ပန်း ပန် ဖို့ အပြိုင်ပေးကြသော ရွာကလေး
အင်္ဂလိပ်စာ တစ်လ တာ သင်တန်းအတွက် ရန်ကုန်မြို့ ဆရာကြီး ဦးမြကြိုင် CoC ပညာဒါနသင်တန်း ဆရာမ များ မှ မိုင်ပေါင်းဝေးကွာလှသော ရွှေဘိုဖက်မြောက်ခြမ်းဆီသို့ အပင်ပန်းခံကာ လာရောက် သင်ကြားပေးပါသည်။ လာရောက်သည့်နေမှ စ၍ ယနေ့ထိဆိုလျှင် ၁၆ ရက်မြောက်နေ့ ထိ ပျက်ကွက်သူ မရှိသလောက် နည်းပါးကာ အင်္ဂလိပ်စာကို စိတ်ဝင်စားစွာ တက်ရောက်ကြပါသည်။
တစ်ရက် နှင့် တစ်ရက် တိုးတက်လာသော ကလေးငယ်များကို ကြည့်ကာ ဦးဆောင်သူတွေရော ဆရာမတို့ပါ ကျေနပ်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ အရှိန်အဟုန်ဖြင့် တိုးတက်ဖို့ တာစူ နေသော ရွာကလေးတွင် ချစ်စဖွယ်ကလေးများဧ။်တန်ဖိုး ချစ်ခြင်းမေတ္တာတရားက ပို၍ ပေါ်လွင်နေပါသည်။
ကလေးငယ်များသည် မိမိတို့ အင်္ဂလိပ်စာ ဆရာမ များကို ပန်းပေးခြင်း နှုတ်ခွန်းဆက် ချစ်ဖွယ်စကားဆိုခြင်းဖြင့် ယဉ်ကျေးဖွယ် အနာဂတ်သားကောင်းသားမြတ်ရတနာအဖြစ် ဆရာများကို ပြောဆို ဆက်ဆံပုံမှာ ကျေနပ် ကြည်နှုးဖွယ်ဖြစ်ရပါသည်။ တည်ငြိမ်းအေးဆေးလှသော ရွာကလေးသည် မျိုးဆက်တစ်ခု အပြောင်းအလဲအတွက် မမိတ်မသုန် ကြိုးပမ်းရင်း ပန်းပေးဖို့ အလှမ်းမဝေးခဲ့ပါလေ။
လူငယ့်အားမာန်စာကြည့်တိုက်
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ
Comments
Post a Comment