(02-05-2018) ဆရာကြီး ဦးမြကြိုင် ပညာဒါန သင်တန်းသားများ သင်ကြားသည့် အင်္ဂလိပ်စာ သင်တန်း တတိယနေ့
****************************************************************************************************************
အလွဲလွဲအချော်ချော်ဖြင့် စတင်လိုက်တာ မတ်လ ၃ ရက်နေ့ဆိုလျှင် သင်တန်း သင်ကြားရက်သည် စတုတ္တနေ့ မြောက် ရှိခဲ့ပါပြီ။
လာရောက်သင်ကြားမည့် ဆရာမ သည် နှစ်ယောက်သွားမည် ဖြစ်သော်လည်း နားလည်မှု လွှဲမှားပြီး ကားလက်မှတ် တစ်စောင်ပဲ ဖြတ်ပေးခြင်း။
သင်ကြားဖွင့်လှစ်မည့်နေရာသည် အစမတိုင်ခင် တစ်နေရာ စီစဉ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယခုနေရာသို့ အစောတလျှင် စီစဉ်ရခြင်း။
စတင်စာရင်းသွင်းထားသည့် ကျောင်းသူ ကျောင်းသားအရေအတွက်သည် အယောက် (၈၀) စာမှန်းပြီး စာအုပ်စာတမ်းစီစဉ်ထားသော်လည်း တကယ် တန်းတွင် အယောက် (၁၄၀) ခန့် ဖြစ်သွားခြင်း၊။
လွှဲချော်မှုများမှ ဝမ်းသာစရာ သတင်းကောင်းသည် သာဝတ္ထိကျေးရွာ အနီးမှ ကျောင်းသား ကျောင်းသူ ဆယ်ယောက်ခန့် သည် ညအိပ် လာရောက်ပြီ ကွန်ပျူတာသင်တန်း၊အင်္ဂလိပ်စာသင်တန်း တက်ရောက်ကြသည်ကို သိရ၍ များစွာ ဝမ်းသာမိပါသည်။
တန်ဖိုးသိပြီး တန်ဖိုးထားတတ်ကြပါစေ။
(၄တန်း ၅ တန်း ၆ တန်း သင်တန်းသားများ သင်ကြားမှု ပုံရိပ်ဖြစ်ပါသည်)
လေးစားစွာဖြင့်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
သာဝတ္ထိရွာ။
Comments
Post a Comment