Posts

Showing posts from October, 2014

နန္ဒသိန်းဇံ

တစ်ချိန်က ရွက်ဝါတွေ မောမောဟိုက်ဟိုက်ဝဲယိုင် လွင့်မျှောနေတတ်သည့် ချောင်းရေပြင်တွင် စာရေးခဲ့ဖူး၏ မိုးထိအောင် လှေကားထောင်၍ တိမ်အရုပ်ကို ဖမ်းဆုပ်ဖို့လည်း စိတ်ကူးခဲ့ဖူး၏ အခု……. လူ့ဘဝဟူသည် ရွက်ကြွေလိုလွင့်မျောခြင်း အမှန်တရားဟူသည် ရေစီး၌ စာရေးခြင်း ဒဿနဟူသည် တိမ်အရုပ်ကို ဖမ်းဆုပ်ခြင်း မျှသာ………                              နန္ဒသိန်းဇံ

အာစရိယပူဇော်ပွဲ

Image

ဒီအိမ်ကလေးကတော့ သာဝတ္ထိရွာက အိမ်ကလေးပါ

Image
ဒီအိမ်ကလေးကတော့ သာဝတ္ထိရွာက အိမ်ကလေးပါ ဦးမြင့်တိုး+ဒေါ်လှလှတို့အိမ်ကလေးပါ(နာမည်လွှဲပါ) ဒီအိမ်ကလေးကတော့ဇာတ်လမ်းလေးအနည်းငယ်ရှိပါတယ် ဒီမိသားစုအိမ်ထောင်စကျခါစတုန်းကအမျိုးသားကသိပ်အလုပ်မလုပ်ပါဘူး အနည်းငယ်စီးပွားရေးကလည်းမပြေလည်ပါဘူး တစ်ညနေရောက်တော့ အမျိုးသမီးက ဟင်းစားမရှိလို့ လင်ယောက်ျားဖမ်းထား တဲ့ငါးအရှင်တွေ ကိုချက်စားလိုက်မိတယ် အဲဒီမှာလင်ယောက်ျားကပေါက်ကွဲပြီးမိန်းမကို ချက်ထားတဲ့ငါးတွေကိုပြန်ရှင်အောင်လုပ်ခိုင်းပါတယ် ငါးတွေမရှင်မချင်း မိန်းမကိုရိုက်ပါတယ် အဲဒါနဲ့မိန်းမကစိတ်ဆိုးပြီး အိမ်ပေါ်ကနေဆင်းသွားပါတယ် အဲဒီအချိန် မှာ လသားကလေးအရွယ် သားလေးတစ်ယောက်ထွန်းကားထားပါတယ် အမျိုးသမီး ကလည်းပြတ်သားပါတယ် ကလေးငယ်ပါရင်လိုက်ခေါ်မှာမို့ ကလေးငယ်ရောယောက်ျားပါပစ်သွားပါတယ် တစ်နေ့အဲဒီကလေးငယ် နဲ့အလုပ်အတူတူလုပ်ကရင်းစကားစပ်မိပြော သူ့အကြောင်းကိုယ့်အကြောင်းပြောမိကြ တာပေါ့ ကလေးငယ်က ရိုးသားပါတယ် အလုပ်လည်းအရမ်း လုပ်နိုင်ပါတယ် ဒါကြောင့် ကျွန်တော့အမျိုးတွေ အိမ်မှာ သူ့အတွက် စားအိမ်သောက်အိမ်လည်းဖြစ်လာပါတယ် ဒီလိုနဲ့ မင်းရည်ရွယ်ချက် ရှိလားလို့ မေးမိပါတယ် မဆိုင်းမတွပါပဲ ရှိပါတယ်တဲ့ ကျွန်တော် အ...

မေတ္တာငတ်မွတ်လို့သေဆုံးကြသူတွေ

မေတ္တာငတ်မွတ်လို့သေဆုံးကြသူတွေ ဒီနေ့ကမ္ဘာမှာ အကြီးအကျယ် အဆိုးဝါးဆုံးရောဂါဟာ တီဘီလည်းမဟုတ်ဘူး အနာကြီးရောဂါလည်းမဟုတ်ဘူး နှစ်သက်လိုလားသူမရှိတာ မေတ္တာထားခြင်းကြည့်ရှုစောင့်ရှောက်ခြင်းကင်းမဲ့တာ ပေယျာလကန်အပြုခံရတာတွေပဲ ကိုယ်ကာယရောဂါတွေကို သာမန်ဆေးဝါးများပေးလို့ရပေမယ့် အထီးကျန်းခြင်း စိတ်ပျက်အားလျော့ခြင်း မျှော်လင့်ချက်ကုန်းဆုံးခြင်းဝေဒနာကိုတော့ မေတ္တာတရားနှင့်သာကုစားနိုင်ပါတယ် ဒီနေ့ကမ္ဘာမှာ ပေါင်မုန့်တစ်ဖဲ့အတွက်အသက်ငင်နေသူတွေ အမြောက်အမြားရှိနေတာမှန်သလို မေတ္တာအကြင်နာလေး မနည်းနည်းလေးမှ မခံစားရလို့ သေဆုံးကြမယ့်လူတွေကလည်း ဒု နဲ့ဒေးပါ မာသာထရီဇာ

လူတိုင်းအတွက် နှစ်ဆယ့်လေး

လူတိုင်းအတွက် နှစ်ဆယ့်လေး   စက္ကန့်ခြောက်ဆယ် တစ်မိနစ်၊မိနစ်ခြောက်ဆယ်တစ်နာရီ           နှစ်ဆယ့်လေးနာရီတစ်ရက်၊ မူလတန်းစာမျက်နှာပေါ်မှာ           ဆရာမသင်ကြားမှု၊ခုထိမှတ်မိနေတယ်။   ဟုတ်ကဲ့-           ဗိုလ်ဆန်ဆန် ပြောကြည့်ရရင်ပေါ့           မတွမ်တီဖိုးအာဝါတဲ့           ဒါလူတိုင်းအခမဲ့ရရှိတဲ့အချိန်           အဲဒီအပေါ်မှာလေးစား           တန်ဖိုးထားအသုံးပြုသူတွေဟာ           လူများစွာအပေါ် ခေါင်းတစ်လုံးမြင့်           ပွဲလယ်တင့်တာ မငြင်းနိုင်ဘူး           အမေရိကန်သမ္မတ လင်ကွန်းဟာ       ...