စာကြည့်တိုက် ကိုဘာကြောင့်ဖွင့်ချင်တာလဲ။


စာကြည့်တိုက် ဖွင့်လှစ်ရတဲ့ အကြောင်းအရင်းကတော့
၁. မခံချင်စိတ်။
၂.ယုံကြည်စိတ်။
၁.ဘာကြောင့် မခံချင်စိတ်ဖြစ်ရတာလဲ။
၁.၁။အချက်။ ကျွန်တော်တို့ရွာကလေးကိုမန်းးလေးမြို့က အသိမိတ်ဆွေ သားချင်းတစ်ခု Nissan ကားလေးနဲ့ ဝင်လာပါတယ်။ကားပေါ်ကဆင်းဆင်းချင်းပဲမိသန်းနင့် တို့ရွာကလူတွေ ရိုင်းလိုက်တာ။
ဟောတော် ဦးလေးကလည်းခရီးရောက်မစိုက် တော်။
နင့်တို့ရွာစာကြည့်တိုက် မရှိဘူးမို့လား။လို့တန်းမေးပါတယ်။
ဟုတ်ပါတယ်။သူ့မေးသည့်အချိန်ကစာကြည့်တိုက်မရှိသေးပါ။
ဘာကြောင့် သူရိုင်းတယ်လို့ပြောခြင်းအချက်ကိုမှားတယ် မှန်တယ် မဆိုလိုပါဘူး။ အလိမ္မာစာမှာရှိဆိုသည့် ဆိုရိုးစကားအတိုင်းစာပေကပေးတဲ့ အသိစာပေကပေးသည့်ပညာသည် ဘယ်တော့ မှ သုံးမကုန်သည့် တန်ဖိုးရှိသည့်အရာများသာ။
ဒါကြောင့် ထိုဦးလေး ကြီးပြောတဲ့ နင့်တို့ရွာရိုင်းတာမင်းတို့ရွာရိုင်းတာလို့ ပြောတာကိုမခံချင်ပါဘူး။
ထိုဦးလေးကိုကိုမုန်းလည်းမမုန်းသလိုချစ်လည်းမချစ်မိပါဘူး။သို့ပေမယ့် သူကိုအချိန်တိုင်းသတိရနေပါသည်။ ကျေးဇူးလည်းတင်မိပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန် မှာမင်းတို့ သာဝတ္ထိရွာများအရင်ကလောက်မရိုင်းတော့ဘူးဆိုတာတေ့ာသက်သေပြချင်မိပါတယ်။
၁.၂။အချက်။အင်ဂျင်နီယာကျောင်းတက်နေသမျှ ကာလပတ်လုံး
ကျွန်တော့်အမည် ကုန်သည်။(ကုန်ရင်လာသည်သည်)
ကျွန်တော့်အမည် ကိုငွေတောင်း။(လကုန်တိုင်းငွေတောင်းသည်)
လူကြီးတစ်ယောက် တစ်မနက် လုပ်အားခ၁၅၀၀ ၂၀၀၀ ရသည့်အချိန်တွင် ကျွန်တော် မောင်ကျောင်းသားတစ်လသုံးငွေ တစ်သိန်းခွဲနှင့် နှစ်သိန်းကြား။ ငွေကြေးရှားပါသည့် အရပ်ဒေသမှာ ကျွန်တော်တို့သည် လူမိုက်ကြီးများသာ။အိမ်ကမငြိုငြင်သော်လည်းပတ်ဝန်းကျင်သည် (ကျွန်တော့်အဖေ) ခင်ဗျားတို့ မိုက်တယ်ဗျာ။(မှားတယ်ဟုဆိုလိုခြင်း) ခေတ်စကားအရမိုက်တယ်သည် အားကျခြင်း ဖြစ်သောကြောင့် ခွဲပြောခြင်းဖြစ်ပါသည်။ဘာလို့ ဒီလောက် ငွေကြေးအကုန်ခံကျောင်းထားမလဲဗျာ။။
ကျွန်တော်သာဆိုရင် ကျွန်မတို့သာဆိုလျှင် ခင်ဗျားသားအကြီးကောင်ကိုကားမောင်းခိုင်းအငယ်ကောင်ကိုစပါယ်ယာလုပ်ခိုင်း ပြီးပြီပေါဗျာ့။ အိမ်လည်းဝင်ငွေရ ။မိသားစုနဲ့လည်းမဝေးတော့။ဘယ်လောက်ပိုင်တဲ့ လုပ်ရပ်လဲ။တိုးတိုးတစ်ဖုန် ကျယ်ကျယ်တစ်ဖုန်။ မခံချင်ဘူး။ ပညာတတ်တစ်ယောက် မွေးထုတ်ထားသည့်အိမ် ပစ္စည်းဥစ္စာတိုးတက်ချင်မှ တိုးတက်မည်။အသိပညာတော့ မဆုတ်ရှုတ်သွားဘူးဆိုတာသိစေချင်သည်။
ပညာတတ်တစ်ယောက်မွေးထုတ်လိုက်ပါကအိမ်မှာရှိတော့ ယာခင်းစိုက်ခင်းများကုန်သွားသည်။ထို့ကြောင့် တက္ကသိုလ် ကျောင်းထားပါကစာစား၍ မွဲသွားသည့်  တက္ကသိုလ် ကျောင်းသားများကျောင်းသူများဆက်လက် မထားတော့မှာကိုစိုးရိမ်မိသည် ပူပန်မိသည် ယခုတက်နေသောကျောင်းသားညီငယ် ညီမငယ်များကိုတက္ကသိုလ်ကို ပြီးဆုံးအောင် ဘွဲ့ရအောင်အထိ ပြီးသွားစေချင်ပါသည်။တစ်ဝက်တစ်ပျက်နဲ့ ကျောင်းသားပျက်လို့ ပြောခံရမှာကိုတွေးပြီးစိုးရိမ်မိလို့ပါ။
ကျောင်းထားလို့ မိဘများမွဲတာမဟုတ်ပါဘူး။ သားသမီးများမသိတတ်လို့ မွဲတာပါ။ အဲဒါကိုရှင်းရှင်းလင်းလင်းသိစေချင်ပါသည်။ဒီနေရာမှာစင်္ကာပူခေါင်းဆောင်ကြီးလီကွမ်ယုစကားအရပညာသာတတ်အောင်လုပ်ပါ သူ့အလိုအလို ကျွန်လာခံလိမ့်မယ်။
ပညာတတ်အောင်လုပ်ရမယ်။အသိပညာရောအတတ်ပညာရော။နှစ်မျိုးစလုံးပေါ့။
အဲစကားတွေကိုမခံချင်ဘူး။ကျွန်တော့်မိဘများဒုက္ခခံကျောင်းထားခြင်းသည် မှားယွင်းမှုမဟုတ်ကြောင်းသက်သေပြချင်တယ်။အဲအတွက် မခံချင်ဘူး။
၂. ယုံကြည်မှု
ဘာကိုယုံကြည်တာလဲ။ပညာကိုယုံကြည်တာပါ။ အသိပညာကိုယုံကြည်တာပါ။ဟုတ်ပါပြီ။အသိပညာကို
၁.စာပေ
၂.ခရီးသွားခြင်း
၃.လူကြီးသူမ မိဘဆရာဆရာမများမဆုံးမ သြဝါဒများမှ ရရှိနိင်ပါတယ်။
၃ အချက်မှာလူကြီးမိဘဆရာသမားမည်မျှပင် ပြောဆိုဆုံးမစေကာမှု ကာယကံရှင် နားဝင်မှ လိုက်နာမှ ဖြစ်တာပါ။ထိုကြောင့် ဤအချက်သည် သူ့ဖက်ကသိတတ်မှု နားဝင်မှုကိုမှောက်ထားပါကဘယ်လောက်ပဲလောင်းထည့်ထည့် ဝင်မည် မဟုတ်ပါ။ဒါကြောင့် ကိုယ်ကိုယ်တိုင် သိကိုယ်ကိုယ်တိုင် စာဖတ် ကိုယ်ကိုယ်တိုင်လိုက်နာသာလျှင် အကောင်းဆုံးဟုထင်မြင်မိပါသည်။
နောက် လူတစ်ယောက်တွင် ခြေလက် ဦးခေါင်းရှိပါသည်။ ခြေထောက်မရှိလို့ ရလား။ရပါတယ်။လက်မရှိလို့ရလား။ရပါတယ်။ဦးခေါင်းမရှိလို့မရပါဘူး။ဦးနှောက်အပြင် အသိဉာဏ်ရော ရှိနေရပါမယ်။ ခြေထောက်တွေ လက်တွေ မျက်လုံးတွေ နားတွေ နားခေါင်တွေ မပါချင်နေပါစေ ။ အသိဉာဏ်ရှိတဲ့ ဦးနှောက်သာ ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်တွက် ရပ်ရွာတွက် လူသားတွေ အတွက် များစွာတိုးတက်အောင် အထောက်အကူ ပြုနိုင်မည်ဟုယုံကြည်မိပါသည်။
စသည့်ထိုထိုအချက်များကြောင့် နောက်ထပ် မျိုးဆက်သစ် အနာဂတ် မျိုးဆက်သစ် လူငယ်များတိုင်းပြည်အတွက် အနာဂတ်အတွက် တောက်ပစိတ်ချစွာအပ်နှံလိုလျှင်လူငယ်များစာဖတ်အောင်တိုက်တွန်းကြပါ။
စာပေကိုတစ်ရှိုက်မတ်မတ် ဖတ်ကြပါ။
စာဖတ်ခြင်းသည် အလုပ်လုပ်ခြင်းဖြစ်ပါသည်။
မခံချင်စိတ်၊ယုံကြည်စိတ်များကြောင့် စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာလူငယ့်အားမာန်စာကြည့်တိုက်ကိုစိတ်ရောလူရောငွေ ရောအချိန်ရောရင်းပြီး ကြိုးစားဖွင့်ခြင်းဖြစ်ပါသည်။
ဤစာကြည့်တိုက် မှ အသီးအပွင့်များကိုနောင်လာနောင်သားမျိုးဆက်သစ်များချိုမြိန်စွာတန်ဖိုးရှိစွာစားသုံးကြပါကုန်လော့။

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ