၃ရက်လောက် နတ်ဖွက်သလို ဖြစ်သော စာအုပ်ထုပ်



စာအုပ်ထုတ် နှစ်ထုတ် ပီနံအိတ်အဖြူ ဖြင့် လွှဲလိုက်ပါပြီ။ လွှဲပေးတာက MBAPF က ပါ။ ဖုန်းဆက်ပေးပါတယ်။ အောင်ရတနာ နှင့် လွှဲလိုက်မယ်နော်လို့ ဖုန်းဆက်ပြောပါတယ်။ ကျွန်တော်လည်း အဆင်ပြေပါတယ်ဆိုပြီး ပြန်ပြောလိုက်ပါတယ်။
စာအုပ်အိတ်ပေါ်ရေးပေးလိုက်တာက ကိုဇော်ဝင်းမောင် လူငယ့်အားမာန်စာကြည့်တိုက ခင်ဦး- သာဝတ္ထိ ပါ။ ပုံမှန် အသုံးပြုနေကျ ကားဂိတ်က ရွှေစင်စင်္ကြာရေဦးပါ။ ရန်ကုန်က ပါဆယ်ပို့ရင်လည်း ရွှေစင်စင်္ကြာ နဲ့ ပို့ဖြစ်သလို ရေဦး က ကုန်ပို့ရင်လည်း ရွှေစင်စင်္ကြာပါ။
ရေဦးဖက်က ဂိတ်ကလည်း ပါဆယ် ထုတ်နေကျ သာဝတ္ထိ က ဦးလေးကို ရင်းနှီးသလို စာကြည့်တိုက် နဲ့ ပတ်သတ်တာ ရောက်ရင်လည်း သိပ်ထွေထွေထူးထူး မစစ်ပါဘူး ။ သာဝတ္ထိ လူငယ့်အားမာန် စာကြည့်တိုက်ဆို ပေးလိုက်ပါတယ်။
ပထမရက် စာကြည့်တိုက်မှူး ကို မှာလိုက်ပါတယ်။ ရေဦးမှာ စာအုပ်ထုတ် နှစ်ထုတ်ရောက်နေပြီလို့ ဒီတစ်ခါ အောင်ရတနာ တဲ့
အေးအေး ထုတ်ခိုင်းလိုက်မယ်။ ပထမ တစ်ရက် မပါဘူး။
ဒုတိယ ရက် မထုတ်ခဲ့ဘူးလား ၊ သွားထုတ်တယ်။ မပါသေးဘူးလို့ ပြောတယ်တဲ့ ဘယ်ဂိတ်ထုတ်တာလဲ ဆိုတော့ ရွှေစင်စင်္ကြာ
ငင့် လွဲပြန်ပြီ ။ စာကြည့်တိုက်မှူး က သွားထုတ်တဲ့ ဦးလေးကို မှာဖို့ မေ့။
တတိယ ရက်- ကားဂိတ်က ဖုန်းဆက်ပါတယ်။ ကိုဇော်ဝင်းမောင် စာအုပ်တွေ လာယူပါတော့ ဆိုတော့ မနေ့က ကျွန်တော့်ဦးလေးတွေ လာထုတ်တယ်။ မရောက်သေးဘူးလို့ ပြောတယ်ဆိုလားပဲ ဒီနေ့ ထုတ်ခိုင်းလိုက်ပါ့မယ်။
ဦးလေး သွားထုတ်ရော ၊ ဇော်ဝင်းမောင် နာမည် နဲ့ လည်းမ ရှိ လူငယ့်အားမာန်နာမည်လည်း မရှိ ။ မင်းဆက်ထားတဲ့ ဂိတ်ဝန်ခံ က ဘယ်သူလဲ ကိုရှမ်းကြီး ဒီဂိတ်မှာ ကိုရှမ်းကြီး မရှိဘူး။ ဟာ သိပြီ ခင်ဦးဂိတ်ထင်တယ်။
ဟလို ကိုရှမ်းကြီးက ဘယ်ဂိတ်လဲ ၊ ခင်ဦး ညီလေး ..........
ဦးလေ ထုတ်ခိုင်းနေတာ ရေဦး - အောင်ရတနာဂိတ်
နောက်ဆုံးအဆုံးသတ် သဘောပေါက်လိုက်ပါပြီ လွှဲလိုက်သည့် သူသည် ခင်ဦး-သာဝတ္ထိဆိုတော့ ခင်ဦးဂိတ်ကို ပို့ပေးလိမ့်မည်။
ကျွန်တော်တို့သည် ရေဦးကိုပဲ သွားဖြစ် ဈေးဝယ်ဖြစ် သုံးဖြစ်တေ့ာ ရေဦးဂိတ်ကိုပဲ သုံးဖြစ်ပါသည်။
နယ်က ခင်ဦးဖြစ်ပြီး သွားရေးလာရေး ရောင်းဝယ်ဖောက်ကားရေး သည် ရေဦး ဖြစ်နေပါသည်။
နောက်ဆုံးတော့ ရေဦး မှာ သူငယ်ချင်း တစ်ယောက်ကို ကား နဲ့ ခင်ဦးဂိတ်သွားယူပြီး သာဝတ္ထိ လူငယ့်အားမာန်ဆီ တိုက်ရိုက်ပို့ဖို့ အကူအညီတောင်းလိုက်ပါတယ်။ ဒီလောက် မျက်စိလည် တိုင်ပတ်နေသော စာအုပ်ထုပ် ၂ ထုပ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါပြီ။
စာအုပ်လှူဒါန်းပေးပါသော MBAPF မှာ တာဝန်ရှိသူများ Unicef မှာ အလှူရှင်များ နှင့် သက်ဆိုင်ရာ ကူညီဆောင်ရွက်သူများ အားလုံးကို လူငယ့်အားမာန်စာကြည့်တိုက်(Youth's Development & Community Center -TharWutHti) မှာ ကျေးဇူးအထူးတင်ရှိပါသည်။

ကျေးဇူးတင်စွာဖြင့်
ခင်ဦး-သာဝတ္ထိ
လူငယ့်အားမာန်စာကြည့်တိုက်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ