ်းများ၊Mr.Bean ဇာတ်လမ်းတွဲများ၊ကြောင်နဲ့ ကြွက် ဇာတ်လမ်းများ အစသဖြင့်ပြသပေးခြင်းဖြင့် ကလေးငယ်များကို စည်းရုံးထားပါတယ်။
(၂) ဆေးရောင်ခြယ်ခြင်း၊ကာတွန်းရေးဆွဲခြင်း၊ပန်းချီရေးဆွဲခြင်း။
လူတို့သည် အသစ် အသစ်တွေ ရုပ်ဝတ္ထုပစ္စည်းများအပေါ် တွယ်ညှိ တပ်မက်ကြသည်။
ကလေးငယ်များသည်လည်း လူတွေထဲက လူသားတွေပါ။ အကြိုက်တွေ မတူကြဘူး။ အရောင်တွေမတူကြဘူး။ အားသာတာတွေ မတူကြဘူး အားနည်းတာတွေ မတူကြဘူး ။ မတူညီတာတွေ လက်ခံ နိုင်ရမယ်။ မတူညီနိုင်တွေ နှိုင်းယှဉ် နိမ်ချ မနေသင့်တော့ပါဘူး။ အားနည်ချက်တွေ ကိုဖေးမပြီး အားသာချက်တွေ ကို မြေတောင် မြှောက်ပေးသင့်ပါတယ်။ ကလေးတစ်ယောက် ကျောင်းမှာ စာမတော်တိုင်းအသုံးမဝင်တော့တဲ့ ကေးလတစ်ယောက်ဖြစ်တယ်လို့ စွပ်စွဲ လိုက်မယ်ဆိုရင် ဒါဟာ မိုက်ရိုင်းခါးသီးတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပြီး အဲကလေး အနာဂတ်ကို အဆိပ်ရေ နဲ့ လောင်းလိုက်တာပါပဲ။ စာဖတ်ချင်တဲ့ ကလေး စာဖတ်မယ်။ ကစားချင်တဲ့ ကလေး ကစားမယ်။ ကလေးငယ် နဲ့ ကစားတာနဲ့ ခွဲခြားလို့ မရဘူး။ ကလေးငယ်များ ကစားတာကို ဘယ်တော့မှ ကမြင်းကြောထတယ်လို့ မမြင်မိပါစေနဲ့။ သူတို့ ခန္ဓာကိုယ်ထဲမှ ပိုမိုနေသာ စွမ်းအင်များကို အသုံးချနေတာပါ။ စာဖတ်အား နည်းတဲ့ ကလေးငယ်များကို စာကြည့်တိုက် ဘယ်လို ဆွဲဆောင်မလဲ။
အဲလို ကလေးငယ်များသည် အနုစိပ် ခြယ်မှုန်းခြင်း ရေးဆွဲခြင်း စိတ်ကူးယဉ် ကမ္ဘာမှာ ပျော်မွေ့တတ်ပါတယ်။
သူတို့ စိတ်ကူး စိတ်သန်းများ အပြောအဆိုများ အရောင်များ တီထွင်မှုများ ဆန်းသစ်မှုများ စိတ်ထဲမှာ ရှိသလောက် ပေါက်ကွဲခွင့် ရုန်းထွက်ထွင်ခွင့် ဖောက်ထွက်ခွင့် ဆန်းသစ်တီထွင်ခွင့် များစွာကို ဖန်တီးပေးထားလိုက်ခြင်းဖြင့် ကလေးငယ်များ အနာဂတ်ပိုမိုတောက်ပလာမည်ဟု ယုံကြည်လျှက်။
Comments
Post a Comment