ချစ်စရာ စာကြည့်တိုက်ကလေး (ဖေမြင့်)


အခါအခွင့်သင့်၍ နိုင်ငံရပ်ခြားသို့ အခိုက်အတန့်ရောက်ရှိသည့်အခါတိုင်း စာကြည့်တိုက်များ၊ စာအုပ်ဆိုင်ကြီးများသို့ ကျွန်တော်အပြေးအလွှားသွားရောက်လေ့ရှိသည်။ တိုင်းတစ်ပါးတွင် စိတ်ဝင်စားစရာတွေ ပေါများလှပါသည်။
သို့သော် ထူးခြားသည့်အရာမှန်သမျှကို လိုက်လံမောနေဖို့ မဖြစ်နိုင်ရာ၊ ရရှိသည့်အချိန်ကလေးတွင် မိမိနှင့် အသက်ဆိုင်ဆုံးကဏ္ဍ၌ အာရုံစိုက်ရခြင်းဖြစ်သည်။ စာကြည့်တိုက်နှင့် စာအုပ်ဆိုင်အနက် စာအုပ်ဆိုင်ကို ကျွန်တော် ပိုသဘောကျသည်။ အကြောင်းက ကိုယ့်မှာပါသောငွေကြေးနှင့် တိုင်းတာကာ အနှစ်သက်ဆုံး စာအုပ်တချို့ကိုတော့ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်သည်။ စာကြည့်တိုက်မှာမူ ကိုယ်က ခဏတစ်ဖြုတ်လာသည့် ဧည့်သည်ဖြစ်ရာ တစ်အုပ်တလေ ငှားရမ်းဖတ်ရှုဖို့ပင်မဖြစ်နိုင်။ မြောက်မြားလှစွာသော စာအုပ်စာတမ်းများကို ပြပွဲတစ်ခုကြည့်သလို တအံ့တဩဝေးမောကြည့်ရှုရင်း စိတ်ထဲမှာ အမြဲမသက်မသာခံစားရလေ့ရှိသည်။
မည်သို့ဆိုစေ တစ်လောက စင်ကာပူနိုင်ငံသို့ရောက်သည့်အခါ မှာလည်း စာအုပ်ဝါသနာပါသော လူငယ်လေးများနှင့်အတူ အမျိုးသား စာကြည့်တိုက်ကြီးသို့သွား၍ ကြည့်ရှု ဖြစ်ပြန်ပါသည်။ စာကြည့်တိုက်က အထပ်တွေများလှသည်။ တစ်ထပ်စီ မှာလည်း စာအုပ်တွေ အမြောက် အမြား၊ သည်စာအုပ်တွေကို လှန်လှောကြည့်ရှုနေနိုင်သော အခြေ အနေမရှိ။ သို့သော် ရောက်တုန်း ရောက်ခိုက် အထပ်စုံအောင် တက် ကြည့်ဖြစ်သည်။ စာအုပ်စင်တွေ တစ်မျှော်တစ်ခေါ်ရှိသည့်ခန်းမကြီး များကို အပြေးအလွှားတစ်ပတ်ပြည့် အောင် ပတ်ကြည့်သည်။ စာအုပ်စင် တွေ ဘေးက ပတ်လျှောက်ရင်း စင်မှာ ရေးထိုးထားသည့် ဘာသာရပ် အမည်တွေဖတ်ကြည့်ကာ ပိုစိတ် ဝင်စားမိသော စင်တစ်ခုတလေမှ စာအုပ် တစ်အုပ်တလေလောက် ကောက်ဆွဲ ကြည့်မိသည်။ ခြေ ထောက်ညောင်းလျှင် တစ်နေရာမှာ ထိုင်ကာ လက်သင့်ရာစာတစ်အုပ် ကိုကိုင်ရင်း စာကြည့်တိုက်၏ခေတ်မီ သစ်လွင်သော အခင်းအကျင်း အဆင်အပြင်များကိုကြည့်ရှုသည်။ သည့်နောက်တွင်တော့ စာကြည့် တိုက် သုံးစွဲပုံ၊ စာအုပ်ငှားရမ်းပုံ၊ ပြန်အပ်ပုံစသည်များကို ဗဟုသုတ အလို့ငှာ မေးမြန်းမှတ်သားခဲ့ပြီးလျှင် ကိုယ်နှင့်မဆိုင်သောကိစ္စကို ခပ်မြန် မြန် သံယောဇဉ်ဖြတ်ကာ စာကြည့် တိုက်ထဲကထွက်လာခဲ့မိသည်။
သို့သော် ..
စင်ကာပူနိုင်ငံမှာပဲ ကျွန်တော့် မိတ်ဆွေများနေထိုင်ရာ ရပ်ကွက်ရှိ နယ်မြေစာကြည့်တိုက်ကလေးသို့ ရောက်သည့်အခါ၌မူ ကျွန်တော် အတော်ပင် ကြည်နူးသွားမိသည်။ မြို့လယ်ကောင်က အထပ်ပေါင်း များစွာမြင့်သည့် စာကြည့်တိုက်ကြီးကို တစ်ခေါက်ရောက်ခဲ့ဖူးသဖြင့် နည်းနည်းဘဝင်မြင့်ချင်နေသော ကျွန်တော့်မျက်စိထဲတွင် သည်စာ ကြည့်တိုက်က သေးသေးလေးဖြစ် နေသည်။ သို့သော် တကယ်ကမူ အထပ်သုံးထပ်ပါသည့် အဆောက် အအုံတစ်ခုဖြစ်ပါသည်။ အပေါ်ဆုံး ထပ်မှာ ပြပွဲ၊ ကပွဲ၊ ဆွေးနွေးပွဲ စသည်များကျင်းပသည့်အခန်းများ ရှိပြီး အောက်နှစ်ထပ်က စာအုပ်စင် များ စာဖတ်ခန်းများဖြစ်သည်။
အောက်ဆုံးထပ်မှာရှိသည့် ကလေးသူငယ်များဆိုင်ရာ စာအုပ် ခန်း၊ စာဖတ်ခန်းများဘက်သို့ ကျွန်တော်အရင်ဝင်ကြည့်ဖြစ်သည်။ ပထမဆုံး သတိပြုမိလိုက်သည်က ဆေးရောင်စုံခြယ်ထားသော တိုက် ကလေးများပုံစံ ပြုလုပ်ထားသည့် စာအုပ်စင်ကလေးများ ဖြစ်သည်။ ကလေးတစ်ရပ်သာသာလောက်ရှိ သည့် စင်အိမ်ကလေးများတွင် စာအုပ်တွေ အစီအရီထည့်ထား သည်။ စာအုပ်စင်များမှာ စာအုပ် အမျိုးအစားများအပြင် ၎င်းစာအုပ် များနှင့် အဓိကသက်ဆိုင်သော အသက်အရွယ်ကိုလည်း ရေးထိုးထားသည်။ အသက်အငယ်ဆုံးက 0-4 (ဇီးရိုး-တူ-ဖိုး) တဲ့။ ၄ နှစ်အောက်ကလေးများအတွက် စာအုပ် များ။ အသက်သုညဆိုသည်က အမိ ဝမ်းတွင်းမှ ကျွတ်အံ့ဆဲဆဲဖြစ်သည်။ ကျွတ်လျှင် သုညထက်ကျော်ပြီ။ အဲဒါဆိုလျှင် သည်စာအုပ်စင်စာအုပ်ခန်းနှင့် သက်ဆိုင်ပြီ။ သို့သော် ( သုညတင်းတင်း မပြည့်သေးသူတစ်ယောက်လည်း သူ့အစ်ကိုအစ်မများ နှင့်အတူ အမိဝမ်းတွင်းမှလိုက်ပါကာ စာအုပ်စင်တွေကြား လျှောက်သွား နေတာ သတိပြုမိသည်။ တစ်နှစ် မပြည့်တပြည့် ကလေးတစ်ယောက် ကတော့ ကုလားထိုင်ပေါ်မှာရပ်ကာ ( ပါးစပ်က ဝူးဝူးဝါးဝါး အော်ရင်း ( ကွန်ပျူတာခလုတ်တွေလျှောက်နှိပ် နေသည်။ စင်အိမ်ကလေးများအနီး ရှိ ဆေးရောင်စုံမီးရထားတွဲကလေး ပေါ်တွင် ကလေးနှစ်ယောက်၊ သုံး ယောက်စာထိုင်ဖတ်နေကြသည်။
စာအုပ်သမားလေးတချို့ စင်ပေါ်က စာအုပ်တွေဆွဲယူနေကြတာ တွေ့ရသည်။ စာအုပ်တွေကိုဖတ်သူ က ဖတ်၊ လျှောက်လှန်သူက လှန် နေသည်။ ကလေးတစ်ယောက်က စာအုပ်ကို တစ်ရွက်ချင်းလှန်ပြီး ရုပ်ပုံတွေကို လက်ညှိုးထိုးကာ တစ် ကိုယ်တည်း တီးတိုးရေရွတ်ဖတ်ရှုနေ သည်။ သူ့စာအုပ်မှာ စာမပါ။ ရုပ်ပုံ တွေချည်းဖြစ်သည်။ ကလေးတစ်ယောက်ကတော့ သူစောစောက စင်များပေါ်မှ ယူ၍ကြည့်ခဲ့သည့် စာအုပ်တစ်ထပ်ကိုဖတ်ပြီး စာအုပ် များပြန်ထည့်ရန်ဟု စာတန်းထိုးထားသည့် ပုံးကြီးထဲသို့ တစ်အုပ်ပြီး တစ်အုပ်ထည့်နေသည်။ စာကြည့် တိုက်များထုံးစံအတိုင်း သည်စာအုပ် တွေကို နောက်တော့မှ စာကြည့် တိုက်ဝန်ထမ်းများက သက်ဆိုင်ရာ စင်အသီးသီးရှိ ゞင်းတို့နေရာများမှာ အစီအစဉ်တကျ ပြန်ထားပေးကြ မည်ဖြစ်သည်။ ။
0-4 ရှိသလို 5-6 ရှိသည်၊ 5-9 ရှိသည်၊ 10-12 ရှိသည်။ ပြီးလျှင် သူတို့ထက်ကြီးသွားသည့် ကလေး များ၊ လူငယ်များအတွက် 13-19 လည်းရှိသည်။
ကလေးတွေအတွက် သိလို သမျှ ဖြေကြားပေးနေသည့် စာအုပ် အကြံပေး စာကြည့်တိုက်မှူးလည်း ရှိသည်။ ဘယ်စာအုပ်ဖတ်ရမှန်း မသိသူကို လမ်းညွှန်သည်။ ဘယ် စာအုပ်မျိုး ဖတ်ချင်သည်ဆိုသူကို ရှာဖွေပေးသည်။ ကျောင်းက ဘယ် ခေါင်းစဉ်ဖြင့် စာစီစာကုံးရေးခိုင်း လိုက်သည်၊ အဲဒါ ဘယ်စာအုပ်တွေ ဖတ်ရမလဲ မေးလာသူအားလည်း ဘယ်စာအုပ်၊ ဘယ်စာအုပ်ကို ဖတ် ဟူ၍ ရွေးချယ်ငှားရမ်းပေးသည်။
ကလေးငယ်များကို ရုပ်ပုံတွေ ချည်းပါသော စာအုပ်၊ တစ်မျက်နှာ လုံးမှာ စာတစ်ကြောင်းနှစ်ကြောင်းလောက်သာပါသည့် စာအုပ်တွေ ဖတ်စေပြီးသော် လူကြီးမိဘများ သိ မှတ်ယုံကြည်ထားသည့် အသိသညာ များ၊ ကောင်းသည်မှန်သည် လိုက်နာ ကျင့်သုံးအပ်သည်ဟုခံယူထားသော အယူအဆများ ကလေးတို့ဦးခေါင်း ထဲ စိမ့်ဝင်ရောက်ရှိစေမည့် စာများ ကို ရုပ်ပုံများ ဝေဝေဆာဆာဖြင့် စီစဉ် တင်ဆက်ပေးပြန်သည်။ သည်လိုစာအုပ်မျိုးတွေစုဝေးထား ရှိသည့် စာအုပ်စင်အိမ်ကလေး တစ်ခုမှာ ရေးထိုးထားသည့်အမည် က Concept Books for 5-6 Years Old ဟူ၍ ဖြစ်သည်။ Concept ဆိုသည်က စောစောကပြောသည့် အသိအမြင် အမှတ် သညာများဖြစ်သည်။
ဥပမာဆိုပါစို့ ...
စာတစ်ပုဒ်မှာ ဒိုဒို (Dodo) ဆိုသော ငှက်ကြီးတစ်ကောင်ပုံကို ရေးခြယ်ပြထားသည်။ ငှက် (Bird) အမျိုးအစားဖြစ်သော်လည်း လေမှာ မပျံနိုင်။ ကြက်ဆင်ထက် ကြီး သည်။ သို့သော် တောင်ပံက သူ့ ခန္ဓာကိုယ်နှင့်စာသော် သေးသေးလေး။ အမြီးလည်း သေသေချာချာ မရှိ။ ရုတ်တရက်ကြည့်သော် သူ့ပုံ က ကြက်မမြီးတိုကြီးနှင့် တူသည်။ သို့သော် နှုတ်သီးနှင့် ခြေထောက် ကြီးများကတော့ လင်းယုန်လိုလို၊ လင်းတလိုလို။
သည်ငှက်ကြီးအကြောင်းကို စိတ်ဝင်စားအောင် ပြုပြီးသည့် နောက်တွင်မူ ဒိုဒိုကြီးကို တိရစ္ဆာန်ရုံ မှာ သွားကြည့်ရင်တော့ မြင်ရမှာ မဟုတ်ဘူးကွာ၊ ဘာကြောင့်လည်းဆိုတော့ သူ့ခမျာမရှိရှာတော့ဘူး၊ သူ က လေထဲလည်း မပျံနိုင်၊ မြန်မြန် လည်း မပြေးနိုင်တော့ လူတွေ တခြားတိရစ္ဆာန်တွေ နှိပ်စက်သတ် ဖြတ်သမျှ ခံရတာပေါ့။ အခု သူတို့ အမျိုးတွေ တစ်ကောင်မှ မရှိကြတော့ဘူး စသည့်ဖြင့် ရေးသားကာ လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ လောက် က မျိုးပြုတ်သွားသော ဒိုဒိုငှက် ကြီးများအတွက် ကလေးရင်ထဲမှာ နှမြောစိတ်၊ သနားကြင်နာစိတ်ဝင် လာအောင် ဖန်တီးပေးသည်။ ရှား ပါးသတ္တဝါများ မျိုးမပြုတ်အောင် ထိန်းသိမ်းရန်လိုအပ်ပုံ၊ သဘာဝ ပတ်ဝန်းကျင်များ မပျက်စီးအောင် ကာကွယ်စောင့်ရှောက်သင့်ပုံစသည့် လူကြီးများ၏အမြင်အတွေးများကို ဦးနှောက်အသိဉာဏ်ဖြင့် မစဉ်းစား I နားမလည်တတ်သေးမီမှာပင် ကလေး၏ နှလုံးသားက ခံစားနားလည်မိ သွားအောင် ကြိုတင်ပြင်ဆင်ပေး ထားသောသဘောပင်။
Concept စာအုပ်တွေကို စိတ် ဝင်တစား လျှောက်လှန်ဖတ်ရှုရင်း ကလေးများအဖို့ မိမိ ကြီးပြင်း ကျင်လည်ရမည့်လူ့အဖွဲ့အစည်း၏ အမှတ်သညာများ၊ အလေးအနက် ပြုသောအရာ၊ တန်ဖိုးထားသော အရာများ၊ မှန်မှားသိမှတ်ချက်များ နှင့် တစ်စတစ်စ ကျွမ်းကျင်ယဉ်ပါး ခွင့်ရစေပေသည်။
အလားတူ ကလေးများအား ပန်းချီအနုပညာ ခံစားတတ်အောင်၊ ကွန့်မြူးတတ်သောဉာဏ် ရှိလာအောင်၊ သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားတတ်အောင်၊ ကျန်းမာ ရေး၊ လူမှုဆက်ဆံရေး၊ မိသားစုဘဝ စသည်တို့ဆိုင်ရာ အသိဉာဏ် ဗဟု သုတများ တစ်စချင်း ပြည့်ဝလာအောင် ဖြည့်တင်းပေးမည့် စာအုပ် စာတမ်းတွေလည်း အသက်အရွယ် အဆင့်အတန်းအလိုက် စီစဉ်ပေး ထားသည်။ သို့သော် ကလေးတွေ ပိုမိုနှစ်သက်ကြသည်က ပုံပြင်စစ်စစ်များဖြစ်သည်။ ၆ နှစ်မှ ၉ နှစ်အရွယ် ကလေးတွေအတွက် ゞင်းတို့၏ စာ ( ဖတ်နိုင်စွမ်းနှင့်လျော်ညီသည့် ပုံပြင်စာအုပ်ကလေးတွေ၊ ၁၀ နှစ်မှ ၁၂ နှစ်အထိကလေးတွေအတွက် ပို၍ ထူထူထဲထဲရှိလာသည့် ဂန္ထဝင်နှင့် ခေတ်သစ်ပုံဝတ္ထုတွေအများအပြား ရှိနေသည်။
စာအုပ်တွေဖတ်ရှုခွင့်၊ ငှားရမ်း ခွင့်ရအောင် စုစည်းစီစဉ်ပေးထား သည့်အပြင် ကလေးများအတွက် စာဖတ်အရည်အသွေးရော ပေါင်း သင်းဆက်ဆံရေးပါတိုးတက်အောင်၊ ကိုယ်ပိုင်ဉာဏ်ထုတ်သည့် အလေ့ အထရအောင် ဖန်တီးပေးထား သည့် အထူးအစီအစဉ်လေးများ လည်း ရှိသေးသည်။
ဥပမာ - ကလေးအချင်းချင်း ပုံပြင်ဖတ်ပြသော အစီအစဉ်တစ်ခု ရှိသည်။ အသက် ၄ နှစ်နှင့် ၇ နှစ် ကြား ကလေးပရိသတ်အား ゞင်း တို့နှင့် အရွယ်ချင်း မတိမ်းမယိမ်း ရှိသည့် စာဖတ်ကျွမ်းကျင်ပြီးသား ကလေးများက မိမိတို့ နှစ်သက်ရာ ပုံပြင်များကို ဖတ်ပြသည့် ပွဲမျိုးတွေစီစဉ်ပေးခြင်းဖြင့် နားထောင်သူ ကလေးများ၌ ကိုယ်တိုင်ပုံပြင်ဖတ် ချင်စိတ်ဖြစ်ပေါ်အောင် နှိုးဆွပေး သကဲ့သို့၊ ဖတ်ပြသောအဆင့်ရောက် လာသည့် ကလေးများအားလည်း စာဖတ်ဝါသနာ ပို၍ ရင့်သန်အောင် မြေတောင်မြှောက်ပေးခြင်းဖြစ်သည်။
သည်လို ဝိုင်းမျိုးအပြင် စာဝါသနာအိုးလေးများအချင်းချင်း မိမိဖတ်မိနှစ်သက်မိသည့် ပုံပြင်၊ သို့မဟုတ် စာအုပ်ကို အခြားသူများအား လက်တို့အသိပေးရန် စီစဉ် ပေးထားတာလည်း ရှိသည်။ နံရံ ကပ်စာစောင်ကပ်သည့် ကြော်ငြာ သင်ပုန်းမျိုး သေးသေးနိမ့်နိမ့် ကလေးများတွင် စာရွက်ကလေးတွေ ရေးပြီးကပ်ထားကြသည်။ ဘယ်စာ အုပ်ထဲက ဘယ်ပုံပြင် သိပ်ကောင်း တာပဲဟု ညွှန်းသူရှိသည်။ ပုံပြင် ဇာတ်လမ်းကို ပြန်ပြောပြထားသူ - ရှိသည်။ ပုံပြင်စာအုပ်ထဲက ဘယ် - ရုပ်ပုံက သိပ်ကောင်းတာပဲဆိုပြီး ပုံကို ရေးကူးပြထားသူရှိသည်။ သည့် အပြင် ကိုယ့် ဘာ သာစိတ်ကူးရ သည့် ပုံပြင်တို ကလေးများကပ်ရန်နေရာမှာလည်း ပုံပြင်တွေ၊ ရုပ်ပုံတွေ၊ ကာတွန်းတွေတွေ့ ရသေးသည်။ စာရွက်ကလေး များအောက်မှာ အမည်၊ အတန်းနှင့် အသက်တို့ကို ဖော်ပြပေးရသည်။
သူတို့စာရွက်ကလေးတွေ လိုက်ဖတ်ကာ၊ ကလေးများ အား စာဖတ်ဝါသနာသာမက စာရေးဝါသနာ၊ ပန်းချီ ဝါသနာပါ မွေးမြူပေးသည့် အစီ အစဉ်တစ်ခုပဲဟု သဘောကျမိ သည်။
၁၃ မှ ၁၉ ကြား လူငယ်များ အတွက် စာအုပ်ခန်းမှာတော့ စာ အုပ်တွေကို လူကြီးစာကြည့်တိုက် များမှာလို ဘာသာရပ်အလိုက် ခေါင်းစဉ်များတပ်ပြီး ခွဲခြားစီစဉ်ပေး ထားပြီ။ သို့သော် သိပ်တော့ မရင့်သေး၊ မလေးသေး၊ ရသပိုင်းမှာ ပုံပြင်တွေ၊ လူငယ်ဝတ္ထုတွေပါသည်။ သုတပိုင်းမှာလည်း သည်အရွယ် လူငယ်တွေစိတ်ဝင်စားသည့် သိပ္ပံ ဆိုင်ရာ၊ တီထွင်မှုဆိုင်ရာ၊ သတ္တလောက ရုက္ခလောကဆိုင်ရာ၊ အနုပညာ အတတ်ပညာဆိုင်ရာ မိတ်ဆက်စာအုပ်တွေ၊ ကြားအဆင့် စာအုပ်တွေပါသည်။ ဥပမာ - အတ္ထုပ္ပတ္တိစာအုပ်များဆိုလျှင် Biographies ဟု ခေါင်းစဉ်မတပ်သေး။ Famous People ဟူသောခေါင်းစဉ် မျိုးအောက်၌ စုစည်းပေးထား သည်။ မူရင်းစာအုပ်ကြီးများမဖတ် နိုင်သေးမီ ပေါင်းကူးတံတားထိုးပေး သည့် အခြေခံအဆင့်စာအုပ်များ ဖြစ်သည်။ သို့သော် သည်အဆင့်မှာပင် စာအုပ်တွေက ဘာသာရပ် စုံလင်ပြီး ကဏ္ဍဍတစ်ခုစီ၌ အခြေခံ အတွက် လုံလောက်နေပြီဖြစ်ရာ အောက်ထပ် စာဖတ်ခန်းကလေး များတွင် လေးငါးနှစ် ကျင်လည်ခဲ့ သည့် စာဖတ်သမားကလေးတစ် ယောက်အနေနှင့် အထက်တန်း ကျောင်းထွက်သည့် အရွယ်လောက် ရောက်လျှင်ပင် ကျောင်းစာရော ပြင်ပအကြောင်းရပ်များတွင်ပါ နှံ့ စပ်သည့် ဗဟုသုတဟင်းလေးအိုး ကလေးတစ်ယောက်ဖြစ်နေနိုင်ပေ သည်။
အပေါ်ထပ် စာဖတ်ခန်းများ အကြောင်းကို အကျယ်မပြောတော့ပါ။ သူ့မှာ ရိုးရိုးစာအုပ်ဖတ်ခန်း ရှိသည်။ မာလ်တီမီဒီယာ စာဖတ် ခန်းရှိသည်။ ရည်ညွှန်းစာအုပ်ခန်း ရှိသည်။ မိုက္ကရိုဖလင်ဖတ်ရန်နေရာ၊ လက်ပ်တော့ ကွန်ပျူတာအသုံးပြု မည့်သူများအတွက် သီးသန့်နေရာ များရှိသည်။ နေ့စဉ်သတင်းစာမျိုး စုံဖတ်လိုသူများအတွက် သီးခြား အခန်းထားပေးသည်။ သုတရသ စာအုပ်များကို စာကြည့်တိုက်တို့ ထုံးစံအတိုင်း အမျိုးအစားအလိုက် ( ခွဲခြားစီစဉ်ပေးထားသည်။ နှစ်သက်ရာစာအုပ်ကို စာအုပ်စင်များမှယူ၍ ဖတ်ရှုနိုင်သည်။ ငှားရမ်းနိုင်သည်။ ထို့ပြင် စာအုပ်ရိုးရိုးသာမက စီဒီ ရွမ်၊ ဗွီစီဒီ၊ ဒီဗွီဒီ၊ ဗီဒီယိုတိပ် စသည် များပါ ငှားရမ်းပေးနေသည်။ ပုံနှိပ် စာကြည့်တိုက်နှင့် ခေတ်မီအီလက် ထရွန်နစ် စာကြည့်တိုက်တို့ပူးတွဲ ပေးထားသောသဘောပင်။
စာဖတ်သူ လူငယ်လူကြီးများ အတွက် စာကြည့်တိုက်ကဆောင် ရွက်ပေးနေသည့် စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခုအကြောင်းတော့ပြောချင်သည်။ အဲဒါက “စာဖတ် ဝိုင်း' သို့မဟုတ် “စာပေဆွေးနွေး ဝိုင်း” (Book discussion) အစီ အစဉ်ဖြစ်သည်။
စာဝါသနာအိုးများကို ရင့် ကျက်ပြည့်ဝသော စာဖတ်သူများ ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေး သည့် ゞင်းအစီအစဉ်တွင် ပါဝင်ကြ ရန် စာကြည့်တိုက်က စည်းရုံး ဆော်ဩသည့်စာများ ကပ်ထားသည်။
ဥပမာ- စာဖတ်ဝိုင်းမှာ ပါဝင် ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူး များကို ဦးစွာဖော်ပြသည်။ ဆွေး နွေးဝိုင်းမှာ ပါဝင်မည်ဆိုလျှင် စာအုပ်ကို သာမန်ကာလျှံကာမဟုတ် သေသေချာချာဖတ်ဖြစ်သည်။ ဆွေး နွေးဝိုင်းအတွေ့အကြုံရှိလာသည် နှင့်အမျှ စာတစ်အုပ်ကို ချဉ်းကပ် ဖတ်ရှုရာ၌ ပို၍ ကျွမ်းကျင်ပိုင်နိုင် လာမည်။ ဆွေးနွေးသောစာအုပ်၊ ဆွေးနွေးသောအကြောင်းအရာတို့ နှင့်ပတ်သက်၍ အခြားသူများ၏ အထင်အမြင်တွေကိုပါ သိလာရ မည်။ စာကိုစိစစ်ဝေဖန်ပြီး ဖတ် တတ်လာသကဲ့သို့ အခြားသူများနှင့် ပြောဆိုဆွေးနွေးရာ ဆက်ဆံပေါင်း သင်းရာတို့တွင် ပို၍ကျွမ်းကျင်လိမ္မာ လာမည် စသည်ဖြင့်။ ။
စာဖတ်ဝိုင်းမှာ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကိုလည်း ရှင်းလင်းစွာပင် အသိပေးထား သည်။
ဆွေးနွေးမည့်စာအုပ်ကိုမဖတ် ဘဲ ဆွေးနွေးပွဲမတက်ဖို့၊ ဖတ်ရှုပြင် ဆင်ပြီးမှ လာရောက်ဖို့၊ ဆွေးနွေး ဝိုင်းမှာ ငုတ်တုတ်ထိုင်မနေဘဲ ( ကိုယ်တိုင်ပါဝင်ဆွေးနွေးဖို့၊ သို့သော် ကိုယ်ချည်းစွတ်ပြောမနေဘဲ အခြားသူများကိုပါ အလှည့်ပေးဖို့၊ သူ ( တစ်ပါးစကားပြောနေတုန်းဖြတ်ဝင် မပြောဖို့ စသည်များဖြစ်သည်။
ပို၍ တန်ဖိုးရှိသည်က စာဖတ် ဝိုင်းမဝင်မီ ပြင်ဆင်ရန်နည်းလမ်း များပေးထားခြင်းဖြစ်သည်။
တစ်အချက်၊ စာအုပ်ကို သေသေချာချာ ဖတ်ဖို့။ စာအုပ်ကို ဖတ်ရှုနေစဉ်တစ်လျှောက် မိမိ စဉ်း စားမိ သတိပြုမိသည့် အရာများ၊ ဆွေးနွေးပြောဆိုသင့်သည့် အချက် များကို မှတ်စုစာအုပ်မှာ ရေးထား တို့ထား သက်ဆိုင်ရာ စာမျက်နှာ နံပါတ်တွေပါ မှတ်ထားဖို့။ ပြီးလျှင် စာအုပ်ကို တစ်ကိုယ်တည်းအပြန် ပြန်အလှန်လှန် ဝေဖန်စစ်ကြောဖို့။ ဝတ္ထုစာအုပ်ဆိုလျှင် စာရေးသူ၏ အဓိက ဦးတည်ချက်က ဘာ၊ ဝတ္ထု မှာပါသည့် ဇာတ်ဆောင်တွေကို ခွဲ ခြားစိစစ်ပြီး ဘယ်သူ့စရိုက်သဘာဝ က ဘယ်လို၊ စာရေးသူက သည် ဇာတ်ဆောင်မှတစ်ဆင့် ဘာတွေ ပြောဆိုတင်ပြချင်တာ၊ ဝတ္ထုရေးသူ က ဘယ်လိုရည်ရွယ်ချက်နှင့် သူ့ ဇာတ်ပန္နက်ကို ဘယ်လိုဖွဲ့စည်းစီစဉ် ထားတာ၊ သည်စာရေးဆရာပဲ တခြားစာအုပ်တစ်အုပ်မှာ ဘယ်လို ရေးထားတာ၊ သည်စာရေးဆရာနှင့် တခြားဘယ်စာရေးသူတွေ ဘယ် နေရာမှာ အယူအဆချင်း တင်ပြပုံချင်း တူတာမတူတာ စတာတွေ နှိုင်းယှဉ်ဝေဖန်ဖို့။ အဲသည်လိုတွေ လမ်းညွှန်ပေးထားသည်။
စာဖတ်ဝိုင်း စီစဉ်သူများ၏ လမ်းညွှန်ချက်တွေက ပြည့်ဝစုံလင် လှသည်။ စာဖတ်ဝိုင်းဝင်သူတွေ သာမက တစ်ကိုယ်တော် စာဖတ် သမားများအတွက်ပါ အထောက် အကူပြုပေသည်။
စာကြည့်တိုက်က အခန်းတွေ နှံ့စပ်စေ့စုံအောင် လိုက်ကြည့်ရင်း ကျွန်တော် နှစ်သက်အားရနေမိ သည်။ သည်အဆောက်အအုံထဲမှာ အဆင့်မြင့်နည်းပညာသုံး တန်ဖိုး ကြီးပစ္စည်းအချို့ရှိနေတာမြင်သည်။ သို့သော် ငွေကြေးအမြောက်အမြား ရှိမှသာ သည်လို စာကြည့်တိုက်မျိုး - တစ်ခု ထူထောင်နိုင်မည်ဟု ကျွန်တော်မယူဆ။ မိမိအလုပ်တွင် လေးနက်ထက်သန်သော စာကြည့်တိုက်မှူးများနှင့် တက်ကြွသော စာဖတ်ဝါသနာအိုးများစုစည်းမိလျှင် သည်လို သာယာလှပသော စာပေ ဝန်းကျင်မျိုးတစ်ခု ဖန်တီးတည်ဆောက်နိုင်မှာ သေချာသည်ဟုတွေးနေမိသည်။ ။
စာကြည့်တိုက်ကလေးကား နယ်မြေရှိ ကလေးသူငယ် လူကြီး လူငယ်များအတွက် ဦးနှောက်အာဟာရတွေ ကြွယ်ဝပြည့်စုံစွာ ခင်းကျင်းပြင်ဆင်ပေးထားသကဲ့သို့ သည်အာဟာရများကို အကျိုးအရှိ ဆုံး ခံယူစားသုံးတတ်အောင်လည်း လေ့ကျင့်သင်ကြားပေးလျက်ရှိနေ ချေသည်။ ။
ဖေမြင့်

Comments

Popular posts from this blog

ကျမသာ ဆရာမ တစ်ယောက်ဖြစ်ခဲ့လျှင်

ဦးကြီး(သာဝတ္ထိ) လွမ်းချင်းဆရာ ဦးကြီး၏ အတ္ထုပ္ပတ္တိ

ဦးၾကီးကဗ်ာ

“လွမ်းပါဘိ ငယ်ကျွမ်းဝင် “

မေတ္တာသုတ် ပါဠိ-အနက်

မှတစ်ပါး အခြားမရှိပြီ