လူကို လူဖြင့် ပြန်လည် ကုစားခြင်း
***********************
၁)များပြားလာတဲ့ အလုပ်တာဝန်တွေ နဲ့ စာကြည့်တိုက်မှူး
လူငယ့်အားမာန်စာကြည့်တိုက်မှူး ဟာ ခေတ်ပညာတတ် မိန်းကလေးတစ်ဦးပါ။ သူဟာ သာဝတ္ထိ တစ်ယောက်ဖြစ်ကြောင်း အထူးထောက်ခံချက် မလိုပါဘူး ။
ဘူးတီး နဲ့ ဝက်တား ဆိုရင် သာဝတ္ထိသူ သာဝတ္ထိသားပါပဲ ဒါဟာလည်း ငယ်စဉ်က ရှက်စရာ ကောင်းလို့ ပီပြင်အောင်ပြောခဲ့ကြသလို အသက်ရွယ်ရလာချိန်မှာ
တစ်နည်း ချစ်စရာ့ စကားသံ တစ်ခု ဖြစ်လာခဲ့တာပါပဲ။ သူမဟာ အသက်အရွယ်အားဖြင့် သုံးဆယ်ဝန်းကျင် ၊ အသားညိုညို ၊ ဆံပင်ရှည်ရှည် ၊ အရပ်အမောင်း
ကောင်းကောင်း နဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးနေသူ တစ်ယောက်ပါ။
စာကြည့်တိုက်တာဝန်ဝတ္တရားများ အနေဖြင့် ၊ အသစ်ဝင်သော စာဖတ်သူ အသစ်များ စာရင်းသွင်းခြင်း၊စာအုပ်အသစ်များ ရရှိလာခဲ့သော် စာရင်းသွင်းခြင်း၊
တံဆိပ်တုံးထုခြင်း၊တစ်ပတ် နှစ်ရက် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ စာအုပ်ငှား၊စာအုပ်အပ်၊စာကြည့်တိုက်စာလာဖတ်သူ စာရင်း၊စာဖတ်ရှိန် မြင့်တင့်ခြင်း
Activity တစ်လတစ်ကြိမ်ဆောင်ရွက်ခြင်း၊ပုံပြောပြောခြင်း၊ပုံဆွဲလေ့ကျင့်စေခြင်း၊နှစ်ယောက် တစ်တွဲ သုံးယောက်တစ်တွဲ စာဖတ်စေခြင်း၊အုပ်စုလိုက်စာဖတ်ပြီး
ပြန်လည် ရှင်းပြစေခြင်း၊ကွန်ပျူတာ အခြေခံသင်တန်း၊Scratch Programming အခြေခံ သင်တန်း၊အင်တာနက် အီးမေးလ် ၊ ယူကျု့ အစရှိသဖြင့် သင်တန်းသားများ
စာရင်းမှတ်ခြင်း ၊ Ooredoo Wireless Router အတွက် Report တက်ခြင်း အစသဖြင့် လက်မလည်အောင် လုပ်နေရပါတယ်။
၂)စာကြည့်တိုက်မှူးအလုပ် လက်ခံ ဖို့ လမ်းစ
လက်ရှိတာဝန်ထမ်းဆောင်နေသော စာကြည့်တိုက်မှူး အမျိုးသမီးငယ်တစ်ဦးပါ။ ယခင် စာကြည့်တိုက်မှူး အဟောင်းသည် နေပြည်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန
မှ အငြိမ်းစားယူထားသော ဒုလက်ညွှန် တစ်ဦး (တစ်နည်း) သာဝတ္ထိရွာသူ တစ်ဦးပါ။ အငြိမ်းစားယူပြီး ရပ်ရွာကို ပြန်လာချိန်တွင် သူမ တတ်နိုင်သည့် နည်းလမ်းဖြင့် ရပ်ရွာကို
ကူညီရန်အတွက် စာကြည့်တိုက်မှူး တာဝန်ကို ထမ်းဆောင်ပါမည် မေတ္တာဖြင့် စေတနာ့ ဝန်ထမ်းလုပ်ပါမည် ဟု သဘောတူ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ခဲ့ပါသည်။
ဆရာမ သည် ကျန်းမာရေး အရ လမ်းလျှောက်ခြင်း ၊ ကြာကြာထိုင်ခြင်း အစသဖြင့် မပြုနိုင်သဖြင့် အနားယူဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ထိုအချိန်တွင် စာကြည့်တိုက်မှူး နေရာ
မည်သူ့ကို လွှဲပြောင်းပေးရမှန်း မသိ အခက်အခဲ ကြုံနေခဲ့ပါသည်။ထိုအချိန်တွင် ယခင် စာကြည့်တိုက်မှူး အဟောင်းမှ ယခု တာဝန်ထမ်းဆောင်နေသူ စာကြည့်တိုက်မှူးအား
ထောက်ခံချက်ပေးပါသည်။ ထိုကြောင့် လက်ရှိတာဝန်ထမ်းဆောင်နေသာ စာကြည့်တိုက်မှူးအား အကူအညီတောင်းခံရင်း ယခုအချိန်ထိ တာဝန်ယူ ဆောင်ရွက်ပေးလျှက်
ရှိပါသည်။(လစာဟု မမည်သော ငွေကြေးဖြင့် အကူအညီတောင်းထားခြင်းဖြစ်ပါသည်)
၃) များပြားလာသော ဆောင်ရွက်မှုများ နှင့် မျိုးဆက်သစ်ရှာဖွေခြင်း
စာကြည့်တိုက်သည် စာဖတ်ဖို့ တစ်ခု တည်းဆိုလျှင် တော်တော် နှင့် လာကြမည် မဟုတ်။ စာဖတ်ခြင်း မဖတ်ခြင်း ထက် စာကြည့်တိုက်ကို အရင်ဆုံး လာဖို့ လိုပါသည်။
ထိုမှ တဆင့် ပန်းချီဆွဲချင်ဆွဲမည် ၊ ကစားချင် ကစားမည် ၊ ဆော့ချင် ဆော့ မည် ၊ တီထွင် ဖန်တီးမှု ဂိမ်းကစားချင် ကစားမည် ၊ စကားပြောချင် ပြောမည် ၊ ပုံပြင်ပြောချင်
ပြောမည် ၊ ကဗျာရွတ်ချင် ရွတ်မည် ၊ စာဖတ်ချင် ဖတ်မည် ။ ကွန်ပျူတာ သုံးချင်သူသည် စာဖတ်ချင်မှ ဖတ်မည် ။ အင်္ဂလိပ်စာ လေ့လာလိုသူသည ်စာဖတ်ချင်မှ ဖတ်မည်။
ကွန်ပျူတာသုံးလို့ ပျင်းလာတဲ့အခါ အင်္ဂလိပ်လေ့လာလို့ ပျင်းတဲ့အခါ ကစားလို့ ပျင်းတဲ့အခါ ဆော့လို့ ပျင်းတဲ့အခါ အနားယူတဲ့အခါ စာဖတ်လိမ့်မည်။
ထို့ကြောင့် စာကြည့်တိုက်ကို ရှိသမျှ လေ့လာလို့ ရသမျှ ရှာဖွေလို့ ရသမျှ နည်းလမ်းများဖြင့် စာဖတ်သူ များကို ကြိုးစားဆွဲဆောင်လျှက်ရှိပါသည်။ လူကြီးဖတ်စာအုပ်
လူငယ်ဖတ်စာအုပ်၊ ကလေးဖတ်စာအုပ် အစသဖြင့် လုပ်ငန်းတွေ များပြာလာတဲ့အခါ လက်ထောက် စာကြည့်တိုက်မှူး ငယ်များ အနည်းဆုံး နှစ်ယောက်သုံးယောက်လောက်
လိုအပ်လျှက်ရှိပါသည်။ ထိုကြောင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ ကျောင်းသားကျောင်းသူများကို သင့်တော်သော မုန့်ဖိုး (၁၀၀၀ သို့ ၁၅၀၀) တစ်ရက် ကျပ်အားဖြင့်
လာရောက် ကူညီ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲ ဖိတ်ခေါ်ထားလျှက်ရှိပါသည်။ သို့ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မျိုးဆက်သစ် လက်ထောင် စာကြည့်တိုက်မှူး
ရှာဖွေဆဲ ပျောက်ဆုံးဆဲပါ။
၄)အရွယ်ငယ်သော်လည်း အသိမငယ်သော ကိုသုခအောင်
အလုပ်အကိုင် ကိုယ်စီ ရည်ရွယ်ချက် ကိုယ်စီများဖြင့် လူငယ်လူရွယ်များသည် တစ်မြို့တစ်ရွာ သို့ ပညာရေးအတွက်လည်း ရှိကြသလို အလုပ်အကိုင်အတွက် သွားရောက် အသက်မွေးဝမ်းပြုကြတော့ တကယ်တမ်း
ဆောင်ရွက်ကြမည်ဆိုလျှင် လူငယ်လူရွယ်သည် အင်မတန် ရှားပါးပါသည်။ ထို့ကြောင့် ၇ တန်း ၈တန်း အရွယ်ကို ကျောင်းသားကြီး သဘောမျိုးထားက အကူအညီ တောင်းခံနေရ
ပါသည်။ ထိုအထဲ မှ ရှစ်တန်းကျောင်းသား ကိုသုခအောင်ကို ကျေးဇူးအထူးတင်လျှက်ရှိပါသည်။ အဘယ်ကြောင့် ဆိုသော Youth's Strength Development & Community Center(TharWutHti) ဖောင်တေးရှင်းထဲ သဲထည့်တုန်းက ကိုသုခအောင်၊ကိုနိုင်ရာဇာထွန်း နှင့် သူငယ်ချင်းများ များစွာ အကူအညီပေးခဲ့ပါသည်။
ထိုမျှသာ မကပဲ လူငယ့်အားမာန်စာကြည့်တိုက်တွင် သင်ကြားလျှက်ရှိသော Scratch Programming အတွက် လိုအပ်သသော အကူအညီကို အမြဲ ပေးလျှက်ရှိပါသည်။
သင်္ကြန်တွင်းမှ စတင်ကာ လျှပ်စစ်မီးသည် အချိန်အတိုင်းအတာတစ်ခု အထိ ပြတ်တောက်ခဲ့ပါသည်။ နောက်ပိုင်းတွင် မှန်သည်ဟု ဆိုသော်ငြားလည်း ကွန်ပျူတာ သင်ချိန်တွင်
ပျက်ချင်ပျက်သောကြောင့် computer များကို ဂရုစိုက်ပြီး အားသွင်းပေးခဲ့ပါသည်။ ထိုလူငယ်များဖြင့် လူငယ့်အားမာန်စာကြည့်တိုက်အနာဂတ် မျိုးဆက်သစ်များကို
ရှိသမျှ အင်အားလေးဖြင့် ဆက်လက် ရုန်းကန်ဆောင်ရွက်နေဆဲပါ။ (အရံမီးစက် ဝယ်ထားလျှင် သင့်တော်ပါမည်။ သင်ကြားရေးအတွက် Projector ဝယ်လျှင် ပိုကောင်းပါသည်)
၅)လုပ်စ ရှိမှ လုပ်ချင်မည် ၊ ခိုင်းမှ လုပ်ချင်မည်။
စာကြည့်တိုက်ကိုလာသည့် အရွယ်လေးများသည် သုံးတန်းလေးတန်းမှ သည် ခုနှစ်တန်း ရှစ်တန်း ကြား အရွယ်လေးများသည် အများဆုံး ဖြစ်ပါသည်။ အခြားအရွယ်များသည်
ခပ်ပါးပါးတော့ လာရောက် ဖတ်ရှု့ ကူညီဆောင်ရွက်ကြပါသည်။ သို့သော် ကြားအရွယ် ကလေးငယ်များ ၏ အကူအညီ ကိုတော်တော်များများ ယူခဲ့ရပါသည်။ ထိုအရွယ်လေးများ
သည် စာကြည့်တိုက် ပထမအကြိမ် လာခါစများတွင် စကားမပြော ကြောက်ရွံ့စိတ်များဖြင့် စာအုပ်ငှား တန်းပြန် ။ အချင်းချင်း အပေါင်းအသင်း မလုပ် အစသဖြင့် အချိန်ယူရပါသည်။
တဖြည်းဖြည်း စာကြည့်တိုက်မှူး ဖြင့် အသားကျချိန်တွင် စာကြည့်တိုက်ဆောင်ရွက်စရာများကို အကူအညီတောင်သည့် ပုံစံဖြင့် စတင် ဆောင်ရွက်ခိုင်းပါသည် ။ စာကြည့်တိုက်
ရေအိုး ရေဖြည့်ခြင်း ၊ တံမြက်စည်း လှဲခြင်း ၊ အမှိုက်ကောက်ခြင်း၊ စာအုပ်များ ဖုန်သုတ်ခြင်း၊ စာအုပ်များကို စနစ်တကျ ပြန်စီခြင်း အစသဖြင့် စာကြည့်တိုက် တာဝန်များကို
မျိုးဆက်သစ် လူငယ် လူရွယ် များမှ ဆောင်ရွက်ပေးခြင်း ဖြင့် စာကြည့်တိုက်မှူး သည် သူ့အတွက် အခြား လုပ်ငန်းဆောင်ရွက်စရာများကို တိုးချဲ့ ဆောင်ရွက်ဖို့ အားပိုလာပါသည်။
"ထိုရွာ ယခင် က စာကြည့်တိုက် မရှိခဲ့ပါ။ စာပေဟောပြောပွဲ ကျင်းပခြင်း မရှိခဲ့ပါ။ ကိုယ့်စီးပွားရေးကိုသာ ငုံ့ပြီး လုပ်ခဲ့သည့်ရွာ ၊ ရှေ့ကလည်း မသွား နောက်ကလည်း မလိုက်
ဂဏန်းလိုရွာ၊ အင်္ဂလိပ်စာသင်တန်း မရှိခဲ့ပါ။ ကွန်ပျူတာ သင်တန်းမရှိခဲ့ပါ။ ပညာတတ်များစွာပေါခဲ့ပါသည်။ " ဟုတ် မိတ်ဆွေများ မှ မှတ်ချက်ေ ပးခဲ့ပါသည်။
ထိုရွာသည် လူကို လူဖြင့် ပြန်လည် ကုစားရင်း လူသားမျိုးဆက်သစ်တစ်ခုကို စာကြည့်တိုက်မှ ပေါ်ထွန်းလာဖို့ မျှော်လင့်ရင် ဆက်လက်ကြိုးစားဆောင်ရွက်နေပါသည်။
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊
သာဝတ္ထိရွာ ။
လူငယ့်အားမာန်စာကြည့်တိုက်။
Comments
Post a Comment