အမေ့ပြောတဲ့…….ကြက်ဥတစ်လုံး

အမေ့ပြောတဲ့…….ကြက်ဥတစ်လုံး
မီးခိုးတွေ တအူအူထွက်နေသော တဲအို…… ထိုတဲအိုထဲမှာ အမေ.. အဖေ့အတွက် သားသမီးတွေအတွက်
တကုတ်ကုတ်ချက်ပြုတ်နေခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပြီ……ဒီလိုနေ့တွေမှာဆို အမေသည် မမောနိုင်
မပန်းနိုင် ချက်ပြုတ်နေပြီလေ အင်ဂျင်နီယာကျောင်းသားလေး အမေ့သားလေးပြန်လာပြီ ဆိုသည့် အသိ
စိတ်က အမေ့ကို မမောတမ်းမပန်းတမ်း အလုပ်လုပ်စေခဲ့ပါတယ် ထိုအရာသည် မေတ္တာ…မိဘ..မေတ္တာ
ငါ့သားလေး တနယ်တကျေး မှာအစားအသောက် ဆင်းရဲ အနေဆင်းရဲ ကျောင်းတက်ရရှာ သည် ဆိုတဲ့
စိုးရိမ်ပူပန်မှု ဖြင့် ကျောင်းပိတ်ပြန်လာခိုက် အစွမ်းကုန်ချက်ပြုတ်စေတာ မိဘစေတနာ….
အမေ့ထမင်းချက်တဲအိုထဲ ဝင်သွားရင်း အမေ့ဘာဟင်းချက်လဲ
မင်းကြိုက်တဲ့ ကြက်ဟင်းခါးသီးလေးကြော်ရယ် ပဲနီပြုတ်ကြော်လေးရယ် ငံပြာရည်ဖျော် ရယ် နောက်ဖေးက
ချဉ်ပေါင်ရွက်လေးခူးပြီး အချဉ်ရည်လေးလုပ်ထားတယ်..သားရယ်
နောက်အမေက ကောက်ခါငင်ကာ အဆုံးအစမရှိ
“ငါ့သားကို အမေ တစ်ခု မေးရဦးမယ် ငါ့သား အခုကြက်ဥ ဘယ်နှလုံး စားချင်လဲ……..ဟင်”
“ဗျာ”  ဘာဖြစ်လို့လည်း အမေ ဒီဟင်းနဲ့လည်း အဆင်ပြေပါတယ် သားစားတတ်ပါတယ်
ဟုတ်ပါတယ် သားစားတတ်မှန်းလည်းသိပါတယ် အမေ့က မင်းငယ်ငယ်ကမေးခဲ့တဲ့စကားလေးတစ်ခွန်းကို
သွားသတိရလို့မေးကြည့်တာပါ
ဟုတ်လား အမေ သားကဘယ်လိုမေးတာတုန်း လုပ်ပါဦးအမေရ ……သားမမှတ်မိတော့လို့ပြန်ပြောပါဦး
အဲမှာ အမေ့ အချဉ်ရည်အိုး မီးထိုးရင်း ကျွန်တော်ငယ်ငယ်တုန်းက ကြက်ဥတစ်လုံးပုံပြင် ကိုစပြောပါတယ်
မင်းက အဲတုန်းက သူငယ်တန်းတက်စပေါ့ စကားကလည်းတတ်လိုက်တာ သိချင်တာရှိရင်လည်း မရှောင်ဖူး
အကုန်လိုက်မေးတယ် တစ်ရက် ကျောင်းကအပြန် အမောတကော အိမ်ထဲပြေးဝင်လာတယ် ပါးစပ်က
လည်း အမေ…အမေ ဆိုပြီး အနားတမ်းခေါ်ပြီး အမေ့ထမင်းချက်တဲ့ မီးဖို ထဲကို ဝင်လာတယ်
နောက် အမေ့ရင်ခွင်ထဲ ဝင်ပြီး အမေ……..အမေ ..သားတို့က ဘာဖြစ်လို့ ကြက်ဥ တစ်လုံးပဲချက်တာလဲဟင်
နှစ်လုံး သုံးလုံး ချက်လို့မရဘူးလားဟင်..
အမေက သားဘာဖြစ်လို့လည်း သားကိုဘယ်သူ့ဘယ်လိုပြောလိုက်လို့လည်း အမေ့ကိုရှင်းပြပါဦး
အင်း..သား ..မနက်တုန်းက ကျောင်းကိုအသွား လမ်းမှာ ဦးဦးလွင် နဲ့တွေ့တယ် သူ့ကမေးတယ်
မင်းဘာဟင်းနဲ့ထမင်းထည့်လာတာလဲတဲ့ သားလည်းပြန်ဖြေလိုက်တယ် ကြက်ဥချက်နဲ့ထည့်လာတယ်လို့
နောက်ထပ်မေးတယ် မင်းတို့အိမ် ကြက်ဥ ဘယ်နှလုံးချက်သလဲလို့ သားလည်းပြန်ဖြေလိုက်တယ်
တစ်လုံးထဲ ချက်ပါတယ် ဟုတ်လား အဲဒါဆိုမင်းတို့ အိမ်မှာ ဘယ်လိုစားကြတာလဲ
သားလည်း ဦးဦးလွင် ကို ရှင်းပြပါတယ် ကြက်ဥ တစ်လုံးကို ခြမ်းတယ် နှစ်ခြမ်းရတယ် တစ်ခြမ်းက အဖေ့
ထမင်းချိုင့်ထဲ ထည့်ပေးတယ် နောက်တစ်ခြမ်းကို ထပ်ခြမ်းတယ် အခြမ်းသေးတစ်ခုက အမေစားတယ်
နောက်တစ်ခြမ်းကို ကျွန်တော့်ကိုထည့်ပေးတယ်လို့ …………….ပြောပြလိုက်တယ်
အင်းအင်းဟုတ်ပြီး မင်းတို့ အိမ်ကတော်တော် ကပ်စေးနည်းတာပဲကွဟင်
ဟားးးးးးးးးးးဟားးးးးးးးးးးးမင်တို့က ကြက်ဥတစ်လုံးမိသားစုပါကွာ………….
အမေသား မခံချင်ဘူးဗျာ နောက်ကြက်ဥတွေအများကြီး ချက်ပါနော် သားလေ အဲဒီ ဦးဦးကြီးကို ကြွားချင်
လို့ပါနော်………..လို့ မျက်တောင်လေးပုတ်ပုတ်ပြီး မင်းကအဲတုန်းကပြောရှာတယ်
အဲအချိန်မှာ အမှန်ပြောရရင် အမေ့ရင်ထဲမှာ နင့်သွားတယ် ငါ့သားလေးစားချင်ရှာမှာပေါ့
ထည့်ပေးချင်တာပေါ့ ကြက်သားတွေ ဝက်သားတွေ ကြက်ဥတွေဆိုရင်လည်း အများကြီးပေါ့
အဲအချိန်တုန်းက အမေတို့ဆိုရင် ငှက်မွှေးလာတင်ရင်တောင် လေးတယ်လို့ ထင်တယ်ဘဝတွေလေသားရဲ့
အမေတို့မှာ တစ်ရက်ထဲ တစ်မနက်ထဲ တစ်နပ်ထဲ စားရံုံနဲ့ ပြီးသွားမှ မဟုတ်တာ အဓိကမင်းစာသင်
နိုင်အောင် ပညာတတ်ကြီးဖြစ်အောင် အမေတို့စုရမယ် ငွေကိုလိုတဲ့နေရာမှာ သုံးနိုင်အောင် အဖြုန်းမဖြစ်
အောင် ဂရုစိုက်ပြီး ထိန်းသိမ်းရမယ် ကိုယ်က ငွေက ခင်မှ ငွေကလည်းကိုယ့်ကို ခင်မယ်
နောက်အိမ်တစ်အိမ် စီးပွားရေး ယိုပေါက် က မီးဖိုချောင်လည်း တစ်ခုပါဝင်တယ် မီးဖိုးချောင်မနိုင်ရင်
အိမ်တစ်အိမ်မှာ စီးပွားမဖြစ်ဘူး သားစဉ်းစားကြည့်ပါ သားကဝက်သားကြိုက်တယ် သားညီလေးကအမဲသား
ကြိုက်သား သားအဖေက ငါးကြိုက်တယ် သားညီမလေးက ကြက်သားကြိုက်တယ် အဲတော့ အားလုံး
ကြိုက်တာ ကိုအကုန်ချက်ပေးရမှာလား အဲတော့ အကုန်လုံးကြိုက်တာတူတာကိုပဲ စုချက်လိုက်မယ်
အဓိက ထမင်းတစ်နပ် အချဉ်လေးလည်းပါမယ် အစပ်လေးလည်းပါတယ် အငန်လေးလည်းပါတယ်
စားကောင်းပါတယ် မိသားစုထမင်း ဝိုင်းဆိုတာ ဟင်းကောင်းတွေပါလို့ စိုပြေတာမဟုတ်ပါဘူး
မေတ္တာတရားတွေနဲ့ထည့်ချက်ထားလို့ ပျော်ရွှင်ဖွယ် စားမြိန်ဖွယ် ထမင်းဝိုင်း ဟင်းဝိုင်လေးဖြစ်တာပါ
အဲတော့ သား……….ဘယ်ဟာသည် အဓိကဖြစ်လည်း မင်းစဉ်းစားပါ  အမေဝန်ခံပါတယ်
အဲအချိန် ၁၉၉၄ ခုနှစ်လောက်မှာ အမေသည် ကြက်ဥတစ်လုံးပဲ ချက်နိုင်ပါတယ်
အခု ၂၀၀၉ ခုနှစ်မှာ အမေ မင်းကိုမေးမယ် မင်းကြက်ဥ ဘယ်နှလုံးစားချင်တယ် ဆယ်လုံးလား ဆယ့်ငါးလုံး
လား အလုံးတစ်ရာလား အမေကျွေးနိုင်တယ် ဘာပဲဖြစ်ဖြစ် ဘယ်သူတွေဘာပဲပြောပြော အဲအချိန်တုန်းက
တစ်လုံးပဲစားစား တစ်ခြမ်းပဲစားစား အခု အမေ့ မင်းကို အင်ဂျင်နီယာကျောင်းကို မျက်နှာမငယ်စွာ ကျောင်း
ထားနိုင်တယ်………………………………..
အမေ့မျက်လုံးမှာ မျက်ရည်စတွေနဲ့ လက်နှီးစုတ် ခါပြီး အချဉ်အိုးဖုံး ဖွင့်လိုက်တယ်
ကဲကဲ  မင်းထမင်းစားမယ်ဆိုရင်စားလို့ ပြီ………အချဉ်ရည်အိုးလည်းဆူပြီ…….
ပြောပြီး မျက်ရည်စတွေကို သုတ်တယ် မျက်နှာအိုးမည်းစတွေပေကုန်တယ်
တော်ပါပြီ အမေ………သားမစာသေးပါဘူး ……..အမေ့မျက်နှာကအိုးမည်းပေတွေကို သုတ်ပေးပြီး
သားကြက်ဥ တစ်လုံးလောက် သွားဝယ်လိုက်ပါဦးမယ်………….

ချစ်ခင်လေးစားလျှက်
ပိုးပေါက်

နည်းပညာတက္ကသိုလ်(မုံရွာ)

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ