စာကြည့်တိုက်သည် စာဖတ်ဖို့ တစ်ခုထဲမဟုတ်



၂၀၁၇ မတ်လ ၅ ရက်နေ့ စာပေဟောပြောပွဲ ပြီးသည့်နောက်ပိုင်း မွေးရပ်မြေသို့ အလည်မပြန်ဖြစ်ခဲ့ပါ။
အလှူခံထားသော laptop computer များ Desktop ကွန်ပျူတာ နှစ်လုံး တပ်ဆင်ရန်အတွက်
မဖြစ်မနေ ပြန်ရန် တွန်းအားတစ်ခု ဖြစ်ခဲ့၍  ပြန်ခဲ့ရပါသည်။မန်းလေးမှ တဆင့် ကားဖြင့် ဆက်လက်
စီးသွားရာ မိမိရွာကို ညနေ ၆ နာရီ ကျော်မှ ရောက်ရှိခဲ့ပါသည်။ နောက်ရက်မနက် စောစော စာကြည့်တိုက်
သွားကြည့်ရာ စာကြည့်တိုက်ဘေး ဝဲယာတွင် အမှိုက်များသည် အစီအရီ အထပ်လိုက် အထပ်လိုက်။
ခဏစောင်ပြီး့ စာကြည့်တိုက်မှူး နဲ့ ဆွေးနွေးရာ ကလေးငယ်များသည် ဇာတ်ကားကြည့်ရင်း မုန့်စား
နေကြာစေ့ စား ပြီးတော့ အလွယ်တကူ အမှိုက်များကို စာကြည့်တိုက်နောက်ဖေးတွင် ပစ်ထားခဲ့ကြပါသည်။

ကလေးငယ်များကို ငယ်ရွယ်စဉ် ကတည်းက စည်းကမ်းရှိစွာ စနစ်တကျ အမှိုက်ပစ် တတ်စေရန် ရည်ရွယ်ပြီး
စာကြည့်တိုက်မှူးသည် အမှိုက်ပုံး ဝယ်ယူခဲ့ပါသည်။ ဝယ်ယူပြီး စာကြည့်တိုက် ဘေးနားတွင် ထားပေးခြင်းဖြင့် ကလေးငယ်များကို တဖြည်းဖြည်း ပြုပြင်ပြောင်းလဲ သွားဖို့ ရည်မှန်းထားပါသည်။ စာကြည့်တိုက်ကို လာရောက်ခြင်းသည် ကလေးငယ်များအတွက် နားခိုရာ အစစ်အမှန် စာရေးခြင်း စာဖတ်ခြင်း ပုံဆွဲခြင်း ဇာတ်လမ်းကြည့်ခြင်း မိတ်ဆွေဖွဲ့ ခြင်း အစရှိသဖြင့် ကလေးငယ်တစ်ယောက် ဘဝကို လွတ်လပ်စွာ အနှောင်အဖွဲ့ ကင်းစွာ ရှင်သန်
စေပါသည်။ စာကြည့်တိုက်ဟာ ကလေးငယ်များအတွက် တန်ဖိုး မဖြတ်နိုင်သော အိုအေစစ် တစ်ခု ဖြစ်နိုင်အောင် ကြိုးစားရလိမ့်မည်။ ကလေးငယ်များ သည် ကလေးတို့ သဘာဝအတိုင်း ခုန်ပေါက် ကစားခြင်းကို နှစ်သက်ကြသည်။ ကလေးငယ်များတောင်းဆိုသည့် ကြက်တောင်ရိုက်ကစားနည်း ဒိုးစပ် ကစားနည်း အစသဖြင့် ကလေးငယ်သဘဝအတိုင်း ဆော့ကစား စရာများကို များမကြာမှီ ဖြည့်ဆည်းသွားဖို့ စီမံထားပါသည်။ ကလေးငယ်များသည်လည်း ကလေးငယ် အထိုက်အလျှောက် ပူပင်သောက စိတ်ညစ်စရာ အနည်းနဲ့အများတော့ ရှိပေလိမ့်မည်။ ထိုအပူအပင်များကို အစားထိုး ဖြေဖြောက် ဖြေသိမ့်စရာသည် ကော်ယူခြင်း ဆေးစွဲခြင်း အစသဖြင့် မကောင်းတဲ့ လမ်းကြောင်းဖက်မှာ စိတ်ထွက်ပေါက် မဖြစ်စေရန် ထိန်းသိမ်းဖို့ ကျွန်တေ်ာတို့မှာ တာဝန်ရှိပါသည်။ ကလေးငယ်များ စိတ်တွင် စာကြည့်တိုက်သည် စာဖတ်ဖို့ တစ်ခု ထဲသာ ဟု ဘယ်သော အခါ မှ သတ်မှတ်သွားခြင်း မရှိစေရန် အထူး ပြု ဆင်ခြင်ရပါသည်။
စာကြည့်တိုက်သည် မိမိတို့ နားခို ရာ ကိုယ်ပိုင်မြေ ကိုယ်ပိုင် အဆောက် အဦး မိမိတို့ ထိန်းသိမ်းသင့်သည်။
မိမိတို့ပါဝင် သင့်သည်။ မိမိတို့ ဆောင်ရွက်သင့်သည်။ မိမိတို့ ဦးဆောင်ရမည်။ မိမိတို့ စည်းလုံးရမည်။
စာကြည့်တိုက် လူတစ်ဦး ကောင်းစားဖို့ လူတစ်ဦး တော်စေဖို့ ရည်ရွယ်၍ ဖွင့်လှစ်ခြင်း မဟုတ် မည်သူမဆို လာရောက် သုံးဆောင် ဖတ်ရှု ခံစား စံစား ပိုင်ခွင့်ရှိသည်။ထိုကြောင့် စာကြည့်တိုက် သည် ရပ်ရွာနေ ပြည်သူ လူထုအတွက် စာပေတင် မဟုတ် တိကျ မှန်ကန်သော သတင်း အချက် အလက် ကျန်းမာရေး အသိ လှုမှုရေးအသိ စီပွားရေး အသိ နိုင်ငံရေး အသိ အစရှိသဖြင့် စာကြည့်တိုက် က ထောက်ပံံ့နိုင်ရမည်။
မည်သို့ သော အကြော င်းအချင်း အရာ နှင့်မျှ စာကြည့်တိုက်တွင် ရှိသော ဗဟုသုတသည် ကုန်ဆုံးသွားနိုင်ဖွယ်မရှိ။ တစ်ခုထဲသော နည်းလမ်းသာလျှင် ပျက်စီးသွားနိုင်ပါသည်။ တန်းဖိုးမထားသောတစ်နေ့ စာကြည့်တိုက်ပျက်စီးသွားပေလိမ့်မည်။ အားလုံး အသိစိတ်ထဲတွင် စာကြည့်တိုက် သည် စာဖတ်ဖို့ ရန်တစ်ခုထဲမဟုတ်။စာကြည့်တိုက်သည် ကလေးငယ်များ အိပ်မက် အနာဂတ် တွေ မွေးဖွားရာ မိခင်ပမာ ဖြစ်တည်နေပေရမည်။ 

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ