Libraries Foundation (MLF) and MBAPF တို့မှ တာဝန်ရှိသူ လာရောက်


၂၀၁၉ စက်တင်ဘာလ ၁၇ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် သို့ ရန်ကုန်မြို့ Magic Libraries Foundation (MLF) and MBAPF တို့မှ တာဝန်ရှိသူ ကိုဇေယျာလင်း လာရောက်ခဲ့ပါသည်။ ထိုတာဝန်ရှိသူ နှင့် လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေး နှင့် အတူ ဥယျာဉ် အမက ကျောင်းဆရာမ ဒေါ်မြသန္တာဆွေ ကိုထက်မြတ်စိုး(Volunteer) , မသီရိလွင် (Volunteer) ကျောင်းသား ကျောင်းသူ ၆ ဦး မိဘ သုံးဦးတို့ ဖြင့် အောက်ပါအချက်များ ဆွေးနွေးဖြစ်ခဲ့ပါသည်။ ၁)Let the The Read Project & Magic Project အကြောင်း ၂) စာကြည့်တိုက်နှင့် စာကြည့်တိုက်မှူးအပေါ်တွင် စီမံကိန်း၏ အကျိုးသက်ရောက်မှု တိုးတက် ပြောင်းလဲမှု့ ၃) ကလေးများအပေါ်တွင် အကျိုးသက်ရောက်မှု ကတော့ မိတ်ဆွေအပေါင်းအသင်းတိုးတက်ခြင်း၊ပူးပေါင်းဆောင်ရွက်တက်ခြင်း၊ ဖန်တီးလိုစိတ်ရှိခြင်း၊ ပရိတ်သတ်ရှေ့ စကားပြောတတ်ခြင်း၊ အစသဖြင့် ၄) စာအဖတ်စွမ်းရည်တိုးတက်လာသည် ဖြစ်သည့် အတွက် စာအုပ် ကြောက်ရောဂါကင်းဝေးခြင်း ၅) စကားကို ယဉ်ကျေးစွာ ပြောတတ်ဆိုတက် လာခြင်း၊ ၆) စာဖတ်ခြင်း ပူးပေါင်း ဖတ်ရှုှု့ခြင်း အားဖြင့် ကျောင်းသင်ခန်းစာသင်ယူရာတွင် ပိုမို သင်ယူလေ့လာနိုင်လာပါသည်။ ပူးပေါင်းပါဝင်ကြသော ကျောင်းသား ကျောင်းသူများ နှင့် မိဘများ မှာ ၁) မအိသူဝင်း ( ၉ တန်း) ၂)မငြိမ်းယုဇော် (၈တန်း) ၃)မနှင်းစန္ဒာလင်း (၈တန်း) ၄)ကိုခိုင်စိုးဟိန်း (၇ တန်း) ၅)ကိုဇင်ကိုဟန်(၇ တန်း) ၆)ကိုငြိမ်းချမ်းနိုင် (၇ တန်း) ၁)ဒေါ် ခင်ညွှန့်ဝေ ၂)မအေးနုဝေ ၃)မအေးအေးလဲ့ တို့ ဖြစ်ပါသည်။ လာရောက်မေးမြန်းခဲ့သော ကိုဇေယျာ ၊ လာရောက်ဖြေဆိုကြသော ကျောင်းသားကျောင်းသူ နှင့် မိဘ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်။ ယခုလို ပူးပေါင်းဆောင်ရွက်မှုတွင် စာကြည့်တိုက် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိစေရန် အတွက် ကျေးရွာ ရှိ လူကြီး လူငယ်များ မှ ပူးပေါင်းပါဝင် ကူညီပေးပါသည်။ ၁) ဦးဖိုးခိုင် ၂)ကိုငြိမ်းသူဇော် ၃)ကိုဖိုးငယ့် ၄)မောင်ဇေယျာမင်းလွင် ၅)မောင်သုခအောင် တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။ လူငယ့်အားမာန်စာကြည့်တိုက် ဖြစ်လာဖို့ အလှူရှင်များ ၊ လုပ်အားပေးကူညီသူများ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း စာကြည့်တိုက် နှင့် ပတ်သော်သော စာအုပ်အလှူ ၊ လူငယ့်အားမာန်စာကြည့်တိုက်သတင်းများကို ကူညီမျှဝေပေးသူ တစ်ဦးတစ်ယောက် ခြင်းဆီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ၂၀၁၂ မှ စတင်လျှောက်လှမ်းခဲ့သော စာကြည့်တိုက်ခရီးတွင် သင်ဆရာ၊ မြင်ဆရာ ပူးပေါင်လက်တွဲ သူများအားလုံးကို အစဉ်သဖြင့် အလေးပြုရင်း ၂၀၁၉ မှာ ဆက်လက် လျှောက်နေပါတယ်။ စာကြည့်တိုက်မှ တဆင့် Youth's Development & Community ဆီကို ဆက်လက် လျှောက်လှမ်းနေပါတယ်။ လေးစားစွာဖြင့် လူငယ့်အားမာန်စာကြည့်တိုက် Youth's Development and Community Center(TharWutHti) စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်။ သာဝတ္ထိရွာ။

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ