ရွှေဘိုမြောက်ခြမ်း လူငယ်စာကြည့်တိုက်လေးသို့
“စာအုပ်စာပေ လူ့မိတ်ဆွေ” “စာဖတ်သည့်လူမျိုးသည် တိုးတက်၍ တိုးတက်သည့် လူမျိုးသည် စာဖတ်သည်” ဟု ဆောင်ပုဒ်များစွာကို စာကြည့်တိုက်တော်တော်များများတွင် ချိပ်ဆွဲထားကြပါသည်။ စာပေဧ။် တန်ဖိုးသည် ကြီးမားပါသည်။ စာပေ အဆင့်အတန်း စာပေ လက်ရာသည် လူမျိုးတစ်မျိုးဧ။် အဆင့်အတန်းကို လှစ်ဟ ပြနေပါသည်။ ဆရာမြသန်းတင့် ဘာသာပြန်ဆိုထားသော ဧကရာဇ်တို့ဧ။် ဘဏ္ဍာတိုက်များ ဘာသာပြန်စာအုပ်တွင် “လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေလျှင် ပိုက်ဆံကိုဒီလောက် မက်မောနေလျှင် ဒီလူမျိုးဟာ ကြာရှည်ခံမှာ မဟုတ်ဘူး” ဟု ဖတ်ရှု မှတ်သားရပါသည်။
ဖတ်ရှုခြင်းနှင့်အတူ စာပေလက်ရာများအလေးထားမှု တန်ဖိုးထားမှု အားပေးမှု မြေတောင်မြောက်မှု အစသဖြင့် ဆက်လက်တွေးခေါ်လိုက်ရာ တော်တော် ရင်မောမိပါသည်။ ယခင့် ယခင် ရေးသားခဲ့ကြသော စာရေးဆရာကြီးများမှ လွှဲ၍ နောင်းခေတ်လူငယ်လက်သစ် စာရေးဆရာသစ် ကလောင်သစ်များမှာ တော်တော် ရှားပါးသည့် အရာများ ဖြစ်နေပါပြီ ထင်မြင် ယူဆမိပါသည် ။ ခေတ်အဆက်အဆက် ကလောင်သစ်တို့
စာပေလက်ရာ သွေးဖို့ ကလောင်သွေးဖို့ လည်း ရှားပါးနေပါလိမ့်မည်။ အိုင်တီ ခေတ် ဆိုရှယ် ခေတ် အစသဖြင့် ခေါ်ဆိုနေကြပြီး လူတိုင်းသည်လည်း ထိုခေတ်ပေါ်တွင် စီးမျှောနေလျှက်ရှိပါသည်။ စာဖတ်ဖို့ တသွင်သွင် အော်ဟစ်နေပါသော်လည်း လူတိုင်းနီးပါးသည် facebook twitter instagram ပေါ်တွင် အသုံးပြု လျှက်ရှိနေပါသည်။ နည်းပညာ သတင်း ဗဟုသုတ အတိုင်းအတာ အားဖြင့် အကျိုးပြုပါသည်။ အွန်လိုင်း အိုင်တီသင်တန်းများ ဘာသာစကား သင်တန်းများ အစသဖြင့် လေ့လာရန်အတွက် အင်တာနက်သည် အင်မတန်မှ အသုံးဝင်ပါသည်။
သို့ပါသော်ငြားလည်း တစ်ဖတ်တွင် စာဖတ်မှု အလေ့အကျင့်သည် တော်တော်များများ စာအုပ်ကိုင်၍ ဖတ်ရှုခြင်းကို နှစ်သက်ကြပါသည်။ comuter tablet Mobile ဖြင့် စာပေဖတ်ရှုပါက ဇာတ်ကြောတတ်ခြင်း အလင်းပြန်ခြင်း မျက်ရည်ပူကျခြင်း အစဖြင့် မျက်စိကျန်းမာရေးအရ အခက်အခဲများ ရှိနိုင်ပါသည်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆီဖြင့် ဖတ်ရှုနေကြပါသည်။ မည်သို့ပင် ဆိုစေကာမှု စာပေ ဖတ်ရှုမှုကို စာအုပ်ဖြင့် သော်လည်းကောင်း အီလက်ထရောနစ် ဖြင့် ဖတ်ကြားမှု သော်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် တိုက်တွန်းရပေလိမ့်မည်။ ဖတ်ရှုမှု မှ တစ်ဆင့် အသိဉာဏ် ဗဟုသုတ ဆီသို့ ရသ ဆီသို့ လည်းကောင်း ၊ တစ်ချို့ စာဖတ်သူများသည် ဖတ်ရှု လေ့လာမှု မှ ကဗျာဆရာအဖြစ်သို့ လည်းကောင်း ဆောင်းပါးအဖြစ် ဝတ္ထုတို ဝတ္ထုတို အရှည် ဖြစ် ပြောင်းလဲကာ စာရေးဆရာ ကဗျာဆရာအဖြစ်သို့ ပြောင်းလဲ တိုးတက်သွားကြလေသည်။
ထိုသို့ သုတ၊ရသ စာပေ ကဗျာ ဆောင်းပါး ဝတ္ထုတို ဝတ္ထုရှည် သတင်းအစသဖြင့် ရေးသားရန်အတွက် ဖတ်ရှု လေ့လာရန်အတွက် စာပေဘုံဗိမ္မာန် စာပေဘဏ္ဍာတိုက် စာပေအိုအေစ် စာပေ အတွက် သိုမှီးရာ ဖြစ်သော ပြည်သူ့ စာကြည့်တိုက်များ ပြန်ဆက် စာကြည့်တိုက်များ ကိုယ်ပိုင် စာကြည့်တိုက်များ တက္ကသိုလ်စာကြည့်တိုက်များ ကျောင်းစာကြည့်တိုက်များ အသီးသီး တိုးတက်လာမှသာ ခေတ်တစ်ခေတ်ဧ။် စာပေ အလှ စာပေ လက်ရာ လူမျိုးတစ်မျိုးအတွက် မှတ်တမ်း လက်ရာများ ကျန်ရှိပါလိမ့်မည်။ သို့တည်း မဟုတ်ပါက မှေးမှိန်း ပျောက်ကွယ်မည်ဖြစ်သော ခေတ်တစ်ခေတ်ကို ရင်ဆိုင်ရပေလိမ့်မည်။ ထိုအချက်ကို ကောင်းစွာ သဘောပေါက် နားလည်ကြသော စာပေဝါသနာရှင်များ ကဗျာဆရာများ စာရေးဆရာများ စာပေချစ်သူများက စာကြည့်တိုက်များ ရှင်သန်အောင် ကျောင်းစာကြည့်တိုက်များ အသက်ဝင်အောင် ကြိုးစားနေလျှက်ရှိပါသည်။ နိုင်ငံတော်မှ လည်း ၂၀၁၇ ခုနှစ်တွင် တိုင်းဒေသကြီး အသီးသီးတွင် ကလေးစာပေပွဲတော်များကို အရှိန်အဟုန်ဖြင့်ပြီးတိုးမြှင့် ဆောင်ရွက်နေသည်ကို မီဒီယ အသီးသီးမှ တွေ့မြင် ဖတ်ရှု ရပါသည်။ ထို့အပြင့် ၂၀၁၈ ခုနှစ် မေလ ၃ရက် ၁၇ ကြိမ် မြောက် အရှေ့တောင်အာရှစကြည့်တိုက်မှူများ ညီလာခံတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကားပြောကြားသွားပါသည်။ အဖွင့်အမှာစကားအနှင့်အတူ
စာကြည့်တိုက်ဆိုတာ
“စာကြည့်တိုက်ဆိုသည်မှာ ပျော်ရွှင်နှစ်လိုဖွယ် နေရာ တစ်ခု၊ ထူးဆန်း အံ့သြဖွယ် ကောင်းသည့် ဝန်းကျင် တစ်ခုဖြစ်ပြီး စိတ်ကူးယဉ် နိုင်ပါသေးကြောင်း၊ စာဖတ်ခြင်းကြောင့် တွေးခေါ်မြော်မြင်မှု များ၊ မျှော်လင့်ချက် များနှင့် စိတ်ကူးများကို ပိုမို အားကောင်း လာနိုင်စေပါကြောင်း။
စာဖတ်ခြင်းသည် ကလေးတစ်ယောက်၏ ဘဝတွင် လေ့လာစရာများကို လေ့လာ ပြီး အောင်မြင်မှုရရန် အတွက် အခြေခံအကျဆုံး အရည်အသွေး များကို ပေးစွမ်းနိုင်ပါ ကြောင်း၊ စာဖတ်သည့် အလေ့အထကို ကလေးများရရှိရန် ငယ်ရွယ်စဉ်ကတည်းက စပြီး လေ့ကျင့်ပျိုးထောင်ပေး သင့်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ လူ့ဘောင် အသိုင်းအဝိုင်းအတွင်း ကျောင်းစာကြည့်တိုက်များ တိုးပွားလာရေးနှင့် စာကြည့်တိုက် အသုံးပြု တတ်ကြစေရေး လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာရေး သည် စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ရုံသာမက ကျောင်းသူကျောင်းသား လေးများ စာပေ၊ လူမှုရေး သိပ္ပံ၊ သမိုင်းနှင့် လူ့သဘောသဘာဝအကြောင်းများကို ချစ်မြတ်နိုးတတ်လာစေရေး စာကြည့်တိုက်များက လေ့ကျင့်ပျိုးထောင် ပေး ရန်လို ပါကြောင်း။
အားပေး ချီးမြှောက်သွားပါသည်။ ထိုနှင့်အတူ မိမိတို့ သည်လည်း မိမိတို့ တတ်နိုင်သည့် ရှုထောင့်မှဖြင့် ကြိုးသွားမည်ဆိုပါက ယဉ်ကျေးမှု စိတ်ဓာတ်ခွန်အား မြင့်မားသော ပတ်ဝန်းကျင်ကောင်းတစ်ခု မလွှဲမသွေ ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောနှင့် မြင့်မားသော စာပေ အဆင့်အတန်း စာပေလက်ရာမွန် များကို ဖတ်ရှု မှတ်တမ်းတင်နိုင်လိမ့်မည်။ သို့ပါသောကြောင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေချစ်သူများလိုအပ်သလို နိုင်ငံတော်မှလည်း ထောက်သင့်အားလျှော်စွာ ပံ့ပိုးမည်ဆိုလျှင် ပိုမိုတိုးတက်မြင့်မာလာမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ စာကြည့်တိုက်တစ်တိုက်ဖွင့်လှစ်ခြင်းသည် ထောင့်တံခါးတစ်ချပ်ပိတ်ခြင်းနှင့် တူပေသည်ဟု ဆရာ ကြီး ဦးအောင်သင်း ပြောကြားခဲ့သည်ကို ဖတ်ရှု မှတ်သားဖူးပါသည်။ စာကြည့်တိုက်တစ်တိုက် ဖွင့်လှစ်ဖို့ လွယ်ကူပါသည်။ သို့သော် ရေရှည်တည်တ့ံ့ဖို့ ခက်ခဲပါလိမ့်မည်။ ဘီငါးလုံးဖြင့် ပြည့်စုံအောင်ကြိုးစားနေပါသည်။
စာကြည့်တိုက် သမားများသည် မဖွင့်လှစ်ခင်က ဖွင့်လှစ်နိုင်ဖို့ ကြိုးစားရသလိုဖွင့်လှစ်ပြီးတော့လည်း ရေရှည်ရပ်တည်နိုင်အောင် ကြိုးစားရပါသည်။ ကျွန်တော်တို့ စာကြည့်တိုက်သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်းမှာ တည်ရှိပါသည်။ စာကြည့်တိုက်များသည် တစ်လ နှစ်လ စတင်ဖွင့်လှစ်ပြီး လည်ပတ်နိုင်ခဲ့သော်လည်း ရေရှည်တစ်နှစ် နှစ်နှစ် မှယခုဆိုလျှင် ၆ နှစ်တိုင်တိုင် လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။
အလှအတွက် မှန်ကြည့်သလို ဘဝအတွက် စာကြည့် စာဖတ်ခြင်းအလုပ်ကို လုပ်ရမည် ဖြစ်ပါသည်။
အသက်အတွက် ထမင်းစားသလို ဉာဏအတွက် စာဖတ်ရပါမည်။
နိဂုံးချုပ် အနေဖြင့် ပြောရလျှင် ကျွန်တော်တို့ စာကြည့်တိုက်မှူး များ စာကြည့်တိုက် လုပ်ဆောင်နေသူမျးသည် မနက်ဖြန် တဖက်ခါ ပွင့်မယ့် ပန်းခင်း ကို စိုက်ပျိုးနေသူများ မဟုတ်ပါ။
တစ်သက်လုံးစာ အစွမ်းကုန်ပွင့်လန်းမည့် ထွန်းထောက်မည့် လူရည်ချွန် လူရည်ကောင်းများ စာရိတ္တ ကိုယ်ကျင့်တရား ကိုယ်ချင်းစာတရားများ ကောင်းမွန်းသော
လူသားအရင်းအမြစ်ကိုပြုစုပျိုးထောင်ပေးသော ဘုံဗိမ္မာန် ဘူမိနက်သန် နေရာအမှန်အစစ်တစ်ခု ဖြစ်နေလျှက်ရှိပါတော့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်
ခင်ဦးမြို့နယ်၊သာဝတ္ထိရွာ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment