အပိုင်း(၂)
လူငယ့်အားမာန်တိုက် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်ခဲ့ပုံလေးကို ပြန်လည်မျှဝေပါလို့ message ပို့လာလို့ပါ။
အပိုင်း(၂)
၂၀၁၂ စာပေဟောပြောပွဲပြီးနောက်ပိုင်း အသံတွေ ထွက်လာခဲ့ပါသည်။ သူက လုပ်မှာပေါ့။ အလုပ်အကိုင်မှ မရှိတာ။ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ။ နောက်ဆုံး အိမ်က အလုပ်တစ်ခု ရမှာပဲ စာကြည့်တိုက် လုပ်ငန်းကို လုပ်ရတော့မယ်လို့ သဘောတူခဲ့ကြတယ်။ စာကြည့်တိုက်ကတော့ ကိုအောင်လင်း+မခင်စောလှ တို့ မိသားစု ကပဲ ဆက်လက် ထိန်းသိမ်းပေးခဲ့ပါသည်။ လင်မယား နှစ်ယောက်စလုံး သည် အလုပ်အင်မတန်လုပ်ကြသော သူများ ဖြစ်ပါသည်။ ယောက်ျားသည်လည်း တောင်သူကြီးတစ်ယောက်ဖြစ်သလို မိန်းမသည်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးအောင် လုပ်ဆောင်ပါသည်။ စာကြည့်တိုက်သည် လည်း စာအုပ်ငှားသူ ကိုယ်တိုင် ဖြည့်စွက် ကိုယ်တိုင်ငှား ကိုယ်တိုင်အပ် အဖြစ်ထားလိုက်ရပါသည်။ စာအုပ်ငှားကဒ် တစ်ကဒ်ကို ပိုက်ဆံ ၂၀၀ အသင်းဝင်ကြေး ၃၀၀ ဖြင့် သတ်မှတ်ခဲ့ပါသည်။ အတိုင်းအတာတစ်ခု အထိ စာဖတ်သူ တွေ ရှိလာခဲ့ပါသည်။ ၂၀၀၅ ခုနှစ်စာအုပ်အငှားဆိုင်တစ်ဆိုင် က စာအုပ်ငှားရမ်းခသည် တစ်အုပ် ၅၀ ပါ။ စာကြည့်တိုက်မှ ငှားရမ်းခသည် တစ်အုပ် ပိုက်ဆံ ၂၀ ကျပ်ရှိပါသည်။ စာဖတ်ပရိတ်သတ်သည် စာအုပ်များကို တစ်ဖြည်းဖြည်း တိုးငှားလာကြပါသည်။ တစ်ခါ ငှား ၁၀အုပ် ၁၅ အုပ်ထိ ပေးငှားခဲ့ပါသည်။ အစပိုင်းပြဿနာ မဟုတ်ပေမယ့် စာအုပ်နည်းသည့်အချိန် ဖြစ်သည့်အတွက် တစ်ယောက်ထဲ ထိုမျှ များပြားသော စာအုပ်ကို ငှားရမ်းသည့်အတွက် အခြားသူတွေအတွက် ဖတ်ဖို့ စာအုပ် မကျန်သလောက်ဖြစ်နေပါသည်။ စာအုပ်အများကြီး ငှားခွင့်ပေးလိုက်ခြင်းအားဖြင့် စာအုပ်ပျောက်ရှမှု ပိုမို များပြားလာပါသည်။ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်တွေ တဖြည်းဖြည်း ပျောက်ဆုံးမှု ပြန်မအပ်မှုတွေ ရှိလာပါသည်။
သင်္ကြန်ပိတ်ရက်ရှည်တွင် စာကြည့်တိုက် ရှိ စာအုပ်စာရင်းပြန်လည် စစ်ဆေးခြင်း ဖြည့်စွက်ခြင်း ပြင်ဆင်ခြင်းကို ၂၀၁၃ ခုနှစ်တွင် တစ်ကြိမ် လုပ်ခဲ့ပါသည်။ ထိုနှစ်တွင် ပထမဦးဆုံးကြိမ် စာကြည့်တိုက် တစ်နှစ်ပြည့် နှစ်ပတ်လည် နှင့် စာဖတ်အားအကောင်းဆုံးဆုပေးပွဲ ကျင်းပ ဖြစ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး းဦးမောင်မျိုးမှာ အဖွင့်အမှာစကားပြောကြားပေးပြီး နယ်ဝေးမှာ ကြွရောက်ချီးမြှင့်ပေးကြသော စာရေးဆရာအောင်ဟိန်း ကဗျာဆရာ ကျော်ရင်မောင် မောင်နေသစ် အစရှိတဲ့ စာရေးဆရာ ကဗျာဆရာများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဖြစ်ခဲ့ပါသည်။ အခက်အခဲများ ကြား အတိုက်အခိုက်ကြားများမှ လူငယ့်အားမာန်စာကြည့်တိုက်သည် အင်အားချိနဲ့စွာ ဖြည်းဖြည်း ခြင်း တစ်နှစ်ဆိုသော ကာလတစ်ခု ဆီသို့ လျှောက်လှမ်းနိုင်ခဲ့ပါသည်။
Comments
Post a Comment