ကိုယ့်ခြေကိုယ်လက်ဖြင့် ဖန်တီးထားသော ဘွဲ့ဝတ်စုံများဖြင့် မှတ်တမ်းတင်ခြင်း
၂၀၁၉ ဇူလိုင်လ ၃၀ ရက်နေ့ မှာ ScratchProgramming Batch-III သင်တန်းသားများ သင်တန်းဆင်းပါတယ်။
သင်တန်းဆင်းအထိမ်းအမှတ်အဖြစ် လူငယ့်အားမာန်စာကြည့်တိုက်မှ သင်တန်းဆင်း ဂုဏ်ပြု လက်မှတ်ပေးပါတယ်။
လက်မှတ်ဆိုတာကလည်း အသိအမှတ်ပြု မှုှ တစ်ခု ပါ။ ကျွမ်းကျင့်အဆင့် ထိ မဟုတ်ခဲ့ပါဘူး။ ကိုယ့်အရပ် နဲ့ ကိုယ်ဇာတ် နဲ့ ကိုက်
အောင် ကပြရတဲ့ ဇာတ်ပွဲ တစ်ခု ဆိုလည်း မမှားပါဘူး။
သင်တန်း တစ်ခု ပြီးတိုင်း ပြီးတိုင်း မှာ သင်တန်းဆင်း ကလေးတွေကို
၁) Basic ICT Test
၂)Scratch Programming Test ဆိုပြီး Online Test (အွန်လိုင်း) စာမေးပွဲ စစ်ပေးပါတယ်။
ကလေးတွေ တော်ကြပါတယ်။ ၁၀ယောက် တက်တယ်ဆိုရင် ၉ ယောက် တန်းအောင်ပါတယ်။ ချက်ချင်း အောင်စာရင်းကြည့်လို့ရပါတယ်။
ကျသွားရင်လည်း နောက်တစ်ကြိမ် ကြိုစားဖြေလို့ရပါတယ်။
ကလေးတွေ တော်ဖို့ ပံ့ပိုးမှု အားကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လိုပါတယ် ။
ကလေးတွေကို ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ ဆိုပြီး လက်ခုတ်ထိုင်တီး နေရုံဖြင့် လည်း မရရှိနိုင်ပါဘူး။
လူသားအရင်းအမြစ်ကို တန်ဖိုးထား ဖန်တီးနေတဲ့ နေရာတွေကို အရောက်ပို့ဖို့ လိုပါတယ်။ မပို့ခင်မှာလည်း သိအောင်လုပ်ဖို့ လိုပါတယ်။
တန်ဖိုးဆိုတာကလည်း သိမှ တန်ဖိုးထားကြမှာပါ။ ကလေးငယ်တိုင်း လူကောင်းလူတော်များ ဖြစ်ဖို့ ဆက်လက်ကြိုးစားဆောင်ရွက်နေပါတယ်။
လူတော်လူညံ့တွေဆိုပြီး ခွဲပြီး စစ်ဆေးနေဖို့ အချိန် မရှိပါဘူး။ တူတူ အလုပ်လုပ်ဖို့ လိုတဲ့ ဆိုတဲ့ အချက်က ယခု အချိန်မှာ ပိုမို အလေးသာနေပါတယ်။
ဆရာမ ဒေါ်အိနန္ဒာအောင် သင်ကြားပေးမှု နှင့် ဘွဲ့ခေါင်းပေါင်း လေးတွေကို အတူတကွ လုပ်ဆောင်ကြပြီး Scratch Programming Batch
III ကို ပျော်ရွှင်စွာ သင်တန်းဆင်းခဲ့ကြပါတယ်။
သင်တန်းဆင်းမောင်မယ်တို့ ကျွမ်းကျင်တတ်မြောက်ပြီလို့ ယူဆတာတွေ ဘာတွေ တော့ မပါဘူးပေါ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မျိုးဆက်သစ်တို့
တိုးတက်မြင့်မားဖို့ လူတိုင်းတာဝန်ရှိပါတယ်။ မည်သူတစ်ဦးတစ်ယေက်ကို မှ အမိန့်အာဏာဖြင့် မပေးလိုက်ပါဘူး။ အချိန်သင့်အခါသင့် ဖြစ်ခဲ့သော်
လူသားအရင်းအမြစ်တိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment