မိမိ စာကြည့်တိုက်မှူး သို့
ဒေတာ အတိအကျ မရှိခြင်း ၏ လစ်ဟင်းမှုများ
*********************************
မိမိ စာကြည့်တိုက်မှူး သို့
Me: စာကြည့်တိုက် စာအုပ် ဘယ်လောက် ရှိပြီလဲ။
Librarian: တစ်ထောင် ကျော် အင်း နှစ်ထောက်လောက် မသေချာ။
Me: စာကြည့်တိုက် အသင်း ဝင်သူ ဘယ်နှစ်ယောက်လဲ။
Librarian:တစ်ရာကျော် နှစ်ရာ လောက်။
Me:တစ်ပတ် စာကြည့်တိုက် သို့ စာအုပ်လာငှာရမ်းသူ ဘယ်နှစ်ယောက်လောက်လာငှားလဲ။
Librarian: 20 30 လောက်
မသေချာ မရေရာမှုတွေ နဲ့ နပန်းလုံး နေရပါသည်။ ၂၀၁၄ ခုနှစ် သင်္ကြန်ကာလ မှာ
စာကြည့်တိုက် အတွင်း စာရင်းသွင်းစာအုပ် စုစုပေါင်း အရေအတွက်
ပျောက်ဆုံး စာအုပ်အရေအတွက် ကို သတ်မှတ် ရှင်းလင်းထားပြီးဖြစ်ပါသည်။
ထိုကဲ့သို့ မပြုလုပ်နိုင်ခဲ့သည်မှ သုံးနှစ်ကျော်ခဲ့ပြီး ဖြစ်ပါသည်။
ဒုတိယအကြိမ် မိမိတို့ စာကြည့်တိုက် ရှိ စာအုပ်များ စစ်ဆေး စာရင်းပြုစုခြင်းကို
လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေး နှင့် အတူ ၂၀၁၄ ခုနှစ် ကော်မတီဝင်
နှစ်သက်ဆု ရရှိဖူးသည့် မျိုးဆက်သစ်ပျိုမေ မဆုမြတ်နိုးဝေနှင့် သူငယ်ချင်းတို့ မှ
ဝိုင်းဝန်းကူညီ ဆောင်ရွက် လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။
စာအုပ်စာရင်း စီစစ် ပြီးစီးလျှင် စာကြည့်တိုက်သုံး (library Management)ဖြင့်
စာကြည့်တိုက်ရှိ စာအုပ်စာရင်း
စာကြည့်တိုက်ရှိ အသင်းဝင်စာရင်း
စာကြည့်တိုက် စာအုပ်ငှားစာရင်း
စာကြည့်တိုက် စာအုပ်ပြန်အပ်စာရင်း
တစ်ပတ်စာ စာဖတ်စာရင်း (Soft copy/hard copy)
တစ်လစာ စာဖတ်စာရင်း (Soft copy/hard copy)
တစ်နှစ်စာ စာဖတ်စာရင်း(Soft copy/hard copy)
စာအုပ်တစ်အုပ် မိမိ စာကြည့်တိုက်တွင် ရှိ/မရှိ စစ်ဆေးပုံ
အစရှိသဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်ရန်အတွက် Software ပညာရှင်
ကိုဟိန်းမင်းစိုး၊ကိုရဲမျိုးကျော်၊ကိုအေးမင်းဝေ တို့မှ လူငယ့်အားမာန်စာကြည့်တိုက်အတွက်
ဖန်တီးပေးထားခြင်း ဖြစ်ပါသည်။ ဒါအပြင် Save the Library အတွက်ပါ။ အခမဲ့ဖြန့်ဝေ လှူဒါန်းထားပါသည်။
စာကြည့်တိုက် လည်ပတ်ပုံ မှန်ကန် မြန်ဆန် သွက်လက် စွာ လည်နိုင်ရန်အတွက်
ကိုယ်စွမ်းဉာဏ်စွမ်း စိုက်ထုတ်ကြသော စာကြည့်တိုက်မှူး နှင့် အတူ လုပ်အားပေးညီမငယ်များ
မြို့နယ်ပေါင်းစုံ မှ စာကြည့်တိုက် တာဝန်ခံများ၊သာဝတ္ထိရွာ မှ စာကြည့်တိုက် တာဝန်ခံများ
စာကြည့်တိုက် အလှူရှင် များကို ချစ်သောမေတ္တာများဖြင့် ကျေးဇူးတင်ရှိလျှက်။
လူငယ့်အားမာန်စာကြည့်တိုက် တာဝန်ခံ
Comments
Post a Comment