စာကြည့်တိုက် မှာ အေးချမ်းစွာ စာဖတ်ကြဖို့ပါ။
ပြည်သူလူထုက တစ်ရက်လုပ်မှ တစ်ရက်စား ဆိုရင် စာဖတ်လို့ မရပါဘူး။
ခေတ်လူငယ်တွေ စာဖတ်နေရင် ထမင်းစားရမလား
အလကား အလုပ်မလုပ်ချင်လို့ စာဖတ်ချင်ယောင် ဆောင်နေတာ
အလုပ်မရှိ မကိုင်မရှိမို့ စာဖတ်နေတာ။
မိဘကို မကူညီချင်လို့ စာဖတ်နေတာ။
စာဖတ်မဲ့ အစား ဘာ လုပ်ပါ့လား ညာလုပ်ပါ့လား။
စာဖတ်ခြင်းကို အရေး ကြီးတယ်လို့ မသိသလို။
စာဖတ်ခြင်းကို တန်ဖိုးမထားဘူး။
တန်ဖိုး ရှိတဲ့ အရာတွေ တန်ဖိုးမထားတော့ ။
တန်ဖိုးထားရမယ့် အရာတွေ တန်ဖိုးတက်မလားဘူး။
လူငယ်တွေကို မြေတောင်မြောက်ပေးမယ်။
တန်းဖိုးရှိတဲ့ အနာဂတ် လူသားအရင်းအမြစ်တွေဖြစ်လာအောင်
ခေတ်တစ်ခေတ်ကို ထမ်းဆောာင်နိုင်တဲ့ သားကောင်းရတနာတွေ
သမိးကောင်းရတနာတွေ ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့
လူငယ်တွေ အနာဂတ်အတွက် လူငယ်စင်တာတွေ များများ ရှိအောင်
ကြိုးစားကြပါစို့။
စာဖတ်ရင် ထမင်းစားရမှာလားဆိုတဲ့ မေးခွန်းဖြေဖို့ အလုပ်ကြိုးစားနေပါတယ်။
လေးစားစွာဖြင့်
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
လူငယ့်အားမာန်စာကြည့်တိုက်
Comments
Post a Comment