Posts

အားနည်းချက် အားသာချက် ကိုယ်စီဖြင့် ရှင်သန်နေကြသော အနာဂတ် ပန်းပွင့်လေးများ။

Image
မိမိတို့ ကျေးရွာ အနေဖြင့် ထင်မြင်ယူဆရမည်ဆိုရင် ကလေးငယ်တစ်ယောက် ကျောင်းသားတစ်ယောက်သည် စာတော်လျှင် အားလုံးတော်မည် ဟု ယူဆကြသည်။ စာတော်သည့် ကလေးသည် မျက်နှာပွင့်သည်။ လူချစ် လူခင် ပေါများသည်။ လမ်းမှာ အများဆုံး နှုတ်ဆက်ခံရသည်။ တစ်ဖက် က စာမတော်သည့်ကလေး သည် သုံးစားလို့ မရ ပုံစံဖြင့် ကလေးတစ်ယောက် သိမ်ငယ်စိတ် အငုံစိတ်သည် ကြီးမားလာသည်။ ငါသည် စာမတော်ဖူး။ ငါကို အရေးလုပ်ပြီး နှုတ်မဆက်ဘူး။ ငါသည် အရာမဝင်ဘူး အရေးမပါဘူး အစသဖြင့် ကလေးတစ်ယောက် စိတ်ထဲမှာ စွဲမြဲ စွာဝင်ရောက်သွားပါသည်။ ကလေးတိုင်း တော်ကြပါသည်။ မတော်ကြသည်မှာ လူကြီး မိဘများ၏ အတ္တများဖြစ်ပါသည်။ ဖြူစင်သည့် အတ္တ ဆိုပေမည့် မိမိတို့ ကလေးကို နှုတ်အားဖြင့် အမူအရာအားဖြင့် နေ့စဉ် သတ်ဖြတ်နေပါသည်။ နင်ဒါလေးတောင် မသိဘူး။ နင့်အကို နင့်အစ်မ ချီးစား(မရိုသေ့စကား) နင့်တို့အတန်းထဲက ဘယ်သူ့ ဖိနပ်ကိုင် အစ သဖြင့် စကားလုံးများဖြင့် ပစ်ပေါက် သတ်ဖြတ်နေတယ်လို့ ကလေးစိတ်ထဲမှာ စွဲမြဲသွားပါသည်။ ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်ကြသည် ဘယ်သူ့သား ဘယ်ဝါ့သား ဖြင့် ဘယ်လောက်တော်တာ. နင် ဖြင့် ဖျင်းတာ။ တကယ်တော်စေချင်တာ တတ်စေချင်တာလား မိမိတို့ သားသမီးအတွက် ဂုဏ်ယူချင်တာလား? တစ်ယောက် နှင့် တစ်ယေ...

Scratch Programming First Batch သင်တန်း ပြီးဆုံးသွားခြင်း နှင့် သင်တန်းသူသင်တန်းသားများ မှတ်ချက် စကားများ

၁. မောင်ပြည်စုံအောင် ( ကိုးတန်း - ၁၅ နှစ် ) Scratch Programming သင်တန်းအတွက် မှတ်ချက် - ဂိမ်းတွေဖန်တီးရတာပျော်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ- ယဉ်ငြိမ်းသူ ၂. မောင်သုခအောင် ( ၈ တန်း -၁၃ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက် - ကိုယ်ဖာသာ ကိုယ်တီထွင်ရတဲ့ နေရာတွေ ကိုကြိုက်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ -ဟိန်းဝင်းထွဋ် - ၃. Kaung Htet ( ၇ တန်း - ၁၂ နှစ် )- ပျက်ကွက် ၄. ငြိမ်းရတနာဇော် ( ရှစ်တန်း - ၁၃ နှစ် Scratch Programming သင်တန်းအတွက် မှတ်ချက်-) မမျိုးသီရိဝင်း က စိတ်ရှည်ရှည် သင်ပေးတယ်။ ကိုယ်မလုပ်ဖူးတဲ့ ဂိမ်းတွေ လုပ်ရတာ ပျော်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ-စောသဉ္ဇာလွင် ၅.ပိုးအိသိန်း(ဆယ်တန်း - ၁၆ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက်- တစ်ခါတစ်လေမှားတယ် ကိုယ်လုပ်လိုက်တာ ရပေါ့ပျော်တယ်။ မလုပ်ခင်က မှားသွားမှာ ကြောက်တယ် -အွန်လိုင်း စာမေးပွဲ ဖြေရတဲ့ အတွေ့အကြုံ တွေရတယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ- ။ ရွှေစင်ငြိမ်း ၆.စုမြတ်နိုးဝေ (ဒုတိယနှစ် - ၁၈ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက်- ဂိမ်းတစ်ခု လုံးရေးနိုင်တဲ့ အခါ ပျော်တယ်။ တစ်ခါမှ ကိုယ်တိုင် မလုပ်...

အိုင်တီခေတ် အင်တာနက်ခေတ်

Image
အိုင်တီခေတ် အင်တာနက်ခေတ် ဒစ်ဂျစ်တယ်ခေတ် ဂိမ်းခေတ် ကလေးတွေ ကို Mobile ပေးပြီး ငြိမ်အောင်ထားတဲ့ ခေတ် မှာ သာဝတ္ထိ လူငယ့်အားမာန် စာကြည့်တိုက် မှ မျိုးဆက်သစ် လူငယ်မောင်မယ်တွေ စာလာဖတ်ကြပါတယ်။ အင်မတန် ကြည်နူး ဂုဏ်ယူရတဲ့ မြင်ကွင်းလေးပါ။ စာကြည့်တိုက် ကို စာလာဖတ်ပါ။  လူငယ်တွေ ဦးနှောက် ကို ခါးထောင်းကျိုက် ထားမှ မျိုးဆက်တစ်ခု ကို မြှင့်တင်နိုင်မှာပါ။ လူငယ်များ စာများများ ဖတ်ပါ။ စာကြည့်တိုက်ဆိုတာ ဝင်ခွင့်ြဖေစရာမ လိုတဲ့ တက္ကသိုလ် တစ်ခု ပါ။ ယာယီတွဲဖက် စာကြည့်တိုက် မှူး နာမည် - မမအေးမိုးမိုးမြင့်ပါ။ တက္ကသိုလ် ကျောင်းသူ မဖြစ်ခင် ကတည်း က Volunteer အနေဖြင့်ဝိုင်းကူနေခဲ့တာ ယခု တက္ကသိုလ် ပိတ်ရက်တွင်လည်း လာရောက်ကူညီဆဲ ဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ နောက်တစ်ယောက်ကနော့ ၂၀၁၄ ခုနှစ် စာကြည့်တိုက်ကော်မတီဝင်များ နှစ်သက်ဆု ရရှိထား တဲ့ မဆုမြတ်နိုးဝေပါ။ မြို့ပြ အင်ဂျင်နီယာ ကျောင်းသူတစ်ယောက် ဖြစ်သော်လည်း စာာက်ည့တိုက်မှာ လာရောက် ကူညီ သင်တန်းတက်နေဆဲပါပဲ။ စာကြည့်တိုက်ဟာ လူငယ်တွေ ပြုစုပျိုးထောင်ပေးနေတဲ့ ဘူမိနဿ နေရာ မှန် တစ်ခုပါ။ PhotoCredit:@သာဝတ္ထိလူငယ့်အားမာန်စာကြည့်တိုက်မှူး လေးစားစွာဖြင့့််သတင်းနှင့်ပြန်...

ဧပြီလ လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဧပြီလ)

Image
ခင်ဦး-သာဝတ္ထိ- လူငယ့်အားမာန်စာကြည့်တိုက် ဧပြီလ လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဧပြီလ) ၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း - ၄၅၆ ( အသစ်ဝင်သူ မရှိ) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက် - ၁၁၃ ဦး  ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၃၆၁ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၁၆၅ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၆၃၄ အုပ် ၆) စာကြည့်တိုက် သီးသန့် လာဖတ်သူ ဦးရေ - ၈၃ ဦး ဧပြီလ စုစုပေါင်း ငှားရမ်းသူ - ၂၇၈ဦး ဧပြီလ ငှားရမ်းရသော စာအုပ်အရေအတွက် - ၉၉၅ အုပ် လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

The Dariu Foundation မှ ဝာာဝန် ရှိသူများ လူငယ့်အားမာန်စာကြည့်တိုက်သို့ computer များ လာရောက်စစ်ဆေး ကြည့်ရှု့

Image
၂၀၁၉ ခုနှစ် မေလ ၁၃ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ခင်ဦးမြို့နယ်၊သာဝတ္ထိကျေးရွာ လူငယ့်အားမာန်စာကြည့်တိုက်တွင် ဖွင့်လှစ်သင်ကြားနေသော Scratch Programming သင်တန်းကို  The Dariu Foundation မှ တာဝန်ရှိသူများ ဖြစ်ကြာသော Mr.Earnနှင့်Mr.Crew တို့ လာရောက် စစ်ဆေး ကြည့်ရှု့သွားပါသည်။ အသုံးပြုသင်ကြားနေသာ Computer များကို update လုပ်ခြင်း Activate လုပ်ခြင်းများကို နမူနာ နှစ်လုံး သင်ကြားပြသပေးသွားပါသည်။  သင်ကြားမှုဘယ်နှစ်သုတ် ပြီးဆုံးသွားပြီလဲ အွန်လိုင်းစာမေးပွဲ ဖြေလား အစသဖြင့် မေးခွန်းများကို စကားပြန် အကူအညီဖြင့် ပြောကြားဆွေးနွေးကြောင်း လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေးထံ မှ သိရှိရပါသည်။  သင်တန်းခန်းမ အနေဖြင့် မိမိတို့ စာကြည့်တိုက်သည် မူးဘောင်ဘေးတွင် ရှိသော အဆောက်အဦးအသစ် တွင် ရည်ရွယ်ထားရှိကြောင်း နှင့် သင်တန်းသားများ အတွက် ထိုင်ခုံ စားပွဲ ခုံ များကို စနစ်တကျ မပြင်ဆင်နိုင်သည့်အတွက် တောင်းပန်ပါကြောင်း ဆွေးနွေးပြောဆိုခဲ့သည်ကိုလည်း သိရပါသည်။ The Dariu Foundation မှ တာဝန်ရှိသူများ ဖြစ်ကြာသော Mr.Earnနှင့် Mr.Crew တို့ လာရောက် စစ်ဆေး ကြည့်ရှု့ချ...

စာကြည့်တိုက်ကို စာအုပ်သန့်ရှင်းရေး ဆောင်ရွက်ပေးကြသော ဆယ်ကျော်သက်အရွယ် ကလေးများ

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာတွင် ရှိသော လူငယ့်အားမာန်စာကြည့်တိုက်သည် ကျေးလက်နေ ပြည်သူများအတွက် အသိပညာဗဟုသုတရရှိအောင် ဖွင့်လှစ်ခဲ့သည်မှာ ၇ နှစ် ပြည့်တော့မည် ဖြစ်ပါသည်။  စာကြည့်တိုက်ဖွင့်ချိန် မှာ သီတင်းပတ် တစ်ပတ် တွင် နှစ်ရက်(စနေ၊တနင်္ဂနွေ) အချိန်ပိုင်း (နေ့လည် ၁၂ နာရီ မှ ညနေ ၄ နာရီ ) အထိ ဖွင့်လှစ်ခဲ့ပါသည်။ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များ တောင်းဆိုချက်အရ အဆင်သင့်သလို ညှိနှိုင်းပြီး ဗုဒ္ဓဟူး ၊ ကြာသပတေး အစသဖြင့် အဆင်ပြေသလို နေ့ရက်တိုးပြီး ဖွင့်လှစ်ပေးလျှက်ရှိပါသည်။ သူတို့ တောင်းဆို တာလေး တစ်ဖက်က လုပ်ပေးသလို စာကြည့်တိုက် မှာ ကလေးစာဖတ်ခန်းအတွင်း မှာ ရှုတ်ပွနေသာ စာအုပ်စဉ် အား ကူညီ ရှင်းပေးရန် အကူအညီတောင်းရာ ပုံမှန် စာလာဖတ်နေကြသော ဆယ်ကျော်သက်အရွယ် ကလေးများ မှ  တက်ညီ လက်ညီ ရှင်းလင်းပေးသွားပါသည်။ စုပေါင်းညီညာ အောင်ကြောင်းဖြာ။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

လူငယ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ

Image
ခင်ဦး-သာဝတ္ထိရွာ Youth's Development & Community Center( လူငယ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ) အတွက် နောက်တစ်ဆင့် ဆောက်လုပ်နိုင်ရန်အတွက် လိုအပ်သော ပစ္စည်းများ နှင့် အကြမ်းဖျဉ်းတွက်ချက်ထားမှု စာရင်း Dagon Soe Co.ltd မှ Managing Director ကိုသန်းတင့် မှ တွက်ချက်ပေးထားခြင်းဖြစ်ပါသည်။ စင်တာ ဖြစ်မြောက်အောင် ကွန်ပျူတာ နှစ်လုံး Printer အပြင် အလှူငွေ ပါ လှူဒါန်း သည့် အပြင် ဆောက်လုပ်ရေးပညာရပ်ပါ လှူဒါန်းမှု အတွက် များစွာ ကျေးဇူတင်ပါတယ်။ ကျွန်တော်တို့ သာဝတ္ထိ - လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ ဖြစ်မြောက်ရန်အတွက် လိုအပ်သော ပစ္စည်း စာရင်း 1. (150x75x5x7) H Bean (12) - 1980000 KS 2..(125x50) U Bean (4) - 340000 KS 3. Sand (သဲ) - 200000 KS 4.RSA (5) - 475000 KS 5.Cement (ဘိလပ်)(150) -825000 KS @အလှူရှင် ကိုကျော်မိုးအောင် (Managing Director)+ မထူးထူးအောင် သမီး - မရွှေပြည့်အိမ် @ Ngwe Pyae Eain Engineering & Construction Co.ltd 6.Brick (အုတ်) - 100000 KS @ အလှူရှင်- မတင်နီလာမောင်(BE-EC မုံရွာ နည်းပညာတက္ကသိုလ်) 7.Rebar(0.25) - 195000 KS 8.MS Plate (1) 300000 KS...

တောသားတော့ တောသားပဲ Global တောသားဖြစ်ဖို့ ခြေလှမ်းပြင်နေတဲ့

Image
လူငယ့်အားမာန်စာကြည့်တိုက် နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ မှ ခေတ်သစ် သားသမီးများ စစ်ကိုင်တိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက ်နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ တွင် MBAPF မှ တဆင့် လှူဒါန်းပေးသော Supernet Wireless ကို Setup လုပ်ဆောင်ပြီး ဖြစ်ပါတယ်။  ၂၀၁၉ ခုနှစ် ဧပြီလ ၁၄ ရက်မှ စတင်ပြီး လူငယ့်အားမာန်စာကြည့်တိုက် တွင် အင်တာနက် အီးမေး Youtube GoogleDrive နှင့် အခြားသော နည်းပညာ များ ဘာသာ စကားများကို လွတ်လပ်စွာ လေ့လာယူနိုင်ပြီး ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ကျေးရွာအဆင့်မှ ကမ္ဘာ့ တံခါးပေါက်များ နှင့် အခွင့်အရေးများကို အမိအရ ဆုပ်ကိုင်ပြီး တက်လှမ်းကြမယ်လေ။ ကျေးဇူးအထူးတင်ပါတယ်။ #MBAPF #The Dariu Foundation #Ooredoo လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

စာကြည့်တိုက် ဟောင်း ရှိပြီး ဖြစ်ရယ်သား နှင့် အသစ်ဘာကြောင့် ဆောက်ချင်ရသလဲ?

Image
စာကြည့်တိုက်အဟောင်း နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာ ***************************************************** မိတ်ဆွေတစ်ဦးမှ အကြုံပြု စကားကို ကြားရပြီး။ အားလုံးသော အလှူရှင်များလည်း ထပ်တူ ထိုမေးခွန်းကို သိချင် ကြလိမ့်မည်ဟု ထင်မိပါသည်။ စာကြည့်တိုက် ဟောင်း ရှိပြီး ဖြစ်ရယ်သား နှင့် အသစ်ဘာကြောင့် ဆောက်ချင်ရသလဲ? ဆိုသည့် မေးခွန်းပါ။ လက်ရှိစာကြည့်တိုက် ပြောင်းရွှေ့ သုံးစွဲခွင့် ရကြောင်း သိခြင်း ************************************************************* လူငယ့်အားမာန်စာကြည့်တိုက် ၂၀၁၂ ခုနှစ် ဦးအောင်လင်း အိမ်ရှေ့ အမှတ်(၄) လမ်းမပေါ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မှ စတင်ပြီး ၂၀၁၄ ခုနှစ် အထိ ဦးအောင်လင်း+ဒေါ်ခင်စောလှ အိမ်တွင် ဖွင့်လှစ်သည်မှ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပါသည်။ လက်ရှိ အသုံးပြု နေသော စာကြည့်တိုက်သည် ယခင် အဖွဲ့အစည်းဟောင်းဖြစ်သော ဦးဖြူ ဦးနီ အစသဖြင့် ဦးဆောင်ပြီး မလေးရှားနိုင်ငံရောက် သာဝတ္ထိရွာသားများ နှင့် ဆရာတော် အလှူငွေ များဖြင့် ဆောက်လုပ်ထားသည်ဟု သိရှိ ယူဆမိပါသည်။ ဆရာတော် ဦးရာဇိန္န ခွင့်ပြု သည်ဟု တစ်ဆင့် စကားကြားရမှုနှင့် အတူ ကျွန်တော်တို့သည် အတိုင်းမသိ ဝမ်းသာမိပါသည်။ ဆရာတော် ကို ကျ...

မတ်လ လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် မတ်လ)

Image
ခ င်ဦး-သာဝတ္ထိ- လူငယ့်အားမာန်စာကြည့်တိုက် ၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း - ၄၅၆ ( မတ်လ အသင်းဝင်သူ - ၁ ဦး) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက်- ၅၅ ဦး ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၁၈၆ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၂၃၄ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၈၅၅ အုပ် မတ်လ စုစုပေါင်း ငှားရမ်းသူ - ၂၈၉ ဦး မတ်လ ငှားရမ်းရသော စာအုပ်အရေအတွက် - ၁၀၄၁ အုပ် လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

လူငယ့်အားမာန်စာကြည့်တိုက် လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ)

Image
၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း-၄၅၅(ဖေဖော်ဝါရီလ အသင်းဝင်ဦးရေ- ၂၀ ဦး) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက်- ၃၄ ဦး ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၁၁၁ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၁၀၈ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၃၃၈ အုပ် ဖေဖော်ဝါရီ လ စုစုပေါင်း ငှားရမ်းသူ - ၁၄၂ ယောက် ဖေဖော်ဝါရီ လ ငှားရမ်းရသော စာအုပ်အရေအတွက် - ၅၁၁ လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ စာအုပ်ငှား မှတ်တမ်း

Image
လူငယ့်အားမာန်စာကြည့်တိုက် လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဇန်နဝါရီလ) ၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း-၄၃၅(ဇန်နဝါရီလ အသင်းဝင်ဦးရေ- ၁၃ ဦး) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက်- ၂၀ ဦး ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၆၆ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၉၄ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၃၃၈ အုပ် ဇန်နဝါရီ လ စုစုပေါင်း ငှားရမ်းသူ - ၁၁၄ ယောက် ဇန်နဝါရီ လ ငှားရမ်းရသော စာအုပ်အရေအတွက် - ၄၀၄ အုပ် လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

၂၀၁၉ခုနှစ် နွေရာသီအင်္ဂလိပ်စာသင်တန်း ဆင်းပွဲကျင်းပခြင်း

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် နှင့် ရန်ကုန်မြို့ဆရာကြီး ဦးမြကြိုင် ပညာဒါန တို့ ပူးပေါင်းဆောင်ရွက်ပြီးသာဝတ္ထိရွာ သာဝတ္ထိရွာ မျိုးဆက်သစ် မောင်မယ်များကို နှစ်စဉ် အင်္ဂလိပ်စာသင်တန်း တစ်လ တာ ဖွင့်လှစ်ခဲ့ကြပါသည်။ ယခုနှစ်သည် ဒုတိယအကြိမ်မြောက်ရှိခဲ့သည် ဟု သိရပါသည်။ သင်တန်းဖြစ်မြောက်အောင် စာကြည့်တိုက်မှတာဝန်ရှိသူများ နှင့် စင်္ကာပူရောက် အလှူရှင်မှ လက်တွဲဆောင်ရွက် သွားခြင်းဖြစ်ကြည်ဟုလည်း သိရပါတယ်။ သာဝတ္ထိရွာသည ်ဟိုယခင် ၁၉၇၀ ဝန်းကျင်းကတည်းက ပညာရေးကို အားပေးသည့် ကျေးရွာ ဖြစ်ကြောင်း ၊ ၁၉၇၀ ဝန်းကျင်ကတည်းက ဘွဲ့ရသူစုစုပေါင်း ၇၅ ဦး ကျော်ရှိသည်ဟု သိရပါသည်။ ပညာရေး အားပေးခြင်း နည်းတူ ပညာရပ်ဖြင့် အသက်မွေးဝမ်းပြုသူများ များ ၊ ရပ်ရွာကို ချစ်မြတ်နိုးသူများ စုပေါင်းပြီး လူသားပန်းခင်းတစ်ခင်း သကဲ့သို့ ပြုစုမျိုးထောင်ပေးလျှက်ရှိပါသည်။ မိဘများ သည် ဟိုးးးယခင် နှစ်များ နှင့် မတူပဲ မိမိတို့ တိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်လာကြခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အတူ ရပ်မိရပ်ဖ များမှ ပူးပေါင်းဆောင်ရွက် လာခြင်း၊ ပညာရေးပိုင်းဆရာ မှ ဆရာ ဆရာမ ...

ဘိလပ်မြေ အလုံး (၁၅၀) လှူဒါန်းခြင်း

Image
Youth's Development & Community Center သည် ၂၀၁၇ မှ စတင် စိတ်ကူးဖြစ်ပြီး ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် Foundation ပြီးစီးခဲ့ပါသည်။ လူငယ့်အားမာန်စာကြည့်တိုက်အတွက် လိုအပ်နေသော ဘိလပ်မြေ အလုံး (၁၅၀) ကို အလှူရှင် - ကိုကျော်မိုးအောင် (Managing Director)+ မထူးထူးအောင် သမီး - မရွှေပြည့်အိမ် Ngwe Pyae Eain Engineering & Construction Co.ltd မိသားစု မှ လှူဒါန်းပါသည်။ နောက်တစ်ဆင့် သွားဖို့ ခက်ခဲနေချိန် မှာ လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ အနေဖြင့် များစွာ ကျေးဇူးတင်မိပါတယ်။ Ngwe Pyae Eain Engineering & Construction Co.ltd အနေဖြင့် လည်း စီးပွားရေး လာဘ်လာဘများ တိုးတက်အောင်မြင်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

စာကြည့်တိုက်ကို အခြေခံသည့် ပညာရေးစနစ်ကို ယုံကြည်ကြသူများ ဆွေးနွေးခြင်း

Image
******************************************************** ကာဘိုးစံပြ ကျေးရွာ မှ ကျောင်းစာကြည့်တိုက်မှူး၊ကျောင်းအုပ်ဆရာမကြီး၊ အရပ်ဖက် အဖွဲ့အစည်း တို့ နှင့် လူငယ့်အားမာန်စာကြည့်တိုက် မှူး နှင့် စာကြည့်တိုက် ကော်မတီတို့ ဆွေးနွေးဖြစ်ခဲ့ကြပါသည်။ ထိုအကြောင်းအရာသည် စာကြည့်တိုက် ကို အခြေခံသည့် ပညာရေးစနစ် ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုကြခြင်းဖြစ်ပါသည်။ ကာဘိုးစံပြကျေးရွာ သည် ကျောင်းစာကြည့်တိုက်တွင် အထိုက်အလျောက်အားဖြင့်အောင်မြင်သော်လည်း ပြည်သူ့စာကြည့်တိုက်အခန်း ကဏ္ဍတွင် အတေ်ာ အားနည်းသဖြင့်သာဝတ္ထိ လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေးဖြင့်   ဆွေးနွေးကြပါသည်။ ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် စာကြည့်တိုက် ဖွံ့ဖြိုးတိုးအောင် ဆောင်ရွက်ကြမည်ဟု အဖွဲ့အစည်းနှစ်ခုလုံး ရည်မှန်းထားကြပါသည်။ ပေါင်းစည်းခြင်း မျှဝေခြင်းများဖြင့်သာဝတ္ထိ နှင့် ကာဘိုး လက်တွဲဆောင်ရွက်ပါမည်။   လူငယ့်အားမာန်စာကြည့်တိုက် သည် ၂၀၁၂ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့သော အစဉ်မပြတ် လည်ပတ်နိုင်သော စာကြည့်တိုက်တစ်ခု ဖြစ်ပါသည်။ ယနေ့ ၂၀၁၉ အချိန်ထိ စနေ တနင်္ဂနွေ ဖြည်းဖြည်း နှင့် မှန်မှန် လမ်းလျှောက်နေသာ ကလေးသာ...

မေတ္တာလက်ဆောင် ပေးအပ်ခြင်း

Image
ရန်ကုန်မြို့ ဆရာကြီးဦးမြကြိုင်ပညာဒါန မှ ဆရာ နှစ်ယောက် နှင့် လူငယ့်အားမာန်စာကြည့်တိုက်မှူး တို့ အား စင်္ကာပူနိုင်ငံ မှ ဇာတိမြေ ခင်ဦး-သာဝတ္ထိ သို့ အလည် ရောက်ရှိနေသော အလှူရှင်ဒေါ်ချိုချိုခင် မှ မေတ္တာ လက်ဆောင်များ အသီးသီး ပေးအပ်လှူဒါန်းပါသည်။ ပညာရေး နှင့် သက်ဆိုင်သော ဆွေးနွေးမှုများ ဆွေးနွေးပေးခြင်း အားဖြင့် လည်းကောင်း ၊ လှူဒါန်းမှုအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါကြောင်း လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ မှ ပြောကြားအပ်ပါသည်။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်

ဒုတိယအကြိမ် သာဝတ္ထိ နွေရာသီအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ခြင်း

Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ မှ ဦးဆောင်ပြီး နွေရာသီ အင်္ဂလိပ်စာသင်တန်းကို ၂၀၁၉ ခုနှစ် မတ်လ ၂ ရက် နေ့လည် ၁ နာရီ တွင် သာဝတ္ထိရွာ အလက ကျောင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ထိုဖွင့်ပွဲတွင် အရပ်ဖက်အဖွဲ့အစည်းအဖြစ် ကာဘိုးစံပြ ကျေးရွာ မှ ကျောင်းအုပ်ဆရာမကြီး ၊ကာဘိုးစာကြည့်တိုက်မှ စာကြည့်တိုက် မှူး ၊ သာဝတ္ထိရွာ အလက ဒု ကျောင်းအုပ် ဆရာကြီး ဦးရဲမြင့် ၊ ရန်ကုန်မြို့ဆရာကြီး ဦးမြကြိုင် ပညာဒါန မှ  သင်ကြားရေး ဆရာ နှစ်ယောက် နှင့် လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ တို့ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။ ကာဘိုးစံပြ ကျေးရွာ မှ ဆရာ ဦးမြင့်သူ နှင့်အဖွဲ့ သည် ရန်ကုန် ကလေးငယ်များ ပညာရေး နှင့်ပတ်သတ်ပြီး အတွေ့အကြုံများ ၊ အလက ဒုကျောင်းအုပ် ဆရာ ဦးရဲမြင့် မှ ကောင်းမွန်စွာ ဂရုစိုက်သင်ကြားဖို့ ကလေးငယ်များကို မှာကြားခြင်း၊ စင်္ကာပူ ပညာရေး နှင့် အတွေ့အကြုံများကို ဖလှယ်ခြင်း ကို ဆရာမ ဒေါ်ချိုချိုခင် တို့ ဟောပြောပေးခဲ့ကြပါသည်။ သင်တန်းတွင် စုစုပေါင်း စတုတ္ထတန်း ဖြေဆိုထားသူများ မှ တက္ကသိုလ် တက်ရောက်နေသူများ ဆရာ ဆရာမများအထိ  ...

Literacy Assessment ဖြေဆိုစေခြင်း

Image
လူငယ့်အားမာန် စာကြည့်တိုက်သို့ လာရောက်သော မူလတန်း အလယ်တန်း ကျောင်းသား ကျောင်းသူတိုကို စာဖတ်စွမ်းရည် အကဲဖြတ်ချက် Literacy Assessment ဖြေဆိုစေခြင်း မူလတန်းကျောင်းသားကျောင်းသူ - ၁၅ ယောက် အလယ်တန်း ကျေင်းသားကျောင်းသူ- ၂၂ ယောက် ထပ်တိုး စာရင်း - ၁၅ ယောက် စုစုပေါင်း - ၅၂ ယောက်။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်