“လေးထမ်းတဲ့ဖေ “
အခုနောက်ဆုံးတစ်ပုဒ်ကတော့ ထူးခြားတဲ့ ကဗျာလေးလို့ပြောရင် ရပါတယ်။ အိမ်အတွက် ဟင်းစားရှာတဲ့ မုဆိုးတစ်ယောက်အကြောင်းကို ဖွဲ့ဆိုထားတာပါ။ ဒီကဗျာလေးက ငယ်ငယ်တုန်းက ကျောင်းမှာ သင်ခဲ့ရတဲ့ကဗျာလေးလဲဖြစ်ပါတယ်။ “လေးထမ်းတဲ့ဖေ “ တောင်ခါးပန်းရယ်နှင့် ခင်တန်းကုန်းငယ်မြောင်၊ ကျော့ကွင်းကိုထောင်သည် ခွေးညီနောင် တခင်ခင်နှင့်၊ ယုန်ရှင်ကို ဖမ်းခဲ့ပ လေးထမ်းတဲ့ သည်ဖေကို၊ တဲအိမ်နေကြင်သူက တအူအူ ဟစ်ခေါ်လို့၊ အမှာတော်ပါးလိုက်ရှာတယ်လေး။ အိမ်ကိုပြန်လျှင် အကျွန် ကျွနုပ် ၊ ယုန်တဆုပ် ကို ခွာဆုတ်ရေလှန်၊ ကျပ်ခိုးခံလို့ ။ ပန်းရန်နဝါ ရွက်နုညှာကို ၊ ဝါးပြာထည့်ကျို အိုးနားတိုနှင့်၊ ခပ်ချိုညစ်တေ ဆောင့်ကြောင့်ထိုင်မွှေလိုက်တယ်၊ ချိုပေစွ ဟင်းချိုကို စလောင်းတိုအခြေပဲ့ရယ်နှင့်၊ အာခေါင်မှာ ပူအောင်ထဲ့လို့ မျိုလှဲ့ကွဲ့လေး။