Posts
၃ရက်လောက် နတ်ဖွက်သလို ဖြစ်သော စာအုပ်ထုပ်
Image
စာအုပ်ထုတ် နှစ်ထုတ် ပီနံအိတ်အဖြူ ဖြင့် လွှဲလိုက်ပါပြီ။ လွှဲပေးတာက MBAPF က ပါ။ ဖုန်းဆက်ပေးပါတယ်။ အောင်ရတနာ နှင့် လွှဲလိုက်မယ်နော်လို့ ဖုန်းဆက်ပြောပါတယ်။ ကျွန်တော်လည်း အဆင်ပြေပါတယ်ဆိုပြီး ပြန်ပြောလိုက်ပါတယ်။ စာအုပ်အိတ်ပေါ်ရေးပေးလိုက်တာက ကိုဇော်ဝင်းမောင် လူငယ့်အားမာန်စာကြည့်တိုက ခင်ဦး- သာဝတ္ထိ ပါ။ ပုံမှန် အသုံးပြုနေကျ ကားဂိတ်က ရွှေစင်စင်္ကြာရေဦးပါ။ ရန်ကုန်က ပါဆယ်ပို့ရင်လည်း ရွှေစင်စင်္ကြာ နဲ့ ပို့ဖြစ်သလို ရေဦး က ကုန်ပို့ရင်လည်း ရွှေစင်စင်္ကြာပါ။ ရေဦးဖက်က ဂိတ်ကလည်း ပါဆယ် ထုတ်နေကျ သာဝတ္ထိ က ဦးလေးကို ရင်းနှီးသလို စာကြည့်တိုက် နဲ့ ပတ်သတ်တာ ရောက်ရင်လည်း သိပ်ထွေထွေထူးထူး မစစ်ပါဘူး ။ သာဝတ္ထိ လူငယ့်အားမာန် စာကြည့်တိုက်ဆို ပေးလိုက်ပါတယ်။ ပထမရက် စာကြည့်တိုက်မှူး ကို မှာလိုက်ပါတယ်။ ရေဦးမှာ စာအုပ်ထုတ် နှစ်ထုတ်ရောက်နေပြီလို့ ဒီတစ်ခါ အောင်ရတနာ တဲ့ အေးအေး ထုတ်ခိုင်းလိုက်မယ်။ ပထမ တစ်ရက် မပါဘူး။ ဒုတိယ ရက် မထုတ်ခဲ့ဘူးလား ၊ သွားထုတ်တယ်။ မပါသေးဘူးလို့ ပြောတယ်တဲ့ ဘယ်ဂိတ်ထုတ်တာလဲ ဆိုတော့ ရွှေစင်စင်္ကြာ ငင့် လွဲပြန်ပြီ ။ စာကြည့်တိုက်မှူး က သွားထုတ်တဲ့ ဦးလေးကို မှာဖို့ မေ့။ တတိယ ရက်- ကားဂိတ်က ဖုန်းဆက်ပါတယ်...
#Youth's Strength Library(Youth's Development & Community Center)
Image
# Youth 's Strength Library(Youth's Development & Community Center) Our Library generate human resources. Batch-6 of Scratch Programming Congratulations All of students. # Certificate   # KhinU   # TharWutHtiVillage # SAGAING #SHWEBO ယနေ့ Batch-6 အွန်လိုင်း စာမေးပွဲ ဖြေဆိုပြီး ချက်ချင်း အောင်စာရင်းကြည့်လို့ရပါတယ်။ အားလုံး အောင်မြင်ကြပါတယ်။ လူငယ့်အားမာန်စာကြည့်တိုက် အနေဖြင့် ဒီထက်ပိုမို အလုပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဆက်လက်ကြိုးစားပါဦးမည်။ Thanks  # MBAPF   # DariuFoundation   # Ooredoo   # batch   # scratch   # students   # library   # congratulations   # programming   # strength   # development   # humanresources   # communitycenter
Youth's Strength Development & Community Center
Image
ဒီနေ့ လူငယ့်အားမာန်စာကြည့်တိုက် တစ်နည်းအားဖြင့် Youth's Strength Development & Community Center အဖြစ် သွားမည်ဟု ရည်မှန်းထားသော စာကြည့်တိုက် ဟာ နိုင်ငံပေါင်း ၁၅၀ ကျော် ဘာသာစကားပေါင်း ၄၀ ဖြင့် သင်ကြားပို့ချပေးနေသော Scratch Programming Batch -5 သင်တန်းဆင်းပွဲ ပုံရိပ်များ ဖြစ်ပါသည်။ Scratch Programming ဟာ နောင်တစ်ချိန် Computer Science ဘာသာရပ်မှာ ထည့်သွင်းကောင်း ထည့်သွင်းပါလိမ့်မည်။ ဒီ Project ဖြစ်မြောက်ဖို့ ၁)Switzerland နိုင်ငံ Dariu Foundation ၂) MBAPF ၃)Ooredoo တို့ မှာ ကူညီ လှူဒါန်းပေးခြင်းဖြစ်ပါသည်။ Scratch Programming သာမကပဲ ICT အခြေခံ သင်တန်းများ ၊ A+ သင်တန်း ၊ စာစီစာရိုက် ၊ Photoshop ၊ အင်တာနက် အီးမေလ် ၊ Social Media ဖြင် ဆက်စပ်နေသာ Facebook,Linkin,twitter,instagram,Skpye,Slack,Telegram တို့ကို အကျိုးရှိရှိ မှန်မှန်ကန်ကန် အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးသွားပါမည်။ ခင်ဦး-သာဝတ္ထိ အနီးပတ်ဝန်းကျင်မှာ ရှိသော ကျေးရွာ မှလည်း လာရောက်ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။ သင်တန်းများလည်း လာရောက်တက်ရောက်နိုင်ပါတယ်။ ဒီထက်ပိုအားကောင်းတဲ့ လုပ်ငန်းဆောင်တာများ ဆေ...
Libraries Foundation (MLF) and MBAPF တို့မှ တာဝန်ရှိသူ လာရောက်
Image
၂၀၁၉ စက်တင်ဘာလ ၁၇ ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် သို့ ရန်ကုန်မြို့ Magic Libraries Foundation (MLF) and MBAPF တို့မှ တာဝန်ရှိသူ ကိုဇေယျာလင်း လာရောက်ခဲ့ပါသည်။ ထိုတာဝန်ရှိသူ နှင့် လူငယ့်အားမာန်စာကြည့်တိုက်မှူး မနွဲ့ယဉ်အေး နှင့် အတူ ဥယျာဉ် အမက ကျောင်းဆရာမ ဒေါ်မြသန္တာဆွေ ကိုထက်မြတ်စိုး(Volunteer) , မသီရိလွင် (Volunteer) ကျောင်းသား ကျောင်းသူ ၆ ဦး မိဘ သုံးဦးတို့ ဖြင့် အောက်ပါအချက်များ ဆွေးနွေးဖြစ်ခဲ့ပါသည်။ ၁)Let the The Read Project & Magic Project အကြောင်း ၂) စာကြည့်တိုက်နှင့် စာကြည့်တိုက်မှူးအပေါ်တွင် စီမံကိန်း၏ အကျိုးသက်ရောက်မှု တိုးတက် ပြောင်းလဲမှု့ ၃) ကလေးများအပေါ်တွင် အကျိုးသက်ရောက်မှု ကတော့ မိတ်ဆွေအပေါင်းအသင်းတိုးတက်ခြင်း၊ပူးပေါင်းဆောင်ရွက်တက်ခြင်း၊ ဖန်တီးလိုစိတ်ရှိခြင်း၊ ပရိတ်သတ်ရှေ့ စကားပြောတတ်ခြင်း၊ အစသဖြင့် ၄) စာအဖတ်စွမ်းရည်တိုးတက်လာသည် ဖြစ်သည့် အတွက် စာအုပ် ကြောက်ရောဂါကင်းဝေးခြင်း ၅) စကားကို ယဉ်ကျေးစွာ ပြောတတ်ဆိုတက် လာခြင်း၊ ၆) စာဖတ်ခြင်း ပူးပေါင်း ဖတ်ရှုှု့ခြင်း အားဖြင့် ကျောင်းသင်ခန်းစာသင်ယ...
စာအုပ်စာတမ်း(၆၀) အုပ် လှူဒါန်းခြင်း
Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် အတွက် ဦးညွှန့်ရီ -စာတိုက်မှူး(ငြိမ်း)+ဒေါ်ခင်မေမြင့်-စာတိုက်မှူး (ငြိမ်း) တို့အား ရည်စူး၍ ဒေါ်ခင်ဥမ္မာ၊ဦးကျော်ဝဏ္ဏ+ဒေါ်ခင်စန္ဒာ (သား) မောင်ကောင်းမြတ်ကျော် ဦးဖြုးဝေလင်း ၊မခင်နီလာ၊ဦးဝေယံထွန်း+မထက်ထက်ကျော်(သား) မောင်ပြည့်ဖြိုးကျော် မောင်နှမတစ်ခု ကောင်းမှု လှူဒါန်းပေးပါသော အလှူရှင် အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ မှ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ လက်ခံ ယူပေးပါသော သာဝတ္ထိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဦး အား အထူးပင်ကျေးဇူးတင်ရှိပါတယ်။ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်
ခင်ဦး-သာဝတ္ထိ- လူငယ့်အားမာန်စာကြည့်တိုက်
Image
ဇူလှိုင် လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် ဇူလှိုင်) တစ်လတာ ငှားရမ်းဖတ်သူ ဦးရေ စုစုပေါင်း နှင့် ငှားရမ်းသည့် စာအုပ် စုစုပေါင်း ဇူလှိုင်လ လူငယ့်အားမာန်စာကြည့်တိုက် စုစုပေါင်း ငှားရမ်းသူ - ၈၉ ဦး ဇူလှိုင်လ လူငယ့်အားမာန်စာကြည့်တိုက် ငှားရမ်းရသော စာအုပ်အရေအတွက် -၃၅၇ အုပ် ၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း - ၄၅၆ ( အသစ်ဝင်သူ မရှိ) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက် - ၃၀ ဦး ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် -၁၀၃ အုပ် ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၅၉ ဦး ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၂၅၇ အုပ် ၆) စာကြည့်တိုက် သီးသန့် လာဖတ်သူ ဦးရေ - ၇၄ ဦး ၇)စာကြည့်တိုက်တွင် သီးသန့်ဖတ်စာအုပ်အရေအတွက် - ၁၁၃ အုပ် ************************************************* လူငယ့်အားမာန်စာကြည့်တိုက်ဖြင့် ပူးပေါင်းဆောင်ရွက်နေသာ ကျောင်းစာကြည့်တိုက်မှာ စာဖတ်စွမ်းရည် မှတ်တမ်း ၁)အမက-ဥယျဉ် ကျောင်းစာကြည့်တိုက် ၁-၁) စာဖတ်သူ ဦးရေ - ၁၁၉ ဦး ၁-၂) စာအုပ်အရေအတွက် - ၂၆၂ အုပ် ၂)သာဝတ္ထိ- အထက (ခွဲ) ကျောင်းစာကြည့်တိုက် ၂-၁) စာဖတ်သူ ဦးရေ - ၈၀ ဦး ၂-၂) စာအုပ်အရေအတွက...
သြဂုတ်လ အတွက် အလှူငွေ လှူဒါန်းခြင်း (မနွဲ့ယဉ်အေး အလှူငွေ ဖြတ်ပိုင်း)
Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် မှ ဦးဆောင် တည်ဆောက်နေဆဲဖြစ်သော Youth's Strength Library & Community Center ပြီးစီးနိုင်ရန်အတွက် သာဝတ္ထိကျေးရွာ ဦးဝင်းလွင် မိသားစု မှ အလှူငွေ- နှစ်သောင်း ကျပ်တိတိ လှူဒါန်းပါသည်။ လှူဒါန်းပေးပါသော အလှူရှင်များ အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ မှ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ (အလှူငွေ ဖြတ်ပိုင်းဖြင့်လက်ခံသော အလှူငွေများအတွက ်သီးသန့် ရှင်းတမ်း ထုတ်ပေးပါမည်။ လည်ပတ်နေ စာကြည့်တိုက် ရန်ပုံတွေ ရှင်းတမ်းသည် သီးခြားဖြစ်ပါသည်။ မနွဲ့ယဉ်အေးလက်ခံပြီး ကိုတင်မိုးဇော် ကောက်ခံ သော ဖြတ်ပိုင်း ငွေစာရင်း စုစုပေါင်းပါမည်။ ) လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်
နောင်တစ်ချိန် တွင် ဂုဏ်ယူစရာ အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်လာမည့် ရွှေဘိုမြောက်ခြမ်းက ကျေးရွာလေး
Image
အဲဒီ ရွာကလေးပါပဲ ။ ယခင် ပျူလူမျိုးတွေ အခြေချဖူးသွားတယ်လို့ သမိုင်း မှတ်တမ်း မှာ တွေ့လိုက်ရတယ်။ အဲရွာကလေးပါပဲ ။ လက်ဖက်ကုန်သည် ရှမ်းစော်ဘွားတွေ အခြေချ နေထိုင်သွားတဲ့ ရွာကလေး ရေဦးဖက် လက်ဖက် ကုန်သည်တွေ ဗန်းခင်း ဗန်းပြ ဆိုတာ အဲဒီက လာကြောင်း လူထု ဒေါ်မာ စာအုပ်ထဲ ဖတ်လိုက်။ လွမ်းချင်း အရာ မှာ ဂန္ဓာဝင် မြောက်လှတဲ့ ကျေးလက်သံ ကဗျာ ဆရာကြီး သာဝတ္ထိဦးကြီး ရဲ့ မွေးရပ်မြေလေး။ ဘိုးဝဇီရက ဆရာကြီး မဟာဆွေ ကို ဦးကြီးက သူ့ ဘကြီးတော်တယ်လို့ ပြောဖူးတဲ့ မှတ်တမ်းတွေ နဲ့ ရွာကလေး။  သာဝတ္ထိဦးကြီး နဲ့ ခေတ်ပြိုင် လို့ ပြောလို့ ရတဲ့ ဦးမျှင် ရဲ့ ရွာကလေး။ ရွှေဘိုမြောက်ဖက် မြင်းနယ် မြင်းစီးမြေ လို့ ပြောလို့ ရတဲ့ ရွာကလေး ။ ဟိုးယခင် မြင်းရေး မြင်းရာ ကျွမ်းကျင်တဲ့ စစ်သည်တော်တွေ မွေးထုတ်ပေးတဲ့ မြင်းစီးကုန်း ၊ မြင်းစီးသူရဲကောင်း ဦးမြင့်တို့ ရွာကလေး။ အဲလို သမိုင်းကြောင်းကောင်းတွေ နဲ့ နာမည်ကြီးတဲ့ ကင်းလတ်၊ခင်လပ်(သို့)ခင်လတ်၊သာဝတ္ထိ ဆိုတဲ့ ရွာကလေး မှာ ဒီလို သမိုင်းကြောင်း မှတ်တမ်းမှတ်ရာတွေကို ရေးသားထုတ်ဝေဖို့ ဆရာကြီးဦးလှရွှေ(ကွယ်လွန်) မှာ တာဝန်ကို ဆရာကြီး ဦးကျော်ညွှန်(ဂုဏ်ရောင်) (ခ) ကလောင် အောင်ဟိန်း (ရေဦး) (ကွယ်လွန်...
ကိုယ့်ခြေကိုယ်လက်ဖြင့် ဖန်တီးထားသော ဘွဲ့ဝတ်စုံများဖြင့် မှတ်တမ်းတင်ခြင်း
Image
၂၀၁၉ ဇူလိုင်လ ၃၀ ရက်နေ့ မှာ ScratchProgramming Batch-III သင်တန်းသားများ သင်တန်းဆင်းပါတယ်။ သင်တန်းဆင်းအထိမ်းအမှတ်အဖြစ် လူငယ့်အားမာန်စာကြည့်တိုက်မှ သင်တန်းဆင်း ဂုဏ်ပြု လက်မှတ်ပေးပါတယ်။ လက်မှတ်ဆိုတာကလည်း အသိအမှတ်ပြု မှုှ တစ်ခု ပါ။ ကျွမ်းကျင့်အဆင့် ထိ မဟုတ်ခဲ့ပါဘူး။ ကိုယ့်အရပ် နဲ့ ကိုယ်ဇာတ် နဲ့ ကိုက် အောင် ကပြရတဲ့ ဇာတ်ပွဲ တစ်ခု ဆိုလည်း မမှားပါဘူး။ သင်တန်း တစ်ခု ပြီးတိုင်း ပြီးတိုင်း မှာ သင်တန်းဆင်း ကလေးတွေကို ၁) Basic ICT Test ၂)Scratch Programming Test ဆိုပြီး Online Test (အွန်လိုင်း) စာမေးပွဲ စစ်ပေးပါတယ်။ ကလေးတွေ တော်ကြပါတယ်။ ၁၀ယောက် တက်တယ်ဆိုရင် ၉ ယောက် တန်းအောင်ပါတယ်။ ချက်ချင်း အောင်စာရင်းကြည့်လို့ရပါတယ်။ ကျသွားရင်လည်း နောက်တစ်ကြိမ် ကြိုစားဖြေလို့ရပါတယ်။ ကလေးတွေ တော်ဖို့ ပံ့ပိုးမှု အားကောင်းတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ လိုပါတယ် ။ ကလေးတွေကို ရပ်နိုင်ပေ့ ရပ်နိုင်ပေ့ ဆိုပြီး လက်ခုတ်ထိုင်တီး နေရုံဖြင့် လည်း မရရှိနိုင်ပါဘူး။ လူသားအရင်းအမြစ်ကို တန်ဖိုးထား ဖန်တီးနေတဲ့ နေရာတွေကို အရောက်ပို့ဖို့ လိုပါတယ်။ မပို့ခင်မှာလည်း သိအောင်လုပ်ဖို့ လိုပါတယ်။ တန်ဖိုးဆိုတာကလည်း သိမှ တန်ဖိုးထားကြမ...
အလှူငွေ လှူဒါန်းခြင်း
Image
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ လူငယ့်အားမာန်စာကြည့်တိုက် မှ ဦးဆောင် တည်ဆောက်နေဆဲဖြစ်သော Youth's Strength Library & Community Center ပြီးစီးနိုင်ရန်အတွက် သာဝတ္ထိရွာနေ ဦးအောင်မင်းစန်း + ဒေါ်မော်မော်ဌေး မိသားစု မှ အလှူငွေ - ၅၀၀၀၀ ကျပ်တိတိ လှူဒါန်းပေးပါသည်။ လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ ကိုယ်စား အလှူငွေ လက်ခံပေးပါသော ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်း (ငြိမ်း) အား အထူးပင်ကျေးဇူတင်ရှိပါတယ်။ ရပ်ရွာအတွက် ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံ လှူဒါန်းမှု အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ရေစက်ချ အမျှဝေ လှူဒါန်းရတဲ့ အတွက် အလှူရှင် ကိုယ်စား ဆရာတော် Ven Thitsar Taman 🙏🙏🙏🙏🙏 ဦးတင်ပါတယ်ဘုရား လှူဒါန်းပေးပါသော အလှူရှင်မိသားစု အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လူငယ့်အားမာန်စာကြည့်တိုက် ကော်မတီ မှ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ (အလှူငွေ ဖြတ်ပိုင်းဖြင့်လက်ခံသော အလှူငွေများအတွက ်သီးသန့် ရှင်းတမ်း ထုတ်ပေးပါမည်။ လည်ပတ်နေ စာကြည့်တိုက် ရန်ပုံတွေ ရှင်းတမ်းသည် သီးခြားဖြစ်ပါသည်။) လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်
Scratch Programming Batch-2 သင်တန်းဆင်းပွဲ
Image
*********************************************** စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊သာဝတ္ထိ ရွာ လူငယ့်အားမာန်စာကြည့်တိုက် တွင် MBAPF-Dariu Foundation&Ooredoo တို့၏ ကူညီထောက်ပံ့ မှုဖြင့် သင်ကြားပေးလျှက်ရှိပါသည်။ သင်တန်းတစ်ကြိမ်လျှင် ၁၀ ယောက်နှုန်းဖြင့် သင်ကြားပေးလျှက်ရှိပါသည်။ သင်တန်းပြီးဆုံးသွားလျှင် မိမိ သင်ကြားထားသော အသိပညာများ ကျွမ်းကျင်တတ်မြောက်ခြင်း စွမ်းရည်ကို အွန်လိုင်းစာမေးပွဲဖြေဆိုပြီး ဆန်းစစ်ပေးလျှက်ရှိပါသည်။ယခုအခါ Batch-3 အားဆက်လက်ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိပါသည်။ ခင်ဦး-သာဝတ္ထိ အနီးအနားမှ ကျောင်းသားကျောင်းသူများ ၊ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်။ လေးစားစွာဖြင့် သတင်နှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်
လူကို လူဖြင့် ပြန်လည် ကုစားခြင်း
Image
*********************** ၁)များပြားလာတဲ့ အလုပ်တာဝန်တွေ နဲ့ စာကြည့်တိုက်မှူး လူငယ့်အားမာန်စာကြည့်တိုက်မှူး ဟာ ခေတ်ပညာတတ် မိန်းကလေးတစ်ဦးပါ။ သူဟာ သာဝတ္ထိ တစ်ယောက်ဖြစ်ကြောင်း အထူးထောက်ခံချက် မလိုပါဘူး ။ ဘူးတီး နဲ့ ဝက်တား ဆိုရင် သာဝတ္ထိသူ သာဝတ္ထိသားပါပဲ ဒါဟာလည်း ငယ်စဉ်က ရှက်စရာ ကောင်းလို့ ပီပြင်အောင်ပြောခဲ့ကြသလို အသက်ရွယ်ရလာချိန်မှာ တစ်နည်း ချစ်စရာ့ စကားသံ တစ်ခု ဖြစ်လာခဲ့တာပါပဲ။ သူမဟာ အသက်အရွယ်အားဖြင့် သုံးဆယ်ဝန်းကျင် ၊ အသားညိုညို ၊ ဆံပင်ရှည်ရှည် ၊ အရပ်အမောင်း ကောင်းကောင်း နဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးနေသူ တစ်ယောက်ပါ။ စာကြည့်တိုက်တာဝန်ဝတ္တရားများ အနေဖြင့် ၊ အသစ်ဝင်သော စာဖတ်သူ အသစ်များ စာရင်းသွင်းခြင်း၊စာအုပ်အသစ်များ ရရှိလာခဲ့သော် စာရင်းသွင်းခြင်း၊ တံဆိပ်တုံးထုခြင်း၊တစ်ပတ် နှစ်ရက် စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ စာအုပ်ငှား၊စာအုပ်အပ်၊စာကြည့်တိုက်စာလာဖတ်သူ စာရင်း၊စာဖတ်ရှိန် မြင့်တင့်ခြင်း Activity တစ်လတစ်ကြိမ်ဆောင်ရွက်ခြင်း၊ပုံပြောပြောခြင်း၊ပုံဆွဲလေ့ကျင့်စေခြင်း၊နှစ်ယောက် တစ်တွဲ သုံးယောက်တစ်တွဲ စာဖတ်စေခြင်း၊အုပ်စုလိုက်စာဖတ်ပြီး ပြန်လည် ရှင်းပြစေခြင်း၊ကွန်ပျူတာ အခြေခံသင်တန်း၊Scratch Pro...
အရောက်လာခဲ့ပါ သာဝတ္ထိရွာ (စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ခင်ဦးမြို့)
Image
မတ်လ လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် မတ်လ)
Image
ခင်ဦး-သာဝတ္ထိ- လူငယ့်အားမာန်စာကြည့်တိုက် မတ်လ လချုပ် စာအုပ်ငှားမှတ်တမ်း ( ၂၀၁၉ ခုနှစ် မတ်လ) တစ်လတာ ငှားရမ်းဖတ်သူ ဦးရေ စုစုပေါင်း နှင့် ငှားရမ်းသည့် စာအုပ် စုစုပေါင်း မတ်လ စုစုပေါင်း ငှားရမ်းသူ - ၃၇၄ ဦး (ဧပြီလ- ၂၇၈ဦး ) မတ်လ ငှားရမ်းရသော စာအုပ်အရေအတွက် -၁၂၃၁အုပ်  (ဧပြီလ-၉၉၅ အုပ်) ၁)စာကြည့်တိုက်အသင်းဝင်ဦးရေ စုစုပေါင်း - ၄၅၆ ( အသစ်ဝင်သူ မရှိ) ၂)စာကြည့်တိုက်သို့ လောက်ရောက်ငှားရမ်းသော လူကြီးအရေအတွက် - ၁၀၈ ဦး (ဧပြီလ - ၁၁၃ ဦး ) ၃)လူကြီး ငှားရမ်းသော စာအုပ်အရေအတွက် - ၃၂၈ အုပ် ( ဧပြီလ - ၃၆၁ အုပ်) ၄)စာကြည့်တိုက်သို့ လာရောက် ငှားရမ်းသော ကလေးအရေအတွက် - ၂၆၆ ဦး (ဧပြီလ-၁၆၅ ဦး) ၅)ကလေးငယ်များ ငှားရမ်း စာအုပ်အရေအတွက် - ၈၀၃ အုပ် (ဧပြီလ-၆၃၄ အုပ်) ၆) စာကြည့်တိုက် သီးသန့် လာဖတ်သူ ဦးရေ -၁၃၅ ဦး (ဧပြီလ-၈၃ ဦး) ၇)စာကြည့်တိုက်တွင် သီးသန့်ဖတ်စာအုပ်အရေအတွက် - ၁၆၂ အုပ် လေးစားစွာဖြင့် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်
#Youth's Strength Library(Youth's Development & Community Center)
Image
# Youth 's Strength Library(Youth's Development & Community Center) စာကြည့်တိုက် ဆိုတာ စာပြီးရင် စာ နင်းကန် ဖတ်ခိုင်းနေလို့လည်း အဆင်မပြေပါဘူး။ တစ်ချို့ ကလေးတွေ က သိပ်ကို သီးသန့် ဆန်တယ်။ စာဖတ်တယ်ဆိုရင်လည်း အကျိုအကြား တိတ်တိတ်လေး သွားဖတ်တယ်။  ဒါဟာ သူတို့ က သီးသန့် နေချင်တာပါ။ သီးသန့် ကမ္ဘာလေးကို လိုချင်တာပါ။ စာကြည့်တိုက် မှာ လွတ်လပ်စွာ နေထိုင်လို့ ရပါတယ်။ စာဖတ်ချင်လား တီထွင် ဖန်တီးမှု့ လုပ်ချင်လား ? စာကြီးပဲ ဖတ်နေရာတာ ပျင်းနေလိမ့်မယ်။ 3D Puzzle ဂိမ်း ဆော့ဖို့ ကစား စရာများကို ဝယ်ပေးထားပါတယ်။ ၁.မိမိသားသမီး အပေါင်းအသင်းတတ်ဖို့ ဖန်တီးတတ်ဖို့ - လူငယ့်အားမာန်စာကြည့်တိုက် ကို လွှတ်ပါ။ မသွားတတ်ပါက မိဘ ကိုယ်တိုင် လိုက်ပို့ပါ။ အသင်းဝင် ဖတ်ပါ။ ၂.မိမိသားသမီး စာဖတ်အောင် ဆွဲဆော်ငနိုင်ဖို့ - လူငယ့်အားမာန်စာကြည့်တိုက်ကို လွှတ်ပါ။ ၃.တန်ဖိုးရှိသော ဦးနှောက် နှင့် လူသားဆန်မှု အသိတွေ ဖြည့်ဆည်းဖို့ လူငယ့်အားမာန်စာကြည့်တိုက်ကို ကလေးငယ်များ ချီတက်စို့ လေးစားစွာဖြင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လူငယ့်အားမာန်စာကြည့်တိုက်
#Scratch Programming First Batch သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ
Image
အားနည်းချက် အားသာချက် ကိုယ်စီဖြင့် ရှင်သန်နေကြသော အနာဂတ် ပန်းပွင့်လေးများ။
Image
မိမိတို့ ကျေးရွာ အနေဖြင့် ထင်မြင်ယူဆရမည်ဆိုရင် ကလေးငယ်တစ်ယောက် ကျောင်းသားတစ်ယောက်သည် စာတော်လျှင် အားလုံးတော်မည် ဟု ယူဆကြသည်။ စာတော်သည့် ကလေးသည် မျက်နှာပွင့်သည်။ လူချစ် လူခင် ပေါများသည်။ လမ်းမှာ အများဆုံး နှုတ်ဆက်ခံရသည်။ တစ်ဖက် က စာမတော်သည့်ကလေး သည် သုံးစားလို့ မရ ပုံစံဖြင့် ကလေးတစ်ယောက် သိမ်ငယ်စိတ် အငုံစိတ်သည် ကြီးမားလာသည်။ ငါသည် စာမတော်ဖူး။ ငါကို အရေးလုပ်ပြီး နှုတ်မဆက်ဘူး။ ငါသည် အရာမဝင်ဘူး အရေးမပါဘူး အစသဖြင့် ကလေးတစ်ယောက် စိတ်ထဲမှာ စွဲမြဲ စွာဝင်ရောက်သွားပါသည်။ ကလေးတိုင်း တော်ကြပါသည်။ မတော်ကြသည်မှာ လူကြီး မိဘများ၏ အတ္တများဖြစ်ပါသည်။ ဖြူစင်သည့် အတ္တ ဆိုပေမည့် မိမိတို့ ကလေးကို နှုတ်အားဖြင့် အမူအရာအားဖြင့် နေ့စဉ် သတ်ဖြတ်နေပါသည်။ နင်ဒါလေးတောင် မသိဘူး။ နင့်အကို နင့်အစ်မ ချီးစား(မရိုသေ့စကား) နင့်တို့အတန်းထဲက ဘယ်သူ့ ဖိနပ်ကိုင် အစ သဖြင့် စကားလုံးများဖြင့် ပစ်ပေါက် သတ်ဖြတ်နေတယ်လို့ ကလေးစိတ်ထဲမှာ စွဲမြဲသွားပါသည်။ ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်ကြသည် ဘယ်သူ့သား ဘယ်ဝါ့သား ဖြင့် ဘယ်လောက်တော်တာ. နင် ဖြင့် ဖျင်းတာ။ တကယ်တော်စေချင်တာ တတ်စေချင်တာလား မိမိတို့ သားသမီးအတွက် ဂုဏ်ယူချင်တာလား? တစ်ယောက် နှင့် တစ်ယေ...
Scratch Programming First Batch သင်တန်း ပြီးဆုံးသွားခြင်း နှင့် သင်တန်းသူသင်တန်းသားများ မှတ်ချက် စကားများ
၁. မောင်ပြည်စုံအောင် ( ကိုးတန်း - ၁၅ နှစ် ) Scratch Programming သင်တန်းအတွက် မှတ်ချက် - ဂိမ်းတွေဖန်တီးရတာပျော်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ- ယဉ်ငြိမ်းသူ ၂. မောင်သုခအောင် ( ၈ တန်း -၁၃ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက် - ကိုယ်ဖာသာ ကိုယ်တီထွင်ရတဲ့ နေရာတွေ ကိုကြိုက်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ -ဟိန်းဝင်းထွဋ် - ၃. Kaung Htet ( ၇ တန်း - ၁၂ နှစ် )- ပျက်ကွက် ၄. ငြိမ်းရတနာဇော် ( ရှစ်တန်း - ၁၃ နှစ် Scratch Programming သင်တန်းအတွက် မှတ်ချက်-) မမျိုးသီရိဝင်း က စိတ်ရှည်ရှည် သင်ပေးတယ်။ ကိုယ်မလုပ်ဖူးတဲ့ ဂိမ်းတွေ လုပ်ရတာ ပျော်တယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ-စောသဉ္ဇာလွင် ၅.ပိုးအိသိန်း(ဆယ်တန်း - ၁၆ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက်- တစ်ခါတစ်လေမှားတယ် ကိုယ်လုပ်လိုက်တာ ရပေါ့ပျော်တယ်။ မလုပ်ခင်က မှားသွားမှာ ကြောက်တယ် -အွန်လိုင်း စာမေးပွဲ ဖြေရတဲ့ အတွေ့အကြုံ တွေရတယ်။ သင်တန်းတက်ဖို့ အကြုံပြုထားသူ- ။ ရွှေစင်ငြိမ်း ၆.စုမြတ်နိုးဝေ (ဒုတိယနှစ် - ၁၈ နှစ်) Scratch Programming သင်တန်းအတွက် မှတ်ချက်- ဂိမ်းတစ်ခု လုံးရေးနိုင်တဲ့ အခါ ပျော်တယ်။ တစ်ခါမှ ကိုယ်တိုင် မလုပ်...
အိုင်တီခေတ် အင်တာနက်ခေတ်
Image
အိုင်တီခေတ် အင်တာနက်ခေတ် ဒစ်ဂျစ်တယ်ခေတ် ဂိမ်းခေတ် ကလေးတွေ ကို Mobile ပေးပြီး ငြိမ်အောင်ထားတဲ့ ခေတ် မှာ သာဝတ္ထိ လူငယ့်အားမာန် စာကြည့်တိုက် မှ မျိုးဆက်သစ် လူငယ်မောင်မယ်တွေ စာလာဖတ်ကြပါတယ်။ အင်မတန် ကြည်နူး ဂုဏ်ယူရတဲ့ မြင်ကွင်းလေးပါ။ စာကြည့်တိုက် ကို စာလာဖတ်ပါ။  လူငယ်တွေ ဦးနှောက် ကို ခါးထောင်းကျိုက် ထားမှ မျိုးဆက်တစ်ခု ကို မြှင့်တင်နိုင်မှာပါ။ လူငယ်များ စာများများ ဖတ်ပါ။ စာကြည့်တိုက်ဆိုတာ ဝင်ခွင့်ြဖေစရာမ လိုတဲ့ တက္ကသိုလ် တစ်ခု ပါ။ ယာယီတွဲဖက် စာကြည့်တိုက် မှူး နာမည် - မမအေးမိုးမိုးမြင့်ပါ။ တက္ကသိုလ် ကျောင်းသူ မဖြစ်ခင် ကတည်း က Volunteer အနေဖြင့်ဝိုင်းကူနေခဲ့တာ ယခု တက္ကသိုလ် ပိတ်ရက်တွင်လည်း လာရောက်ကူညီဆဲ ဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ နောက်တစ်ယောက်ကနော့ ၂၀၁၄ ခုနှစ် စာကြည့်တိုက်ကော်မတီဝင်များ နှစ်သက်ဆု ရရှိထား တဲ့ မဆုမြတ်နိုးဝေပါ။ မြို့ပြ အင်ဂျင်နီယာ ကျောင်းသူတစ်ယောက် ဖြစ်သော်လည်း စာာက်ည့တိုက်မှာ လာရောက် ကူညီ သင်တန်းတက်နေဆဲပါပဲ။ စာကြည့်တိုက်ဟာ လူငယ်တွေ ပြုစုပျိုးထောင်ပေးနေတဲ့ ဘူမိနဿ နေရာ မှန် တစ်ခုပါ။ PhotoCredit:@သာဝတ္ထိလူငယ့်အားမာန်စာကြည့်တိုက်မှူး လေးစားစွာဖြင့့််သတင်းနှင့်ပြန်...